မနက်ခင်းနေရောင်ခြည်က ပန်းလေးတွေရယ်ပန်းချီလှလှလေးတွေ ပြည့်နေတဲ့ အခန်းလေးထဲကို ဖြာထွက်လာတယ်၊အိပ်ရာဖြူဖြူလေးပေါ်က ကောင်လေးကတော့ အိမ်မက်ကမ္ဘာထဲကနေအခုထိမနိုးလာသေးဘူး။
"ဂျီမင် အခုထိမထသေးဘူးလား ကလေးလေ သင်တန်းသွားရမယ်လေ"
အိမ်မက်ကမ္ဘာထဲရောက်နေတဲ့ Mochiလုံးလေး(ခေါ်)ဂျီမင်၏ မေမေမှ အိပ်ပုတ်လေးအားလာနိုးခြင်းဖြစ်တယ်။
"ကဲ ဒီကလေးကတော့ သင်တန်းမသွားဘူးလား ပြော"
"ဟင့်~~အိပ်ချင်သေးတယ် မေမေ"
"အိုးကွယ် ဒီကလေးကတော့သားအစ်ကို ဆော့ဂျင်လေးတောင် ဆိုင်ရောက်နေပြီ၊ဒီအိပ်ပုတ်လေးကလဲ ထပြီး သင်တန်းသွားဖို့ပြင်တော့ အောက်မှာ မေမေ မနက်စာပြင်ပေးထားတယ်"
"ဟုတ် မေမေ"
မေမေကသူ့ကိုနိုးပြီးထွက်သွားတယ်၊သူလဲ သင်တန်းသွားရတော့မှာမို့လို့ ရေမိုးချိုးပြင်ဆင်ရတော့မယ်၊ရေချိုးခန်းထဲ၀င်ပြီး မှန်မှာသူ့မျက်နှာကိုသူပြန်ကြည့်မလိုက်တယ်။
"ဟွန်း ပါးကြီးကလဲ အရင်ကထပ်နှစ်ဆလောက်ဖောင်းလာလိုက်တာ ဟီး ဘာပဲဖြစ်ဖြစ်ချစ်စရာလေးပါ"
ရေမိုးချိုးလို့ပြီးတော့ ဗီဒိုထဲက အင်္ကျီအဖြူရောင်တီရှပ်လေးကို အောက်ကဘောင်းဘီအနတ်ရောင်အပွလေးထဲထည့်ပြီး တွဲ၀တ်လိုက်တယ်၊လူကောင်းကောင်းသေးသေးလေးရယ်၊ခါးသေးသေးလေးနဲ့မို့ သူကဒီလိုတွေ၀တ်ရင်အရမ်းကြည့်ကောင်းပြီးလှတယ်လို့ မေမေကပြောတယ်၊သင်တန်းကသူ့သူငယ်ချင်းဟိုဆော့ကတော့ မင်းကလှတယ်တဲ့၊ချောတယ်ဆိုလဲ ဟုတ်ဦးမယ်၊ဘာဖြစ်ဖြစ် အခုတော့သင်တန်းသွားတော့မယ်၊ဟိုရောက်ရင်ဟိုဆောါကိုမုန့်၀ယ်ကျွေးခိုင်းရမယ် ဒီကောင့်ကိုသူပဲ၀ယ်ကျွေးနေရတာ၊ဒီတစ်ခါဒီကောင့်အလှည့်ပဲ။
"မေမေ သားပြီးပြီ"
"ကလေးလေး မေမေ ဒီမှာ ပြင်ထားပြီးပြီ"
ဂျီမင် မေမေပြင်ပေးထားတဲ့ Strawberrr Cakeလေးကိုထိုင်စားနေလိုက်တယ်၊သူတို့ကိတ်လုပ်နည်းကိုမေမေ့ရှီကပဲ သင်ယူခဲ့တာလေ၊သူကသေချာမလုပ်တတ်သေးပေမဲ့ဆော့ဂျင်Hyungကတော့ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်ခဲ့တယ်၊ဒါကြောင့်သူတို့ကော်ဖီဆိုင်လေးမှာကိတ်လေးတွေပါလုပ်ပြီးရောင်းတာလေ။
YOU ARE READING
𝑉
Fanfiction"ချစ်တယ် အရမ်းချစ်မိသွားတာမို့လို့ ပြန်ချစ် ပြန်မချစ်ရင် သတ်မှာနော်" "ဘယ်လိုဖြစ်လို့ အကြမ်းနည်းတွေပဲသုံးချင်နေရတာလဲ နူးနူးညံ့ညံ့လေးချစ်ကြည့်ပါလား"