"ဟန်ယူဂျင်း ဘယ်ကိုလဲ "
ဒီနေ့ယူဂျင်းနိုင်ငံခြားမှာစာမေးပွဲပြီးသွားလို့ပြန်ရောက်လာတဲ့အထိမ်းအမှတ်အနေနဲ့ ဘားမှာသူငယ်ချင်းတွေစုပြီးတစ်ဝိုင်းဖွဲ့နေခြင်းပင် ။
"ကောင်တာမှာစိတ်ဝင်စားဖို့ကောင်းတာလေးတွေ့လို့
မင်းတို့သောက်နှင့်ကြ ငါသွားလိုက်ဦးမယ် ၊ပြီးတော့ အဝသောက်
ငွေကိုကြိုရှင်းခဲ့မယ်"ထို့နောက်ယူဂျင်းက သူငယ်ချင်းတွေကို လက်ပြပြီး ကောင်တာဘက်ကိုထွက်လာခဲ့သည်။
အကြောင်းက ဝင်လာကတည်းက အရက်အကောင်းစားကြီး
မှာပြီး မရပ်မနားသောက်နေတဲ့တစ်ယောက်ကြောင့် ၊၊
ဒီပုံအတိုင်းဆို ခနနေရင်မှောက်တော့မှာဘဲ ဘယ်လိုဘဲ
အရက်ဂျိုးဆိုဆို တစ်ခွက်ပြီးတစ်ခွက်အဆက်မပြတ်
သောက်နေရင်တော့ …ယူဂျင်းကမပြောမဆိုနဲ့သူ့ရှေ့လူရဲ့ အကောင်းစားယမကာပုလင်း
ကြီးကိုဆွဲလုပြီး ဝိတ်တာဆီက ခွက်တောင်းကာ ဖြည့်ထည့်လိုက်ပြီး
တစ်ကျိုက်တည်းမော့ချလိုက်သည်။"အိုး… ပူဆင်းသွားတာပဲ "
ဂယူဘင်းလက်ထဲက ပုလင်းအလုခံလိုက်ရပေမယ့်
တရားခံကို မော့ကြည့်ပြီးရန်ရှာဖို့ကလည်းခေါင်းတောင်မထောင်
နိုင်တော့တဲ့ အခြေအနေ ။အေးပေါ့ သောက်ချင်လည်း
သောက်ပါစေ သူလည်းမူးရမည့်အကြောင်းရင်းရှိမှာပေါ့ ။ငါ့လို။
အဲ့တာနဲ့ ဂယူဘင်ကပဲစကားစပြောလိုက်သည်။"ဘာလဲ မင်းလည်းငါ့လိုပဲ အသည်းကွဲနေတာလား? "
ဂယူဘင့်းအမေးကြောင့် ယူဂျင်းမျက်ခုံးပင့်မိသွားသည် ။
အိုး… သူ့ရှေ့က ကိုယ်လူချောက အသည်းကွဲနေတာဘဲ ။
"ငါ့မှာလေ ငယ်ငယ်လေးကတည်းက သဘောကျနေရတဲ့သူ
ရှိတယ် ၊ သူ့မှာလည်းရှိတယ် ""ဟမ် "
"သူ့မှာလည်းကြိုက်နေတဲ့လူရှိတယ်လို့ အခုသူကြိုက်နေတဲ့သူက
သူ့ကိုပြန်ကြိုက်သွားပြီး ငါကတစ်ယောက်တည်းကျန်ခဲ့ရတာ
အဟင့် ငါ!!! ဂင်ဂယူဘင်း !!! ဒီနေ့အကြီးအကျယ်!!!
အငြင်းခံလိုက်ရတယ်လို့!!!!"
YOU ARE READING
အချစ်တွေကိုစိုက်ပျိုးမယ် U×Z(Complete)
Fanfictionကိုယ့်ရဲ့နှလုံးသားမှာအချစ်တွေကိုစိုက်ပျိုးထားမှာမို့ မင်းကရေလောင်းပေါင်းသင်ပေးပါ ။အချိန်တန်လာလို့ အပွင့်တွေပွင့် အသီးတွေသီးလာတဲ့အခါ မင်းကဆွတ်ခူးပြီးစားသုံးပေးဖို့မေတ္တာရပ်ခံပါတယ်။စိတ်ချပါကိုယ့်ရဲ့အချစ်တွေနဲ့ မင်းရဲ့တစ်ဘဝလုံးချိုမြိန်နေစေရမယ်လို့အာမခ...