အခန်း(၁၁)

37 2 0
                                    

မမနွယ်နှင့်ဖြူတို့၏ချစ်သူသက်တမ်းမှာသုံးလပင်ကျော်လာခဲ့သည်။မမနွယ်၏အချစ်တို့နှင့်အတူဖြတ်သန်းခဲ့ရသောသုံးလကျော်အချိန်ကာလလေးသည်သိပ်ကိုပျော်ရွှင်စရာကောင်းသည်။ဖြူသည်နေ့တိုင်းမမနွယ်၏ပန်းဆိုင်လေးသို့သွားကာ မမနွယ်နှင့်အတူအချိန်များကုန်တတ်သည်။ပန်းဆိုင်လေးတွင် မမနွယ်နှင့်အတူပန်းအော်ဒါများကူပေးလိုက်၊အလုပ်လုပ်နေသောမမနွယ်အားဘေးကနေတစိမ့်စိမ့်ကြည့်ကာ ချစ်စကားများဆိုလိုက်စသည့်အပြုမူများ‌သည် ဖြူ့၏နေ့စဉ်အပြုမူတစ်ခုလိုပင်ဖြစ်နေတော့သည်။တချို့အချိန်များတွင်မမနွယ်သည် ပန်းဆိုင်လေးအားနေ့တဝက်ပိတ်ကာ ဖြူနှင့်အတူ စက်ဘီးကလေးဖြင့်မြို့အနှံ့လျှောက်လည်ဖြစ်ကြသည်။မမနွယ်နင်းသောစက်ဘီးနောက်မှ မမနွယ်၏ခါးသိမ်သိမ်လေးအားမှီတွယ်ကာလိုက်စီးရသောအချိန်အပိုင်းခြားလေးသည်ဖြူ့အတွက်တော့ဘာနှင့်မျှမလဲနိုင်။တစ်ခါတစ်ရံတွင်မမနွယ်သည် ဖြူနှင့်အတူမုန့်များလုပ်စားကြသည်။ထိုသို့မုန့်လုပ်စားရာတွင်လဲ ဘာမှမလုပ်တတ်သောဖြူသည် မမနွယ်အားဟိုရှုပ်သည်ရှုပ်ပင်လုပ်တတ်ပါသေးသည်။ထိုအခါမျိုးတွင် မမနွယ်သည် ဖြူ့အား မျက်စောင်းကလေးချီကာ "အဖြူရယ် စားပွဲဘေးမှာအသာထိုင်စမ်းပါကွယ်"ဟူ၍ခပ်ဆတ်ဆတ်ကလေး‌ ဟောက်တတ်သည်။မမနွယ်၏မျက်စောင်းချီကာ ခပ်ဆတ်ဆတ်ကလေးဟောက်သောအမူယာလေးသည် သိပ်ကိုချစ်စဖွယ်ကောင်းသည်ပြောလျှင် ဖြူ့ကို အပိုပြောရာကြသည်ဟုထင်ချင်ထင်ကြလိမ့်မည်။သို့သော် ဖြူ့အတွက်တော့ထိုအမူယာလေးသည် သိပ်ကိုချစ်စဖွယ်ကောင်းသည်။ဖြူအလှပြင်ရင်းဖြင့်ရောက်တတ်ရာရာတွေးတောနေမိတာကြောင့်အချိန်များအတော်ပင်လင့်ကုန်ပြီ။ဖြူသည် မနက်အစောကြီးထဲကထကာမှန်တင်ခုံရှေ့၌အလှပြင်ကာအချိန်ကုန်‌နေမိသည်။အကြောင်းမှာတော့ ဒီနေ့သည် မမနွယ်၏မွေးနေ့ဖြစ်၍ဘုရားသွားကြမည်ဖြစ်သောကြောင့် အလှဆုံးဖြစ်စေရန် ပြင်ဆင်နေခြင်းဖြစ်သည်။အဖြူသည် ဆင်စွယ်ရောင်ဝမ်းဆက်ကလေးအားဝတ်ဆင်ကာ အဖြူရောင်ဖိနပ်အပါးကလေးအားစီးလိုက်သည်။ထို့နောက်ဆံပင်လေးအားတစ်ဝက်စီးကာတစ်ဝက်ကိုဖြန့်ချထားသည်။မျက်နှာချေမှုန့်အနည်းငယ်ထပ်ကာ ဆိုးဆေးကူစရာမလိုပဲ ပန်းရောင်သန်းနေသောနှုတ်ခမ်းလေးအား အနီရောင်ရှိသည့်နှုတ်ခမ်းနီလေးအားအနည်းငယ်ဆိုးလိုက်သည်။ထို့နောက် မိမိကိုယ်ကိုမိမိမှန်ထဲတွင်လှည့်ကြည့်ကာ စိတ်တိုင်းကျပြီဆိုကာမှ စားပွဲပေါ်တွင်တင်ထားသော ဘူးအသေးလေးတစ်ခုကိုယူကာ မမနွယ်ရှိရာသို့ထွက်လာခဲ့လိုက်သည်။ဒီနေ့တော့ဖြင့် ဖြူ ကိုခန့်နောင်အားမခေါ်ထားပါ။ပုံမှန်ဆိုလျှင် မမနွယ်ဆီသို့သွားရန် ကိုခန့်နောင်အားလိုက်ပို့ခိုင်းရမြဲပင်။ထိုသို့လိုက်ပို့ခိုင်းရခြင်းမှာလဲ ဖေဖေသံသယမဝင်စေရန်အတွက် ကိုခန့်နောင်အားအသုံးချရခြင်းပင်ဖြစ်သည်။သို့သော် ဖြူ ကိုခန့်နောင်အား အားမနာနိုင်ပါ။အကြောင်းမှာ ကိုခန့်နောင်သည် ဖြူ့အားပန်းဆိုင်သို့လိုက်မပို့ခင် အမြဲလိုလိုသူ့အတွက်အချိန်တစ်နာရီကျော်လောက် အချိန်ပေးရသည်။ဖြူသည် မမနွယ်ကိုနေ့တိုင်းတွေ့ရရန် ကိုခန့်နောင်နှင့် ထိုသို့သဘောတူညီမှုကိုယူထားခဲ့ရသည်။ထိုတစ်နာရီကျော်အချိန်တွင် ဖြူသည် ကိုခန့်နောင်နှင့်အတူ ဆိုင်တစ်ဆိုင်သို့အတူသွားကာတစ်ခုခုစားလျှင်စား ၊ မဟုတ်လျှင်လဲဈေးဝယ်တူတူထွက်ခြင်း၊ တစ်ခါတစ်ရံရုပ်ရှင်အတူတူကြည့်ပေးရင်းအချိန်ကုန်ရသည်။ထိုသို့အချိန်ကုန်ပေးပြီးမှသာ မမနွယ်ဆီသို့သွားရသည်။ဖြူသည်ကိုခန့်နောင်နှင့်အတူ အမြဲသွားသွားလာလာမလုပ်ချင်သော်လဲ မမနွယ်နှင့်နေ့တိုင်းတွေ့ရဖို့သာအရေးကြီးသည်မို့ ဖြူသည်းခံကာနေခဲ့ပါသည်။ထို့ပြင် ဤသို့ကိုခန့်နောင်နှင့်အတူအမြဲသွားသွားလာလာရင်းရင်းနှီးနှီးပုံစံကိုမြင်သော ဖြူ့၏ဖေဖေသည် ဖြူနှင့်ကိုခန့်နောင်၏မင်္ဂလာကိစ္စအားအရင်လိုအစောတလျင်ပင်မစီစဉ်တော့ပေ။ထို့ကြောင့် ဤလုပ်ရပ်သည်ဖြူ့အတွက်တော့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပင်ဖြစ်သည်။အတွေးများရင်းစက်ဘီးကလေးနင်းလာလိုက်သည်မှာမမနွယ်၏အိမ်ရှေ့ကိုပင်ရောက်လာခဲ့သည်။ဖြူလဲ အိမ်ရှေ့ဘေးတစ်နေရာ၌ စက်ဘီးလေးအားဒေါက်ထောက်လိုက်ကာ မမနွယ်ထွက်အလာကိုစောင့်နေလိုက်သည်။ငါးမိနစ်လောက်အကြာတွင် မမနွယ်သည် အိမ်ထဲမှထွက်လာ၍ ဖြူရှိရာဆီသို့ခပ်သွက်သွက်ကလေးလျှောက်လာကာ

မြနွယ်ရုံနှင့်နှင်းဆီဖြူ (သို့မဟုတ်) ၁၉၈၀အတ္ထုပတ္တိWhere stories live. Discover now