အပိုင်း (၉) Zawgyi

101 3 0
                                    

မက်သရူးတစ်ယောက် ဂျီအွန်းကိုမြက်နုတ်ခိုင်းထားတာကြောင့်
စစ်ဆေးဖို့ထွက်အလာ စိုက်မြောင်းဘေးတွင် အပုံလိုက်စီဖြစ်နေသောမြက်များကြောင့် အမြန်ပြေးသွားမိသည်။

"ဒါတွေက ဘယ်လိုဖြစ်"
မြက်နုတ်ခိုင်းလိုက်တာကိုမြက်အပြင်မုန်ညင်းပင်ပါမကျန်
အကုန်ပြောင်စင်အောင်နုတ်ထားတာကြောင့် မက်သရူးတစ်ယောက်
တော်တော်နဲ့စကားမပြောနိုင်သေး။

"တာဝန်ခံကြီး မြက်တွေအားလုံးပြောင်ရှင်းနေအောင်နုတ်ထားပေးတယ် ၊ ဘယ်လိုလဲ ကိုယ်တော်တယ်မလား "
မြက်တွေပါမက မုန်ညင်းပင်တွေကိုပါ ပြောင်ရှင်းနေအောင်နုတ်ထားသော ကင်ဂျီအွန်းသည် သူ့အား ချီးကျူးရန်ပင်စောင့်ဆိုင်း
နေသေးသည်။

"ခင်ဗျား ဘာလို့ မုန်ညင်းပင်တွေပါနုတ်ပစ်လိုက်တာလဲ!!!"

ပုံမှန်ဆို စိတ်ဆိုးနေတာသာမြင်ဖူးပေမယ့် ဒေါသထွက်တာကိုတော့
ပထမဆုံးအကြိမ် မြင်ဖူးတာမို့ ဂျီအွန်းလန့်သွားတာတော့အမှန် …

"ကိုယ်  ကိုယ်က အားလုံးကိုမြက်လို့ပဲထင်……လို့"

"ဘာ!!! ခင်ဗျား  မုန်ညင်းပင်ကိုတောင်မမြင်ဖူးဘူးလား !!!"

"ကိုယ်ထင်တာကမုန်ညင်းကဟိုနေ့ကသယ်နေကြသလိုမျိုး
အထုပ်လိုက်တွေလေ … အခုက အရွက်တွေချည်းပဲဆိုတော့
အားလုံးကိုမြက်လို့ထင်လို့ "

"အဲ့တာက သူ့အရွက်တွေထုပ်မယ့်အချိန်မရောက်သေးလို့လေ …
ခင်ဗျား…ခင်ဗျားကလေ ခင်ဗျားအဖွားပြောသလိုတကယ့်
ပြဿနာအိုးပဲ အခုခင်ဗျားကြောင့်နဲ့ ဘယ်လောက်ထိခိုက်
နစ်နာသွားလဲသိလား "

မက်သရူးက ပြောနေရင်းနဲ့မောသွားတယ်ထင်သည် ။ ခဏနား
ပြီးမှဆက်ပြောသည်။

"အပင်တွေက အကုန်လုံးနာကုန်ပြီး ပြန်စိုက်ရင်တောင်ရှင်တော့မှာ
မဟုတ်ဘူး အခုခင်ဗျားကြောင့်နဲ့ အားလုံးအချိန်ကုန်လူပင်ပန်းတွေ
ဖြစ်ရတော့မယ် … ကဲပြော အခု ဒီကိစ္စကို ဘယ်လိုတာဝန်ယူမှာလဲ"

မက်သရူးက အဲ့လိုမေးလိုက်တော့မှ မျက်လုံးလေးပြူးပြီးကြည့်
လာသည်။

အချစ်တွေကိုစိုက်ပျိုးမယ် U×Z(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ