"တောင်းပန်ပါတယ် ဝင်လို့မရပါဘူး"
အဖွားမီဆုအိမ်က ခြံစောင့်သည် ဟန်မီယောင်း အိမ်ထဲဝင်လာခြင်းကို ခြံတံခါးတွင် တားထားသည်။
"အခု ချက်ချင်းတံခါးဖွင့် ၊ ငါဘယ်သူလည်းမသိဘူးလား "
ဟန်မီယောင်းသည် ခြံတံခါးကိုဆုပ်ကိုင်ကာ ဒေါသတကြီးအော်ဟစ်လျက်…
"သိပါတယ် ၊ ဒါပေမယ့် ဥက္ကဌကြီးက ဟန်မိသားစုနဲ့ပတ်သတ်တဲ့
သူအားလုံး ခြံထဲတောင်အဝင်မခံနဲ့ဆိုပြီးမှာထားလို့ပါ ""ဘာပြောတယ် !!! "
မီယောင်းသည် အသက်ဝဝရှူကာ ထွက်လာတဲ့ဒေါသမှန်သမျှကို
ထိန်းချုပ်ရင်း"ကောင်းပြီလေ ၊ဒါဆိုရင် ငါ့ကိုယ်စားသွားပြောပေး အဖွားကို
အရေးကြီးတာပြောစရာရှိတယ်လို့ ၊အခုနားမထောင်ရင် နောင်တ
ရမှာလို့လည်းပြောလိုက် ""ဒါဆို ခဏလောက်စောင့်ပါ ကျွန်တော်သွားပြောပေးပါ့မယ် "
"နေဦး အစ်ကိုဂျီအွန်းနဲ့ ပတ်သတ်နေတယ်လို့ပြောလိုက် "
"ဟုတ်ကဲ့ "
မိနစ်နှစ်ဆယ်ကြာပြီးနောက်တွင် ဟန်မီယောင်းသည် အဖွားမီဆု
၏ အိမ်ထဲသို့ဝင်ခွင့်ရလေသည် ။"နောက်ဆုံးတော့ အိမ်ထဲဝင်ခွင့်ပေးမှာဘဲကို ငါ့ကိုခြံအပြင်မှာ
မိနစ်နှစ်ဆယ်လောက်စောင့်ခိုင်းလိုက်သေးတယ်
ညောင်းလိုက်တာ တကယ်ပဲ "ဟန်မီယောင်းရဲ့စကားတွေကိုအတိုင်းသားကြားနေရသော
အိမ်တော်ထိန်းသည် သက်ပြင်းခပ်ဖွဖွကိုသာချလိုက်သည်။
စင်စစ် ဟန်မီယောင်း၏အမေသည် အဖွားမီဆု၏ တူမဝမ်းကွဲ
တော်သူဖြစ်ပြီး အဖွား၏ ကြွယ်ဝချမ်းသာမှုကိုတပ်မက်လျက်
ဂျီအွန်း၏မိခင်ကို ကပ်ဖား၍ ဂျီအွန်းအား သူမ၏သမီးနှင့်
လက်ထပ်ပေးနိုင်ရန် ကြံစည်နေခြင်းသာ …
အိမ်ကြီးရှင်မဖြစ်ခင်ကတည်းကပင် ကင်အိမ်တော်ရှိအစေခံများ
ကို မောက်မောက်မာမာဆက်ဆံလျှက်ရှိရာ ဟန်မီယောင်းသာ
ဂျီအွန်းနှင့်လက်ထပ်လိုက်ပါက ကင်အိမ်တော်ရှိအစေခံအားလုံး
ရတက်မအေးဖြစ်ရတော့မည် …
YOU ARE READING
အချစ်တွေကိုစိုက်ပျိုးမယ် U×Z(Complete)
Fanfictionကိုယ့်ရဲ့နှလုံးသားမှာအချစ်တွေကိုစိုက်ပျိုးထားမှာမို့ မင်းကရေလောင်းပေါင်းသင်ပေးပါ ။အချိန်တန်လာလို့ အပွင့်တွေပွင့် အသီးတွေသီးလာတဲ့အခါ မင်းကဆွတ်ခူးပြီးစားသုံးပေးဖို့မေတ္တာရပ်ခံပါတယ်။စိတ်ချပါကိုယ့်ရဲ့အချစ်တွေနဲ့ မင်းရဲ့တစ်ဘဝလုံးချိုမြိန်နေစေရမယ်လို့အာမခ...