ထယ်ယောင်း ဂျောင်ဂုရှီကထွက်လာပြီး ကုမ္မဏီကိုရောက်လာခဲ့တယ်။
"Boss ဒီမှာနေရာ ပုံစံအမျိုးမျိုးတွေပါ ပါတယ် အသေချာရိုက်ကူးလာခဲ့တာမို့ Bossစစ်ကြည့်လို့ရပြီ၊ကျွန်တော်လဲ ဓာတ်ပုံဆရာယူလာထဲက သေချာပြန်စစ်ကြည့်ထားပါတယ်"
"ဟုတ်ပြီလေ ဒါဆို ငါယူသွားမယ် ကျန်တာတွေကိုဆက်လုပ်ထားကြခိုင်းလိုက် အမှားယွင်းရှိတာမလိုချင်ဘူး"
"ဟုတ်ကဲ့ပါ Boss"
လက်ထဲက ပုံတွေပါတဲ့ဖိုင်တွဲကို တစ်ချက်ကြည့်လိုက်တယ်၊သူ့တို့ကုမ္မဏီရဲ့အဓိကအချက်ဖြစ်တဲ့ ၀ိုင်ကြေငြာတဲ့လုပ်ငန်းမှ ထည့်သွင်းမလို့ နေရာကောင်းတွေရဲ့ပုံကိုရှာပြီး ဓာတ်ပုံရိုက်ခိုင်းလိုက်တာ၊သူကိုယ်တိုင်ရှာချင်ပေမဲ့ တစ်ဖက်ကအလုပ်တွေနဲ့ရော မအားလို့ လွှတ်ထားရတာ၊သူ့ရုံးခန်းထဲ၀င်လာပြီး အလုပ်စားပွဲရှေ့က ထိုင်ခုံပေါ်မှာထိုင်လိုက်တယ် သူ့အတွင်းရေးမှုး ဒီရို ယူလာပေးတဲ့ပုံတွေကိုကြည့်လိုက်တယ် မဆိုးတော့မဆိုးပါဘူး၊ဆိုင်နေရာပုံစံတွေကို အပြင်ကကော အထဲကပါရိုက်လာခဲ့တဲ့ပုံတွေပဲ
"အား ညောင်းလိုက်တာကွာ ဟိုခွေးမျိုးတွေကိုဆော်ခဲ့ရတော့ ညောင်းကိုက်နေတာ ချီးလိုပဲ၊ ဟင် ဒါလေးကဘာလေးလဲ"
သူပုံတွေကိုကြည့်ရင်း နောက်ဆုံးတစ်ပုံက မီးသီးလေးတွေနဲ့အလှဆင်ထားတဲ့ လူကြီးကော၊လူငယ်ကော လာလို့ရတဲ့ အပျော်သဘောစောင့်ထားတဲ့ ဆိုင်လေးဖြစ်မယ် လူမျိုးစုံကိုတွေရတယ် အဲ့ဆိုင်တစ်ဆိုင်လေးရဲ့ထောင့်မှာ ဖြူလွှလွှပုံရိပ်လေး ဘေးကသူ့သူငယ်ချင်းနဲ့စကားရပ်ပြောနေတယ်လို့ ထင်ရပြီ ဘေးတစ်စောင်းမြင်နေရတယ်၊ဘေးတစ်စောင်းဆိုပေမဲ့ ဒီလိုဘေးတစ်စောင်းမြင်နေရတာတောင် အဲ့အဖြူပုံရိပ်လေးက လှတယ်၊သူတော်တော်ကြာအောင်ကြည့်နေမိတယ် ဓာတ်ပုံရိုက်ရင်း ပါလာတဲ့ ဒီအဖြူရောင်လေးကို အချိန်ဘယ်လောက်ကြာအောင်စိုက်ကြည့်နေမိလဲမသိ သူ့အတွင်းရေးမှုး အသံကြားမှ သတိပြန်၀င်လာတယ်။
"Boss Boss!!!"
"ဟမ် ဘာ...ဘာလဲကွာ မင်းကလဲ"
"ကျွန်တော်ခေါ်နေတာကြာပြီ Bossကမကြားလို့ပါ ဒီထဲက ကြိုက်တဲ့နေရာများရှိလားလို့မေးမလို့ပါ"
YOU ARE READING
𝑉
Fanfiction"ချစ်တယ် အရမ်းချစ်မိသွားတာမို့လို့ ပြန်ချစ် ပြန်မချစ်ရင် သတ်မှာနော်" "ဘယ်လိုဖြစ်လို့ အကြမ်းနည်းတွေပဲသုံးချင်နေရတာလဲ နူးနူးညံ့ညံ့လေးချစ်ကြည့်ပါလား"