အပိုင်း(၁၂)Unicode

410 48 6
                                    

တစ်နေကုန်စိုက်ခင်းမှာ အပင်စိုက်လိုက် အသီးခူးလိုက်နှင့်မအားလပ်အောင်ရှိနေသော မက်သရူးတို့နှစ်ယောက်သည် ဆရာမ
ခေါ်လာသောအငယ်ဆုံးလေးကို အိမ်ပြန်ပို့ရန်တာဝန်ကျန်ရှိနေပေသည်။အကြောင်းမှာ ထိုသကောင့်သားလေးက ဆရာမလာကြိုတာကိုပြန်လိုက်မသွားဘဲ ဦးဦးတို့နှစ်ယောက်လုံးလိုက်ပို့ပေးမှအိမ်ပြန်မယ်ဟုဆိုကာ ငိုယိုနေသောကြောင့်ဖြစ်သည် ။ဒါကြောင့်မို့
ထိုကလေးအားအိမ်ပြန်ပို့ရန် နှစ်ဦးသားထွက်လာခဲ့ကြသည်။

ကားနဲ့မသွားဘဲ ထိုကလေးကိုလက်ဆွဲပြီးထွက်သွားတဲ့မက်ချူးကြောင့် ဂျီအွန်းနောက်ကနေလိုက်ရတော့သည်။

"မက်ချူး ဘာလို့ ကားနဲ့မသွားတာလဲ လမ်းလျှောက်ရင်
ကလေးကညောင်းနေမှာပေါ့ "

"မညောင်းပါဘူးဦးဦးရဲ့ သားအိမ်ကဟိုနားလေးမှာ "

"သူက မက်မွန်ခြံကအငယ်ဆုံးမြေး လမ်းလျှောက်ရင်သိပ်မဝေးဘူး
ခင်ဗျားလည်းရှုခင်းတွေဘာတွေကြည့်လို့ရတာပေါ့ ညနေစောင်းလေးဆိုရင် မက်မွန်နံ့သင်းသင်းလေးနဲ့ လေလေးတအေးအေးနဲ့
ဆိုတော့ လမ်းလျှောက်ဖို့သင့်တော်တယ် "

ကလေးလက်ဆွဲကာရှေ့ကလျှောက်သွားတဲ့ ကောင်ငယ်လေး
ကိုကြည့်ရင်း နှလုံးသားထဲကအေးချမ်းမှုကိုခံစားရသည်။

"ဒီလိုလေးရှေ့ဆက်သွားနေရင် ကိုယ်ဆိုးလ်ကိုပြန်ဖြစ်တော့မှာ
မဟုတ်ဘူးထင်တယ် "

"ဟင် ဘာပြောတာလဲ "

ဂျီအွန်းစကားကိုနားစွန်းနားဖျားကြားလိုက်တဲ့မက်သရူးက
ခြေလှမ်းကိုရပ်ပြီး လှည့်မေးလာသည်။

ဘာမှမဟုတ်ပါဘူးလို့ဆိုရင်း ကလေးရဲ့လွတ်နေတဲ့လက်တစ်ဖက်
ကိုသွားဆွဲလိုက်တော့ မက်ချူးက အချိုသာဆုံးပြုံးပြလာခဲ့သည်၊၊
ဒီနေ့တစ်နေ့တည်းနဲ့ နှလုံးခုန်သံစည်းချက်အခါခါမှားနေရတဲ့
အထဲမှာဒီတစ်ခါကအပြင်းထန်ဆုံးပင် ။အစက သူ့ကိုယ်သူသတိမထားမိပေမယ့် စိုက်ခင်းမှာနေတုန်းကလေးကသူ့ကိုပြောလာတဲ့
အချိန်မှာ စပြီးသတိထားကြည့်လိုက်တာ ။ ဒီဝတုတ်လေးက
သူ့ကိုရင်ခုန်အောင်လုပ်နိုင်လိမ့်မယ်လို့ စိတ်ကူးနဲ့တောင်မတွေး
ကြည့်ခဲ့မိဘူး ။

အချစ်တွေကိုစိုက်ပျိုးမယ် U×Z(Complete)Tahanan ng mga kuwento. Tumuklas ngayon