အခန်း(၄)

49 3 0
                                    

အဖြူအမဲပိတ်ကားဖြင့်ပြသနေသော ဝင်းဦးနှင့်ခင်သန်းနုတို့၏မောင်တို့ချယ်ရီမြေဇာတ်ကားကိုကြည့်နေရသော်လဲ ဖြူ့စိတ်များသည် ဇာတ်ကားထဲ၌မရှိပဲအပြင်တစ်နေရာသို့သာပျံ့လွင့်နေမိသည်။မင်းသမီးနှင့်မင်းသား၏သရုပ်ဆောင်ပုံများကိုလဲဖြူစိတ်မဝင်စားမိ၊ဇာတ်လမ်းအကြောင်းအရာများကိုလဲဖြူစိတ်မဝင်စားမိပါ။ထို့ပြင် ဖြူ့ဘေးနား၌ထိုင်ကာ ရုပ်ရှင်ကြည့်လျက် ဖြူ့အားစကားပြောနေသော ကိုခန့်နောင်၏စကားများကိုလဲစိတ်မဝင်စားမိပေ။ကိုခန့်နောင်သည်ဇာတ်ကားကြည့်သည်ထက် ဖြူ့အားစကားပြောသည်မှာပိုများနေသည်။ကိုခန့်နောင်အားကြည့်ရသည်မှာဇာတ်ကားအပေါ်လဲစိတ်ဝင်စားမှုမရှိလောက်ပေ။ဖြူ့၏စိတ်များသည်လဲ ပျံ့လွင့်နေမိသောကြောင့် ကိုခန့်နောင်၏စကားများအား ကြားတစ်ချက် မကြားတစ်ချက် ဖြေတစ်လှည့် မဖြေတစ်လှည့်ပင်။ဤသို့ဖြင့် နှစ်နာရီခန့်မျှအကြာတွင် ရုပ်ရှင်လဲပြီးသွားကာ ဖြူတို့လဲ အိမ်ပြန်ရန်ပြင်လိုက်ကြသည်။ဖြူတို့၏ကားလေးသည်ရုပ်ရှင်ရုံမှတရွေ့ရွေ့ဖြင့်ထွက်ခွာလာခဲ့သည်။ဖြူသည် ကားပြတင်းဘက်သို့မျက်နှာမူကာ လမ်းအပြင်ဘက်သို့ခပ်ဆွေးဆွေးပင်ကြည့်၍လိုက်ပါလာခဲ့သည်။ကိုခန့်နောင်သည် ကားမောင်းရင်းဖြင့်ပင် ဖြူ့ဘက်လှည့်ကာ

"နှင်းဆီ မျက်နှာလဲမကောင်းပါလား နေများမကောင်းလို့လားဟင်။"

"ဖြူနေကောင်းပါတယ်ကိုခန့်နောင်။"

"သေချာရဲ့လားနှင်းဆီရယ်။"

"သေချာပါတယ်။"

"ဒါဖြင့်မျက်နှာကဘာကြောင့်များမရွှင်လန်းရတာလဲနှင်းဆီရဲ့။"

"ပွင့်ပွင့်လင်းလင်းပြောရရင် ဖြူဒီနေ့ကိုခန့်နောင်ကိုသိပ်စိတ်ဆိုးမိပါတယ်။"

"ဘာကြောင့်များလဲနှင်းဆီ။အကို နှင်းဆီမကြိုက်တာဘာများလုပ်မိသွားလို့လဲဟင်။"

"ကိုခန့်နောင်ကဘာလုပ်မိသလဲဆိုတာ ကိုယ်ကိုယ်တိုင်မသိဘူးလား။"

"အကို နှင်းဆီကိုရုပ်ရှင်လိုက်ကြည့်ဖို့အတင်းခေါ်မိတာကြောင့်လား။"

မြနွယ်ရုံနှင့်နှင်းဆီဖြူ (သို့မဟုတ်) ၁၉၈၀အတ္ထုပတ္တိWhere stories live. Discover now