"အဖွား သူတို့ရဲ့ဓာတ်ပုံတွေကို ဘာလို့ "
"ငါတို့ရဲ့ဂျီအွန်းက ဒီလောက်ထိရည်းစားများခဲ့ပြီး
လက်ကြောလည်းမတင်းဘူး ၊ ပိုက်ဆံတန်ဖိုးလည်းနားမလည်
သလို ပိုက်ဆံရှာဖို့လည်းသူတစ်ခါမှမတွေးဘူး ၊ဒါကလည်း
အဖွားရဲ့အပြစ်တွေလည်းပါတာပေါ့ အဖွားရော သူ့မိဘတွေရော
အကုန်လုံးကအလုပ်ကိုပဲဦးစားပေးကြတာမို့ သူ့ကိုအထီးကျန်စေခဲ့မိတာလည်းပါတယ် ။ အခုတော့ သူ့အကြောင်းတွေအားလုံးနီးပါး
သိရပြီမို့လို့ သူ့အပေါ်အရင်လိုပဲဆက်ချစ်နေသေးလား၊
အကယ်၍လမ်းခွဲချင်တယ်ဆိုလည်း အဖွားဒီကနေပြန်တာနဲ့
တစ်ခါတည်းခေါ်သွားလိုက်မယ် "အဖွားမီဆုရဲ့စကားတွေက သူ့ကို အစ်ကိုဂျီအွန်းနဲ့ သဘောမတူ
တာမျိုးမဟုတ်ဘဲ ဂျီအွန်းရဲ့အကြောင်းတွေကိုပြောပြကာ
သူနောက်ဆုတ်ချင်ရင်ရကြောင်း လမ်းဖွင့်ပေးနေသလိုပင်"ရည်းစားများတဲ့အကြောင်းက ကျွန်တော်အရင်ကတည်းက
သိထားပြီးသားပါ ဒီလောက်များလိမ့်မယ်လို့မတွေးမိထား
တာတစ်ခုပါပဲ ၊ အခုကတော့ အရင်ကထက်အလုပ်တွေပိုပြီး
ကြိုးစားလာပါတယ် သိပ်မကြာခင်အဖွားရဲ့လုပ်ငန်းတွေကို
လက်လွှဲယူနိုင်မှာပါ စိတ်မပူပါနဲ့ ၊ ဒီအရာတွေအားလုံးကို
သိရက်သားနဲ့ချစ်ခဲ့တာမို့လို့ အဖွားစိတ်မပူပါနဲ့ သူအထီးမကျန်
တော့အောင်ကျွန်တော်အကောင်းဆုံးဂရုစိုက်ပေးမှာပါ "မက်သရူးက ပြောရင်းနဲ့ ဂျီအွန်းကိုကြည့်လိုက်တော့
မျက်ရည်လေးဝဲပြီးပြန်ကြည့်ရှာသည်။"ဒီလိုကြားရလို့ အဖွားက ဝမ်းသာပါတယ် အဖွားမြေးနဲ့
မတန်လောက်အောင် မက်ချူးလေးက သိပ်တော်တာမို့လို့
အဖွားကအားနာနေတာ ၊ အခုတော့ မက်ချူးရဲ့သဘောထားကို
သိရပြီမို့ အဖွားက ကန့်ကွက်စရာမရှိပါဘူး ၊ သူဆိုးရင်
အဖွားကိုဖုန်းဆက်ပြီးချက်ချင်းလှမ်းပြောနော် ဒီကောင့်ကိုချက်ချင်းပြန်ခေါ်လိုက်မယ် ""ဟုတ်ကဲ့ သိပါပြီ "
"လာပါဦး အဖွားနည်းနည်းလောက်ဖက်ပါရစေ "
မက်ချူးလည်း ဂျီအွန်းအဖွားဆီက အပွေ့ဖက်ကိုခံယူလိုက်သည်။
YOU ARE READING
အချစ်တွေကိုစိုက်ပျိုးမယ် U×Z(Complete)
Fanfictionကိုယ့်ရဲ့နှလုံးသားမှာအချစ်တွေကိုစိုက်ပျိုးထားမှာမို့ မင်းကရေလောင်းပေါင်းသင်ပေးပါ ။အချိန်တန်လာလို့ အပွင့်တွေပွင့် အသီးတွေသီးလာတဲ့အခါ မင်းကဆွတ်ခူးပြီးစားသုံးပေးဖို့မေတ္တာရပ်ခံပါတယ်။စိတ်ချပါကိုယ့်ရဲ့အချစ်တွေနဲ့ မင်းရဲ့တစ်ဘဝလုံးချိုမြိန်နေစေရမယ်လို့အာမခ...