အပိုင်း (၁၁) Unicode

399 46 2
                                    

ဟန်ဘင်းထွက်သွားတာနဲ့ မြေပြင်ပေါ်အရုပ်ကြိုးပြတ်ထိုင်ချလိုက်မိတဲ့ ကျန်းဟာအို ။

"တော်  တော်ပါသေးတယ်  ထွက်သွားလို့ မဟုတ်ရင်ငါနှလုံး
ခုန်မြန်ပြီိး သေတော့မှာ "

အမှန်တော့စေ့စပ်ထားတဲ့သူရှိတယ်ဆိုတာ ဟန်ဘင်းကို
လိမ်လိုက်တာ။မဟုတ်ရင် အရိပ်ကလေးလှမ်းမြင်လိုက်တာနဲ့
ရင်တွေခုန်ရလွန်းလို့ ရှောင်ပြေးနေမိပြီး ၊ဒီနေ့လို နမ်းလိုက်တော့
ပိုဆိုးသွားသေးတယ် ။ ငယ်ငယ်ရွယ်ရွယ်နဲ့သူမသေချင်သေးပါ။
ပြီးတော့ နှလုံးခုန်မြန်လို့သေရတာဆိုရင်လည်းလူကြားမကောင်း
ဘူးလေ ။ သူတစ်ပါးကိုလိမ်တယ်ဆိုတာမကောင်းပေမယ့်၊
အသက်အန္တရာယ်နဲ့ဆိုင်နေတာမို့ ခွင့်လွှတ်ပေးပါဟန်ဘင်း။
ငါ့နှလုံးသားကနည်းနည်းအနည်ထိုင်လာတဲ့အခါကျရင်
လိမ်ခဲ့မိကြောင်းပြန်တောင်းပန်ပါ့မယ် ။

____________________
"အဟမ်း "

သစ်တော်ခြံထဲတွင် အသီးကင်းလေးတွေကို စက္ကူအိတ်ဖြင့်ထုပ်နေသော ကင်ဂျီအွန်းရဲ့နောက်ကိုရောက်နေတဲ့ မက်သရူးက
ချောင်းသံပေးလိုက်ခြင်းပင်။

သူကသာချောင်းသံပေးလိုက်ပေမယ့် ဟိုကလှည့်မလာသလို
ဂရုစိုက်ပုံလည်းမရတာကြောင့် ဒုတိယအကြိမ်အသံထပ်ပေးမိသည်။

"အဟမ်း "

"တာဝန်ခံကြီး ချောင်းဆိုးနေတယ်ဆိုလည်းပြန်နားလိုက်ပါ၊
ကျွန်တော့်နားမှာချောင်းလာဆိုးလို့လည်း တိုက်စရာဆေးမရှိပါဘူး "

သူ့ဘက်ကိုတစ်ချက်ကလေးမှလှည့်မကြည့်ဘဲနဲ့ ပြန်ပြောနေပုံက
မျက်နှာကိုဆွဲကုပ်လိုက်ချင်စရာ ။

နေပါဦး အပင်တွေပျက်စီးသွားလို့ ငါကစိတ်ဆိုးရမှာမလား၊
အဲ့တာကိုဘာလို့သူကငါ့ကိုစိတ်ဆိုးနေရတာလဲ ။

မက်သရူး တစ်ယောက်ဒေါသထွက်လွန်းလို့ ခြေထောက်နှစ်ဖက်က
ခုန်ဆွခုန်ဆွဖြစ်တော့မလို ။သူ့ကိုအရေးမလုပ်ဘဲ အသီးတွေကို
ထုပ်နေတဲ့သူကိုဘဲ လှမ်းကုပ်ရမလိုလိုဖြစ်နေတော့သည်။

"ဘာလို့ ခါတိုင်းလိုတခြားလူမလွှတ်ဘဲ ကိုယ်တိုင်လာရတာလဲ
တာဝန်ခံကြီးက အလုပ်တွေများလွန်းလို့ ကျွန်တော့်ကိုတာဝန်ပေး
ဖို့တောင်အချိန်မရှိဘူးမဟုတ်လား "

အချစ်တွေကိုစိုက်ပျိုးမယ် U×Z(Complete)Where stories live. Discover now