final part 1

412 34 1
                                    

"နင်တို့တွေ သတို့သမီးမျက်နှာကိုမြင်လိုက်ကြလား "

"မမြင်ပါဘူးအေ ဝတ်ရုံလက်ကြီးနဲ့မျက်နှာကိုကွယ်နေတဲ့ဟာ"

"ဟုတ်ပါ့တော်  မိန်းကလေးဖြစ်ပြီးအရပ်ကြီးကလည်းရှည်
လိုက်တာ ငါတို့တာဝန်ခံကြီးတောင် သူ့ထက်ပုသေးတယ် "

"ဟုတ်ပါ့တော် တာဝန်ခံကြီးအကြိုက်ကလည်းထူးဆန်းလိုက်တာ
ငါတို့ရွာက မိန်းကလေးတော့ဟုတ်မယ်မထင်ဘူး
ဆိုးလ်ကဖြစ်လိမ့်မယ် "

မင်္ဂလာပွဲကအပြန်သတို့သမီးအကြောင်းကိုအမျိုးမျိုးအဖုံဖုံ ပြောဆို
ပြီးပြန်သွားကြတော့သည်။

သူတို့အားလုံးမတွေးထားတဲ့အရာက သတို့သမီးသည် အမျိုးသား
တစ်ယောက်ဖြစ်နေပြီး ထိုအမျိုးသားမှာ သူတို့ရဲ့ခြံပိုင်ရှင်
အဖွားကင်မီဆုရဲ့မြေး ကင်ဂျီအွန်းဖြစ်နေသည်ကိုပေါ့ …

ဧည့်သည်တွေပြန်သွားကြတော့ ဟာအိုနှင့်အတူ ဟန်ဘင်းက
စားပွဲတွေကူသိမ်းပေးနေသည်။

"ကိုကို "

"အင်း "

"အစ်ကိုဂျီအွန်းက သတို့သမီးလိုပြင်လိုက်တော့လည်းလှသားပဲ
နော် "

ဟန်ဘင်းရဲ့စကားကြောင့် ဟာအိုပြုံးမိသွားသည် ။
အနည်းငယ်တိုနေတဲ့စကပ်နဲ့ မိုးထိုးနေတဲ့အရပ်ကြီးကလွဲလို့
ကျန်တာအားလုံးအဆင်ပြေပါတယ် ။သတို့သားကလည်း
သတို့သမီးမျက်နှာကိုကြည့်ပြီးပြုံးနေတာပဲ ။တွဲတာသိပ်
မကြာသေးဘဲ လက်ထပ်သွားလို့ ကျန်းဟာအိုကိုယ်တိုင်လည်း
အရမ်းအံ့သြမိတယ် ။ တာဝန်ခံကြီးကတော့ပြောပါတယ်
နှစ်ဦးနှစ်ဖက်ချစ်နေကြတာပဲကို လက်ထပ်ဖို့အချိန်
အကြာကြီး ဆွဲနေစရာမလိုဘူးတဲ့လေ ။

ဒါဆိုသူကရော ဟန်ဘင်းကိုအချိန်အကြာကြီးဆွဲထားမိတာလား
အခုချိန်ထိ တိကျတဲ့အဖြေမပေးရသေးလို့ ဟန်ဘင်းများသူ့ကို
ငြိုငြင်နေလောက်ပြီလား ။

"ဟန်ဘင်း "

"ဗျာ "

"မင်းငါ့ကို စိတ်ကုန်နေပြီလား "

"ဘာလို့လဲ ကျွန်တော်ကိုကို့ကို ဂရုစိုက်ပေးတာမလုံလောက်လို့လား
နောက်ဆိုအခုထက်ပိုပြီးကောင်းပေးပါ့မယ် "

အချစ်တွေကိုစိုက်ပျိုးမယ် U×Z(Complete)Where stories live. Discover now