အပိုင်း(၅)Unicode

385 42 5
                                    

"ကျွန်တော်ပြန်ရောက်ပါပြီ "

Matthewက အိမ်ထဲဝင်ကာဖိနပ်ချွတ်ရင်း ပြန်ရောက်ပြီဖြစ်ကြောင်းအသံပေးလိုက်သည်။

"အဖွားမြေးလေးပြန်ရောက်ပြီလား ၊ မင်းအစ်ကိုကိုထမင်းစားဖို့သွားခေါ်လိုက်ပါဦးပြန်လာကတည်းက အခန်းထဲကနေတစ်ချက်မှထွက်မလာသေးဘူး "

"ဟုတ်ကဲ့  ကျွန်တော်သွားခေါ်လိုက်မယ် အဖွားကင်မီဆုရဲ့မြေး
လည်းပါလာတယ် ထမင်းတူတူစားဖို့ခေါ်လာတာ "

Matthewက အဖွားကိုလှမ်းပြောပြီးတာနဲ့ jiwoongဘက်လှည့်ကာ

"အဖွားက ခင်ဗျားကိုသိတယ် မီးဖိုခန်းထဲဝင်သွားလိုက် ၊
ကျွန်တော်အပေါ်ကိုတစ်ချက်သွားလိုက်ဦးမယ် "

ဒီအိမ်ထဲကိုဝင်လာတာနဲ့ ခံစားရတာက နွေးထွေးမှုပဲ
မျက်နှာချင်းမတွေ့ရသေးပေမယ့် အချင်းချင်းပြောတဲ့
စကားသံတွေထဲမှာချစ်ခင်မှုတွေအပြည့်နဲ့ မိသားစုဆိုတာ ဒါမျိုးပဲ။
ကျွန်တော်အိမ်မှာနေတုန်းက မိသားစုဝင်တွေနဲ့ ထမင်းလက်ဆုံစားဖို့ခက်ခဲတယ် အဖွားလာတဲ့နေ့မှပဲ တူတူစားရတာ ။ကျွန်တော့်အဖွားက ထောင်ထားတဲ့ စက်ရုံတွေများလွန်းလို့ လှည့်ပတ်ကြည့်ရှူနေရတာနဲ့တင် အိမ်မှာသိပ်မနေဖြစ်ဘူး ။ကျွန်တော့်မိဘတွေဆိုလည်းအလုပ်တွေပဲ လုပ်နေတာ ။ကျွန်တော်နဲ့ နေ့တိုင်းတွေ့နေရတာဆိုလို့
ပိုက်ဆံတွေပဲရှိတယ် ။သူတို့က ကျွန်တော်နဲ့မတွေ့ဖြစ်ပေမယ့်
မုန့်ဖိုးကိုတော့မှန်မှန်လွှဲပေးကြပါတယ် ။ အဲ့တာနဲ့ ကျွန်တော်အထက်တန်းပြီးတဲ့နောက်ပိုင်းကစပြီး ကလပ်သွားတာက ကျွန်တော့်ရဲ့ပုံမှန်အလုပ်တစ်ခုလိုဖြစ်လာတာပဲ ။

"မီဆုရဲ့မြေးရောက်နေတယ်ဆို ဘာလို့ဝင်မလာသေးတာလဲ "

"ဟုတ်ကဲ့ လာပါပြီ "
မက်ချူးက အိမ်ပေါ်ထပ်တက်သွားတော့သူတစ်ယောက်တည်း
မီးဖိုခန်းလို့ထင်ရတဲ့ အဖွားအသံကြားရတဲ့အခန်းကို ဝင်သွားလိုက်တယ် ။

"မင်္ဂလာပါအဖွား ကျွန်တော်က အဖွားကင်မီဆုရဲ့မြေး Kim jiwoong ပါဗျ "

သူက အခန်းဝကနေနှုတ်ဆက်လိုက်တော့ အဖွားကသူ့ကိုလှည့်ကြည့်ပြီးပြုံးပြလာတယ် ။

အချစ်တွေကိုစိုက်ပျိုးမယ် U×Z(Complete)Where stories live. Discover now