အပိုင်း (၂) zawgyi

187 1 0
                                    

"အမေရယ် ပြန်စဉ်းစားပါဦးနော် သားလေးကို ခြံအလုပ်တွေတစ်ကယ်ခိုင်းမလို့လား "

အဖွားကင်မီဆု ရဲ့ရှေ့တွင် Jiwoong၏မိဘနှစ်ပါးသည်
ဆုံးဖြတ်ချက်ပြတ်သားသော သူတို့၏အမေဖြစ်သူအား
အသနားခံနေသည်။

"နင်တို့အဲ့လိုမျိုးလုပ်နေလို့ကို နင်တို့သားက အသက်ကြီးနေပြီး
ဘာမှအားကိုးလို့မရသေးတာ ၊ ခြံအလုပ်လေးတစ်နှစ်ခိုင်းလိုက်တော့ ဘာဖြစ်မှာမို့လို့လဲ စစ်သွားတိုက်ခိုင်းတာလည်းမဟုတ်၊
ကမ္ဘာကြီးကိုသွားပြီးကယ်တင်ခိုင်းတာလည်းမဟုတ်ဘူး ၊
အသက်အရွယ်နဲ့လိုက်ဖက်သွားအောင်နည်းနည်းပါးပါး
လုပ်ရည်ကိုင်ရည်လေးရှိလာအောင် လုပ်ပေးမလို့ကို
နင်တို့က ရှေ့က ကာဆီးကာဆီးနဲ့မို့ အဲ့လိုဖြစ်နေတာ "

"အမေရယ် လူငယ်ပဲကို ကလပ်လေး ဟိုတယ်လေးတစ်ခါတလေ
သွားရုံပဲကို ဘာမှမဖြစ်ပါဘူး ၊သူများကလေးတွေလည်း
သွားနေကြတာပဲကို "

"ကလပ်လေးတစ်ခါတလေသွားတယ် ၊ ဘာလဲတစ်နေ့တစ်ခါလား
ငါလာစစ်မိလို့တော်သေးတာပေါ့ မဟုတ်ရင် ငါ့ကိုနင်တို့
ဘယ်ချိန်ထိဖုံးကွယ်ထားကြမှာလဲ ၊ငါသေသွားမှ အမှန်တရားကိုသိ
ရမှာလား ၊ ငါကတော့ ဆုံးဖြတ်ပြီးသွားပြီ ဘယ်တော့မြှပန်မပြင်ဘူး
အဲ့တော့ မကျေနပ်တဲ့လူက သူ့နောက်လိုက်ပြီး အလုပ်လုပ်ကြ"

ထို့နောက်အသံတစ်သံမှထွက်မလာတော့ဘဲတိတ်ဆိတ်သွားသည်။
သူတို့သားလေးကိုကူညီချင်ပေမယ့်သူတို့ကိုယ်တိုင်လည်းမသွားချင်ပါ ။ ခြံအလုပ်ဆိုတာ နေပူကြီးထဲ တစ်နေကုန်အလုပ်လုပ်နေရတာမလား ။

Kim jiwoong၏ အဖွားကင်မီဆုသည် အိမ်တွင်သြဇာအရှိဆုံးသူပင် ။ သူမသည် ငယ်ငယ်က ကိုယ်တိုင် မုန်ညင်းဖြူထုပ်ကိုစိုက်ပြီး ဂင်ချီလုပ်ရောင်းရာမှ ချမ်းသာလာသူတစ်ဦးပင် ။
သူစိုက်သော မုန်ညင်းသည် လုံးဝပိုးသတ်ဆေးမသုံးဘဲ
စိုက်ပျိုးသောကြောင့် လူကြိုက်များကြသည် ။
ထို့နောက် ခြံဧကများစွာဝယ်ကာ စိုက်ပျိုးပြီး ဂင်ချီစက်ရုံထောင်ကာ တောင်ကိုးရီးယားသာမက ကမ္ဘာတစ်ဝှမ်းလုံးကိုပါ ဖြန့်ချိသည်။

အဖွားကင်မီဆု၏ ခြံတွင် ဂင်ချီ၏ အဓိကပါဝင်ပစ္စည်းများဖြစ်သော မုန်ညင်းဖြူထုပ် ၊ ကြက်သွန်မြိတ် ၊မုန်လာဥဖြူ ၊မုန်လာဥနီ၊
သစ်တော်သီး တို့ကို အဓိကစိုက်ပြီး ၊ သဘာဝမြေသြဇာအတွက် နွားချေးကိုသာသုံးသောကြောင့် နွားများလည်းမွေးမြူထားသည် ။ခြံဧကများစွာရှိသောကြောင့် အလုပ်သမားများစွာရှိသည် ။
ထိုသို့သော ခြံများစွာ အလုပ်သမားများစွာကို ဦးစီးရသောသူသည်
ခြံတာဝန်ခံ Seokmatthewပင် ။ငယ်ငယ်ရွယ်ရွယ်နှင့်လုပ်ရည်ကိုင်ရည်ရှိပြီး ဦးဆောင်နိုင်စွမ်းအပြည့်ရှိသူဖြစ်သည် ။

အချစ်တွေကိုစိုက်ပျိုးမယ် U×Z(Complete)Unde poveștirile trăiesc. Descoperă acum