"အဖြူကဘယ်သွားချင်လို့လဲ။"
"ညဈေးတန်းက မုန့်တစ်ခုခုဝယ်ပြီး မမနွယ်ရဲ့အိမ်မှာအေးအေးဆေးဆေးစားချင်တယ်။"
"ဒါဖြင့်ရင် မမနွယ်တို့ဘာဝယ်သွားကြမလဲ။"
"အဖြူက အသုပ်လေးနဲ့ထမင်းဖြူလေးနဲ့စားချင်တယ်။အဲ့တော့အသုပ်တစ်မျိုး နှစ်မျိုးလောက်ဝယ်သွားကြမယ်လေ။မမနွယ်ကရော ဘာစားချင်လဲ။"
"မမနွယ်က အထွေအထူးစားချင်တာရယ်လို့မရှိပါဘူးကွယ်။အဖြူကသာ အသုပ်စားချင်တယ်ဆိုရင် ဝယ်မစားပါနဲ့ကွယ် မမနွယ်ကအဖြူ့ကို ကိုယ်တိုင်သုပ်ကျွေးပါ့မယ်။"
"အို တကယ်လားမမနွယ်။"
"နှစ်ကယ်..နှစ်ကယ်.. ကဲ မမနွယ်ကို သေချာကိုင်ထားနော်။"
နွယ်လဲ ထိုသို့ပြောပြီးသည်နှင့် စက်ဘီးကလေးအား
နွယ့်၏အိမ်ရှိရာသို့တရွေ့ရွေ့ကလေးနင်းလာလိုက်သည်။အဖြူ့၏လက်သွယ်သွယ်လေးများသည် နွယ့်ခါးအားတင်းကြပ်စွာဖက်ထားသည်မို့ စက်ဘီးနင်းရင်းဖြင့်ပင်နွယ်သိပ်ရင်ခုန်နေမိပါသည်။အဖြူ့၏အပြုအမူများကြောင့် နွယ့်ခံစားချက်များအားဆက်မထိန်းချုပ်နိုင်တော့မှာကို နွယ်စိုးရိမ်မိပါသည်။စက်ဘီးကလေးအား နာရီဝက်အကြာနင်းပြီးနောက် နွယ့်၏အိမ်ကလေးရှိရာသို့ ရောက်လာကြပါသည်။နွယ်လဲစက်ဘီးလေးအားရပ်ပြီးနောက် ခြံတံခါးလေးအားတွန်းဖွင့်ကာ ခြံအတွင်းသို့ စက်ဘီးကလေးတွန်း၍ဝင်လာလိုက်သည်။ဖြူကတော့ မမနွယ်၏စက်ဘီးနောက်ခုံကလေးအားကိုင်ကာ မမနွယ်၏ခြံဝန်းလေးအားတအံ့တဩကြည့်ရင်းဖြင့်ပင်လိုက်ပါလာသည်။မမနွယ်၏ခြံဝန်းလေးသည် သိပ်မကျယ်လှ သို့သော်သိပ်လဲမကျဉ်းပေ အနေတော်အကျယ်အဝန်းလေးရှိသည်။ထို့ပြင်ခြံဝန်းလေးထဲတွင် ပန်းပင်ကလေးများစုံလှသည်။အများဆုံးမှာတော့ နှင်းဆီပန်းပင်များပင်။မမနွယ်၏ခြံထဲတွင်နှင်းဆီပန်းရောင်စုံသည်မြိုင်မြိုင်ဆိုင်ဆိုင်ပင်ဖူးပွင့်နေသည်။ခြံဝန်းလေးထဲသို့ဝင်လိုက်သည်နှင့် နှင်းဆီပန်းရနံ့များသည် နှာခေါင်းဝသို့တိုးဝင်လာသည်။ထို့ပြင်မမနွယ်၏ခြံဝန်းထဲတွင် ကြီးမားသည့်ပိတောက်ပင်ကြီးတစ်ပင်လဲရှိသေးသည်။ပိတောက်ပင်ကြီးမှာမြင့်မားစွာတည်ရှိပြီးအရိပ်ကလည်းကောင်းလှသည်။ခြံဝန်းလေးထဲတွင် ပန်းပင်များသည်နေရာမလပ်ရှိနေသည်။ပန်းပင်များကြားတွင်တော့ ရေနံချေးများဝအောင်သုတ်ထားသောတစ်ထပ်အိမ်သေးသေးလေးတစ်ခုကတည်ရှိနေသည်။အိမ်လေးသည် သပ်ရပ်ကာလှပနေသည်။မမနွယ်နှင့်အတူ ဖြူတို့ခြံဝန်းလေးထဲသို့အနည်းငယ်လမ်းလျှောက်ပြီးနောက် ရေနံချေးများပြည့်ဝနေသောတစ်ထပ်အိမ်ကလေးအတွင်းသို့ရောက်လာခဲ့သည်။အိမ်၏အတွင်းပိုင်းလေးမှာသပ်ရပ်ကာလှပနေသည်။မမနွယ်၏အိမ်တွင် ပရိဘောဂများသိပ်မတွေ့ရ။မမနွယ်၏အိမ်တွင်းပြင်ဆင်မှုသည်ရိုးရှင်းလွန်းသည်။အိမ်၏အနောက်ဘက်တွင် မီးဖိုခန်းရှိပြီး အရှေ့ဘက်တွင်တော့ စားပွဲနှင့်ကုလားထိုင်နှစ်ခုချထားသောနေရာတစ်ခုရှိသည်။
ထိုနေရာ၏မျက်နှာချင်းဆိုင်ဘက်တွင်တော့ အခန်းတစ်ခုကိုတွေ့ရသည်။မမနွယ်၏အခန်းဖြစ်မည်ဟုပင် ဖြူထင်မိပါသည်။မီးဖိုခန်း၏ဘေးတွင်တော့အခန်းတစ်ခုအားထပ်တွေ့ရသည် ရေချိုးခန်းပင်ဖြစ်လောက်မည်။မမနွယ်၏အိမ်တွင် ပရိဘောဂများသိပ်မတွေ့ရသော်လဲ စာအုပ်များကိုသပ်ရပ်စွာစီထည့်ထားသောစာအုပ်စင်တစ်ခုနှင့် စာအုပ်စင်၏ဘေးတွင် အနည်းငယ်ကြီးမားသောပန်းချီကားတစ်ချပ်ကိုတော့ အိမ်၏အရှေ့ဘက် ထိုင်ခုံများချထားသောနေရာနားတွင် တွေ့ရသည်။စာအုပ်စင်ထဲတွင်တော့ ပန်းပင်များနှင့်ဆိုင်သောစာအုပ်များနှင့် ဝတ္ထုစာအုပ်အနည်းငယ်အားတွေ့ရသည်။။ထိုစာအုပ်စင်ကိုကြည့်ခြင်းအားဖြင့် မမနွယ်သည်စာဖတ်သိပ်ဝါသနာပါသူဖြစ်မည်ဟု ဖြူအတပ်ပင်ခန့်
မှန်းနိူင်သည်။ထို့နောက် စာအုပ်စင်ဘေးတွင်ရှိသည့် ပန်းချီကားဆီသို့ အကြည့်ရောက်မိသည်။ပန်းချီကားမှာနှင်းဆီပန်းစည်းတစ်ခုအား တစ်စုံတစ်ယောက်၏လက်တစ်စုံမှကိုင်ထားပုံကိုရေးဆွဲထားခြင်းဖြစ်သည်။နှင်းဆီပန်းစည်းအားကိုင်ဆောင်ထားသောသူသည် အမျိုးသမီးတစ်ဦးပင်ဖြစ်သည်။သို့သော်ထိုအမျိုးသမီး၏နောက်ကျောပုံရိပ်ကိုသာရေးဆွဲထားသည်မို့ ထိုအမျိုးသမီးမှာမည်သူမှန်းတော့ခန့်မှန်း၍မရပေ။ထိုပန်းချီကားမှာသိပ်ကိုပင်လှပကာအသက်ဝင်သည်။ဖြူသည် ပန်းချီကားအားတစ်လှည့် မမနွယ်အားတစ်လှည့်ကြည့်ကာ

YOU ARE READING
မြနွယ်ရုံနှင့်နှင်းဆီဖြူ (သို့မဟုတ်) ၁၉၈၀အတ္ထုပတ္တိ
Romansa"ဘာတွေများတွေးနေတာလဲ နွယ့်ရဲ့အမျိုးသမီးလေးရဲ့။" "အို ဘယ်လိုတောင်ခေါ်လိုက်တာလဲ ရှက်ရအောင်။" "မရှက်ပါနဲ့ကွယ်။နွယ့်ရဲ့အမျိုးသမီးလေးမလို့ အမျိုးသမီးလေးလို့ခေါ်လိုက်တာကိုကွယ်။"