အပိုင်း (၃) zawgyi

151 3 0
                                    

ဖနောင့်နဲ့တင်ပါးတသားတည်းကျအောင်ပြေးနေရင်း အရှေ့တွင်
ကွန်ကရစ်လမ်းလေးမြင်ရသောကြောင့် နောက်ကလိုက်နေသော
မည်းမည်းကောင်ကြီးကို ကျေးဇူးပဲပြေးတင်ရမလိုလို
ညနေစောင်းနေပြီဖြစ်ပေမယ့် တစ်ယောက်ယောက်က
သူ့ရဲ့ဒီအခြေအနေကို တွေ့တန်ကောင်းပါရဲ့

မိုးနတ်မင်းကြီးကယ်ပါ ကိုယ်တိုင်ဆင်းမကယ်နိုင်ရင်လည်းခင်ဗျားကိုယ်စားတစ်ယောက်ယောက်တော့
လွှတ်ပေးပါ ကျွန်တော် တကယ်ကိုဆက်မပြေးနိုင်တော့လို့ ...

____________

Matthewတစ်ယောက် ဒီနေ့ သစ်တော်သီးခြံဘက်သွားပြီး
အပြန်မုန်ညင်းခင်းကိုပြန်လှည့်လာတော့ အလုပ်သမားတွေနဲ့စုစုရုံးရုံးဖြစ်နေတဲ့ hanbinကိုတွေ့လို့မေးကြည့်ရာ
Jiwoong hyungကို ခြံထဲလိုက်ပြမလို့ပြင်နေတာ
ရှာမတွေ့တော့လို့ဆိုပဲ နေ့လည်ကတောင် သစ်တော်သီးခြံဘက်မသွားခင် တွေ့လိုက်ပါသေးတယ် အဲ့တာကိုဘယ်ပျောက်သွားတာလဲ။

အဲ့တာနဲ့ ကျွန်တော်တို့လည်း အလုပ်သမားတွေနဲ့ စုပြီးရှာဖို့လုပ် တယ် သူတို့က ခြံတွေဘက်ကို လူခွဲပြီးရှာတော့ ကျွန်တော်က
စက်ဘီးပေါ်တက်ပြီး ရွာလမ်းဘက်ကိုရှာဖို့ထွက်ခဲ့တယ် ။
ရွာကသိပ်မကြီးပေမယ့် စိုက်ခင်းတွေကများတော့ အပြင်လူဆို
မျက်စိလည်လောက်တယ် ။ပြီးတော့ ခြံတွေက နယ်နိမိတ်ချင်းကပ်နေသေးတယ်။

"ဒီနေ့မှရောက်တာကို လူကိုစိတ်ပူအောင်တန်းလုပ်တော့တာပဲ
Hyungဘယ်တုန်းက ဒီလိုပြဿနာအိုးလေးဖြစ်သွားတာလဲ "

ပွစိပွစိရွတ်နေပေမယ့် ညနေစောင်းလေ စိုးရိမ်မှုနှုန်းမြင့်တက်လာလေ ဖြစ်ကြောင်းကို Matthewနဖူးပေါ်မှာရှိတဲ့ချွေးစက်တို့က
သက်သေခံနေသည်။ပုံမှန်ဆို ဒီရာသီဥတုအခြေနေနှင့် ချွေးပြန်စရာ
အကြောင်းမရှိပါ။

"ဒီထက်ပိုပြီး စိတ်ပူအောင်မလုပ်တော့ဘဲ ထွက်လာပါတော့ "

ထို့နောက် Matthewရဲ့အရှေ့ဘက်မှ ခွားသံပြင်းပြင်းကြားရသည် ။

"မဟုတ်လွဲရော "
နေ့လည်က သူတွေ့ခဲ့တဲ့ အနီရောင်အပွင့်တွေနဲ့အင်္ကျီဝတ်ထားတာကို
သတိရမိသွားသည် ။သူ့အတွေးမဆုံးခင်မှာပင် ထိုအနီရောင်ကို
အဝေးမှခပ်ရေးရေးမြင်ရပြီး သူ့နောက်တွင် ကျွဲနက်ကြီးတစ်ကောင်
အင်္ကျီချွတ်ပစ်လိုက်လို့ လှမ်းပြောရအောင်လည်း အင်္ကျီချွတ်
နိုင်သည့်အခြေနေမဟုတ် ...

အချစ်တွေကိုစိုက်ပျိုးမယ် U×Z(Complete)Onde histórias criam vida. Descubra agora