ဆိုးလ်မြို့ ဘူတာရုံတွင်ဖြစ်သည် ။ အလုပ်ဖွင့်ရက်မို့
သွားလာလှုပ်ရှားမှုများရှုပ်ထွေးလှတဲ့ ဘူတာရုံတွင် ခရီးဆောင်အိတ်ကြီးသယ်ကိုင်ကာ ခေါင်းငိုက်စိုက်နေသူတစ်ယောက်ရှိသည်။
သူသည် ပိုက်ဆံအိတ်ကိုဖွင့်ပြီး ထိုအိတ်ထဲမှ နောက်ဆုံးလက်ကျန်ငွေလေးငါးသောင်းတန်တစ်ရွက်ကိုထုတ်ကာ
ရထားလက်မှတ်ဖြတ်သူထံကမ်းပေးလိုက်သည်။" ဟုန်ချောင်း ဂန်ဝန်ဒို ကို "
သို့သော်ငါးသောင်းတန်ကို လွှတ်မပေးပဲ ဆက်လက်ကိုင်ထားသည်
ဖြစ်ရာ လက်မှတ်ဖြတ်သူက ဤသို့အသိပေးလာခဲ့သည်။"ခရီးသည် ကျေးဇူးပြုပြီး လက်လေးလွှတ်ပေးလို့ရမလား
ပိုက်ဆံပြဲသွားမှာစိုးလို့ " လို့ပြောပြီးတာနဲ့ လက်မှတ်ဖြတ်တဲ့သူက
ပိုက်ဆံကို ဇက်ကနဲ ဆွဲယူလိုက်သည်။Aigoo ငါ့ရဲ့ နောက်ဆုံးပိုက်ဆံလေး ဒီကအစ်ကိုကြီးက မင်းကိုနှုတ်ဆက်ခဲ့ပါတယ်ကွာ ငါတို့မကြာမီ ပြန်တွေ့ကြရအောင်နော်
ငါမင်းကိုသေချာပေါက်ပြန်လာခေါ်မယ်သိလား …"ခရီးသည် ဒီမှာလက်မှတ်ရပါပြီ ၊ပျော်ရွှင်စရာခရီးလေးဖြစ်ပါစေ "
သူ့အားပျော်ရွှင်စရာခရီးဖြစ်ပါစေဟုဆုတောင်းပေးသော ဝန်ထမ်း
အား Kim jiwoong တစ်ယောက် ဘုကြည့်ကြည့်ပေးလိုက်သည်။ဘာကိုပျော်ရွှင်စရာခရီးလဲ ။ ဟိုရောက်ရင်အလုပ်လုပ်ရတော့မှာကို။ တစ်သက်နဲ့တစ်ကိုယ် ဘယ်တော့မှ လက်ထဲမှာပိုက်ဆံမပြတ်ဘူးတဲ့သူက အခုတော့ လက်ထဲမှာ လက်မှတ်ဖြတ်သူပြန်အမ်းလိုက်တဲ့ တစ်သောင်းဘဲကျန်တော့တာ ။အဲ့ဒီပိုက်ဆံနဲ့ ဘာသွားဝယ်ရမှာလဲ ။ ဘဝက ဆိုးလိုက်တာ ။အဖွားသိပ်ရက်စက်တယ် ။
မုန့်ဖိုးဖြတ်တဲ့အပြင်ကတ်တွေအကုန်လုံးလည်းသိမ်းသွားသေးတယ်။
ကောင်မလေးနဲ့ဟိုတယ်သွားတာ တစ်ခါလေးပဲ မိလိုက်ပါတယ်
ပြန်ပြီးပေးဆပ်လိုက်ရတဲ့ တန်ကြေးကမနည်း ။ သိရင်
ဘယ်သူက သွားမှာလဲလို့ အဖွားကလည်း မကြိုက်ရင်ကြိုမပြောဘူး ပြောထားမှ ရှောင်လို့ရမှာမလား ။ အခုတော့ ဂန်ဝန်ဒို
ဘက်က ခြံကိုသွားပြီး ခြံအလုပ်ကို တစ်နှစ်လုပ်ရမယ်တဲ့ ။
မလုပ်ရင် အမွေဖြတ်စွန့်လွှတ်မယ်တဲ့ ။ ပြီးတော့အဲ့ဒီတစ်နှစ်အတွင်း ခြံအလုပ်လုပ်လို့ လခရတဲ့ပိုက်ဆံနဲ့သုံးတဲ့လေ ။
ခြံအလုပ်လုပ်လို့ရမယ့် တစ်လစာလခက သူကလပ်တစ်ခါသွားစာတောင်မရှိ။
ESTÁS LEYENDO
အချစ်တွေကိုစိုက်ပျိုးမယ် U×Z(Complete)
Fanficကိုယ့်ရဲ့နှလုံးသားမှာအချစ်တွေကိုစိုက်ပျိုးထားမှာမို့ မင်းကရေလောင်းပေါင်းသင်ပေးပါ ။အချိန်တန်လာလို့ အပွင့်တွေပွင့် အသီးတွေသီးလာတဲ့အခါ မင်းကဆွတ်ခူးပြီးစားသုံးပေးဖို့မေတ္တာရပ်ခံပါတယ်။စိတ်ချပါကိုယ့်ရဲ့အချစ်တွေနဲ့ မင်းရဲ့တစ်ဘဝလုံးချိုမြိန်နေစေရမယ်လို့အာမခ...