အပိုင်း (၁၄) zawgyi

143 7 0
                                    

"ဟဲလို    ဂင်ဂယူဘင်  နင်ပြောတော့ ဓာတ်ပုံတြွေပလိုက်ရင်
အဆင်ပြေသွားမှာဆို အခုတော့ အဖွားက ငါ့ကိုရော ငါ့အမေကို
ပါအိမ်လာမခံတော့ဘူး "

ဟန်မီယောင်းသည် ဖုန်းထဲကတဆင့် ဂယူဘင်ကို အော်ငေါက်လျက်

"ငါကအခွင့်အရေးဖန်တီးပေးတာလေ မင်းကသာရအောင်မယူနိုင်ဘဲဘာလို့လာအော်နေရတာလဲ မင်းပြောတော့ ကင်ဂျီအွန်းကို
ကြိုက်တယ်ဆို ဒီအခွင့်အရေးကိုအသုံးချပြီးရအောင်ယူလေ "

"ငါ့ကျပြောပြီးတော့ နင်ရော ဘာမှမလုပ်ရသေးဘူးမလား။
သူနင့်ကိုမုန်းသွားမှာစိုးလို့ ဖွင့်တောင်မပြောရဲဘူးမလား "

မီယောင်းရဲ့စကားကြောင့် ဖုန်းကိုင်ထားတဲ့ ဂယူဘင်ရဲ့လက်က
တင်းကနဲဖြစ်သွားသည်။

"ဘာပဲဖြစ်ဖြစ် ငါကတော့ပြောစရာကုန်သွားပြီး ဖုန်းချလိုက်တော့မယ် ၊ ဒီလောက်နဲ့လက်လျှော့ချင်တယ်ဆိုလည်းမင်းသဘောပဲ "

ပြောပြီးဖုန်းချသွားတာကြောင့် မီယောင်းခွန်းတုံ့ပြန်ချိန်ပင်မရလိုက်

"ဟုတ်တယ်  ဒီလောက်နဲ့လက်လျှော့လို့ဘယ်ရမလဲ "

ထို့နောက်မီယောင်းသည် ကင်အိမ်တော်ကိုဦးတည်လိုက်တော့သည်။

_____________________
သစ်တော်ခြံထဲတွင်

"အဟမ်း"

သစ်တော်သီးခူးနေသော ဂျီအွန်းနောက်ကိုရောက်ရင်လုပ်နေကြအတိုင်း မက်သရူးက ချောင်းတစ်ချက်ဟန့်လိုက်သည်။
မနေ့က သူတစ်ကယ်မူးသွားလို့ ဘယ်သူအိမ်လိုက်ပို့မှန်းတောင်
မမှတ်မိတော့ပေ ။ မနက်ကလည်း အိပ်ရာထနောက်ကျတာမို့
အခုမှ အလုပ်ကိုလာရခြင်းပင် ။

"ခေါင်းက အဆင်ပြေရဲ့လား မကိုက်ဘူးလား "

ဂျီအွန်းက လှည့်မကြည့်ဘဲမေးလိုက်ခြင်းသာ

"အဆင်ပြေပါတယ် မနေ့ကအိမ်ကို လိုက်ပို့ပေးလို့ကျေးဇူးပါပဲ "

"မနေ့က အိမ်ကိုလိုက်ပို့တာ မင်းသူငယ်ချင်း ကိုယ်မဟုတ်ဘူး "

"တကယ် !! ခင်ဗျားမဟုတ်ဘူးလား ကျွန်တော်က ခင်ဗျားလိုက်ပို့တယ်လို့ထင်နေတာ ၊ ဂင်ဂယူဘင်က ရောက်နေရဲ့သားနဲ့ ဘာလို့
အစောကြီးလာမတွေ့တာလဲ ၊ ဒီကောင်ကတော့ ကျောင်းတက်
နေရင်းနဲ့အကျင့်တွေပျက်လာတာပဲ "

အချစ်တွေကိုစိုက်ပျိုးမယ် U×Z(Complete)Where stories live. Discover now