အခန်း(၁၉)(ဇာတ်သိမ်းပိုင်း)

144 3 0
                                    

တစ်နှစ်ကြာပြီးနောက်....

အချိန်တွေသာ ကုန်ဆုံးသွားပေမယ့် အဖြစ်အပျက်အားလုံးသည် ဖြူ့အတွက်တော့ မနေ့တစ်နေ့ကလိုပင်။ဖြူသည် မမနွယ်၏နောက်ဆုံးခရီးဘယ်လိုဖြစ်သွားရသည်ကို အခုချိန်ထိပင်မသိခဲ့ရပေ။ဖေဖေနှင့်ကိုခန့်နောင်သည် ဖြူ့အား မမနွယ်၏ နောက်ဆုံးခရီးအတွက် သူတို့သေချာ စီစဉ်ပေးလိုက်ပါသည်ဟူသော စကားမှလွဲ၍ တခြားဘာတစ်ခွန်းမျှပင်ထပ်မပြောပြခဲ့ပါ။မမနွယ် မရှိတော့သည့် ဖြူ့ဘဝသည် သိပ်ကိုအထီးကျန်ဆန်လှသည်။‌ဖေဖေ့အိမ်သို့ ပြန်‌ရောက်ပြီး တစ်လလောက်အကြာတွင် ဖြူသည် ကိုခန့်နောင်နှင့်လက်ထပ်ခဲ့ရသည်။လက်ထပ်ပြီးနောက် ကိုခန့်နောင်သည် ဖြူ့အပေါ် အရင်ကထက်ပို၍ပင် ဂရုစိုက်ရှာပါသည်။အရင်ထက်လဲဖြူ့အား ပို၍ချစ်ရှာပါသည်။ဖြူ့အား အမြဲအလျော့ပေးကာ ဖြူ့အကြိုက်လိုက်ရှာသည်။ဖြစ်ခဲ့ရသောကိစ္စရပ်များကြောင့် အမြဲအားနာစိတ်ဖြစ်ကာ ဖြူ့အပေါ်တောင်းပန်ရှာသည်။ဖေဖေလဲထို့နည်းတူပင် ဖြူ့အား စိတ်ရောကိုယ်ပါသေအောင်လုပ်ပြီးကာမှ ဖြူ့အ‌ပေါ်ကောင်းပေးသည့်ပုံစံများပြနေသည်။ဖြူ့အကြိုက်အမြဲလိုက်ကာ ဖြူ့စိတ်တိုင်းကျနေစေသည်။ဖေဖေနှင့် ကိုခန့်နောင်တို့ ဖြူ့အပေါ် ကောင်းမွန်စွာဆက်ဆံသော်လဲ ဖြူသည် ထိုဆက်ဆံမှုများကို အတုအယောင်များဟုသာထင်မိသည်။ဖေဖေ့ကိုလဲခွင့်လွှတ်၍မရသလို ကိုခန့်နောင်ကိုလဲခွင့်လွှတ်၍မရပါ။သူတို့ကြောင့်သာ ဖြူ့၏ပျော်ရွှင်နေရသော ဘဝကလေးသည် ပျက်စီးခဲ့ရသည်။ဖြူနှင့် မမနွယ်၏ကမ္ဘာငယ်လေးသည် ပြိုကွဲခဲ့ရသည်။ယခု ဖြူ့၏ ကမ္ဘာသည် အမှောင်အတိဖြစ်နေသည်။အမှောင်ကျနေသော ဖြူ့၏ကမ္ဘာတွင် အမေအရင်းလဲ မရှိတော့ပေ။ဖြူ့၏မေမေအရင်းသည် ဒေါ်မြတ်ယွန်းသွယ်မဟုတ်ပဲ မယ်ယဉ်သာဖြစ်နေခဲ့သည်ကို ဖြူနောက်ကျမှသိခဲ့ရသည်။လွန်ခဲ့သောနှစ်လခန့်လောက်ကပင် ဒေါ်မြတ်ယွန်းသွယ်နှင့်ဖေဖေတို့အကြီးအကျယ်စကားများကာကွာရှင်းခဲ့ကြသည်။ဖေဖေတို့နှစ်ယောက်အကြီးအကျယ်ရန်ဖြစ်ကြရင်းမှသာ ဖြူသည် မေ့မေ့အကြောင်းများကိုဂဂနနသိခဲ့ရသည်။ဖြူသိပြီးသည့်အချိန်တွင်တော့ မေမေသည်လောကကြီးထဲမယ်မရှိတော့ပါလေ။မေမေသည် ဖြူအိမ်သို့ပြန်မရောက်ခင်အချိန်တွင်းမှာပင် နှလုံးရောဂါနှင့်ဆုံးသွားသည်ဟု ဖေဖေက နောက်မှ ပြောပြလာခဲ့သည်။ဖေဖေသည် အပြစ်များစွာပြုလုပ်ပြီးမှသာ ဖြူ့ဆီကခွင့်လွှတ်မှုများလဲ တောင်းခံနေသေးသည်။ဖြူ့ဖေဖေ့ကိုသိပ်မုန်းသည်။ဖေဖေ့အားသိပ်နာကျဉ်းမိသည်။ဖေဖေသည် ဖြူ့အတွက်နတ်ဆိုးသာသာမျှသာဖြစ်သည်။‌ဖြူဖေဖေနှင့်ဝေးရာသို့အပြီးတိုင်သာထွက်သွားချင်သည်။ဖြူ လူ့လောကကြီးကိုအပြီးတိုင်စွန့်ခွာသွားလိုက်ချင်တော့သည်။ဖြူသည် အမြဲတမ်းသေဖို့အတွက်ကြိုးစားခဲ့မိသည်။ဒါပေမယ့် ကံကြမ္မာသည် ဖြူ့အားဘယ်တော့မှမျက်နှာသာမပေးခဲ့။သို့သော် အခုချိန်များတော့ ကံကြမ္မာကဖြူ့ကို မျက်နှာသာပေးတော့မည်ထင်သည်။ဖြူ ဒီနှစ်အတွင်းဆေးလိပ်များစွာကိုအဆက်မပြတ်ရှိုက်ဖွာခဲ့သည်။ဖြူသည် အချိန်တိုင်း ဆေးလိပ်များကိုသာမက်မက်မောမောသောက်ခဲ့သည်။ဖေဖေနှင့်ကိုခန့်နောင်သည် ဖြူ့အားဆေးလိပ်များမသောက်ရန် တားဆီးသော်လဲ ဖြူသည်လမည်သူ့ကိုမျှဂရုမစိုက်ပဲ သောက်မြဲသောက်ခဲ့သည်။အချိန်ကာလတစ်ခုအကြာတွင်‌တော့ ဆေးလိပ်အလွန်အကျွံသောက်ခြင်းကြောင့် ဖြူ့၏အဆုတ်သည် ဆိုးရွာစွာထိခိုက်လာခဲ့သည်။ဖေဖေနှင့်ကိုခန့်နောင်သည် ဖြူ့ရောဂါအား ကြိုးစားကုသပေးသော်‌လဲ ရောဂါသည် ကျွမ်းနေပြီမို့ ဆရာဝန်ကိုယ်တိုင်ကပင်လက်လျော့ ထားခဲ့သည့် အခြေအ‌နေသို့ ရောက်ရှိခဲ့သည်။ရောဂါ အခြေအနေကြောင့်မျက်တွင်းများသည် တဖြေးဖြေးပင်ညိုလာသည်။ဖြူသည် ရောဂါအခြေအနေဆိုးရွားလေ သေဖို့တစ်ရက်နီးလာလေဖြစ်သည်မို့ သိပ်ကိုပျော်မိသည်။သေရဖို့ကိုပင် နေ့ရက်တိုင်းစောင့်မျှော်နေမိသည်။ယခုဖြူနေထိုင်ရမည့်အချိန်သည် သိပ်မရှိတော့ဘူးဟုဖြူထင်မိပါသည်။ဖြူ့၏ရောဂါသည်တစ်နေ့တခြားပိုပိုပင်ဆိုးရွားလာပါသည်။ယနေ့လဲ ဖြူသည် ပါးစပ်မှ သွေးအမဲများပြန်အန်ထွက်နေသည်။ဒီနေ့တော့သွေးအန်တာများသောကြောင့်ဖြူ အရင်ကထက်ပင်ပိုအားပြတ်နေသည်။ထို့ပြင် မျက်လုံးများမှာလဲဝေဝါးကာ ဘာကိုမှထင်ထင်ရှားရှားမမြင်ရတော့ပေ။ဖြူ့ကို မမနွယ်လာခေါ်နေပြီထင်သည် ဖြူ့နား၌ မမနွယ်၏အသံချိုချိုကလေးများကို သဲ့သဲ့ကြားနေရသည်။ဟုတ်သည် ဖြူ့ကို မမနွယ်လာခေါ်နေတာမှန်လောက်သည် ဖြူသည် မမနွယ်၏ အသံတင်မဟုတ် မမနွယ်၏ရုပ်လေးပါဖြူမြင်နေရသည်။မမနွယ်သည် သိပ်ကိုလှနေသေးသည်။မမနွယ်သည် ဖြူ့အားလက်ကမ်း‌၍ခေါ်နေသည်။ဖြူသည် မမနွယ်၏အသံအပြင် ဖေဖေ့အသံ၊ကိုခန့်‌နောင်အသံနှင့် အခြားသူများ၏အသံများကိုလဲဆူညံစွာကြားနေရသည်။ဖြူနှင့်မမနွယ်ကို ခွဲဖို့များဖေဖေတို့ရောက်လာကြသည်ထင်သည်။ဖြူဒီတစ်ခါတော့မမနွယ်အားလက်လွှတ်မခံနိုင်တော့ပါ။မမနွယ်ရှိရာသို့ဖြူ မရောက် ရောက်အောင်သွားမည်။ မမနွယ်ရှိရာသို့ပြေး၍ မမနွယ်၏လက်ကလေးအားဆုပ်ကိုင်လိုက်ချိန်တွင် ဖြူသည် ကမ္ဘာသစ်တစ်ခုကိုရောက်သွားသလိုပင် အလွန်လွတ်လပ်ပေါ့ပါးသွားခဲ့ရသည်။မမနွယ်သည် ဖြူ့အားပန်းခင်းကြီးတစ်ခုဆီသို့ခေါ်ဆောင်သွားခဲ့သည်။ဖြူသည် မမနွယ်နှင့်အတူ အဆုံးမရှိသောပန်းခင်းကြီးထဲ၌ ကြည်နူးစွာလမ်းလျှောက်နေခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Aug 23, 2023 ⏰

Add this story to your Library to get notified about new parts!

မြနွယ်ရုံနှင့်နှင်းဆီဖြူ (သို့မဟုတ်) ၁၉၈၀အတ္ထုပတ္တိWhere stories live. Discover now