ဂျီမင် ကင်မ်ထယ်ယောင်းကိုရှောင်နေတာ ၅ရက်လောက်ရှိပြီ သူအပြင်လဲမထွက်သလို သင်တန်းလဲမသွားဘူး သူ့အချစ်ဆုံးသူငယ်ချင်း ဟိုဆော့ကိုတောင် ဖုန်းသိပ်မဆက်ဘူး အဲ့ကောင်ကလဲ ဆက်စရာကိုလိုမယ်မထင်ဘူး သူ့လူ မင်ယွန်ဂီနဲ့သာယာနေတာ ဟိုတစ်နေ့ကတောင် မင်ယွန်ဂီလာခေါ်လို့အတူတူလျှောက်လည်နေတာတဲ့ သူငယ်ချင်းက အိမ်တွင်းပုန်းနေသလောက်သူကသာယာနေတာ နောက်မှတွေ့ဦးမယ်။
"အား....စိတ်ညစ်လိုက်တာ တကယ်ပဲ အဲ့ဒါ ဟိုလူဆိုးကောင်ကင်မ်ထယ်ယောင်းကြောင့်"သူဆံပင်တွေဆွဲဖွကာအော်ဟစ်ပြစ်လိုက်ပြီး ထယ်ယောင်းကို ဆဲပြစ်လိုက်မိတယ် နောက်မှ ပါးစပ်လေးက်ိုလက်လေးနဲ့သာသာလေးမသိမသာပိတ်မိသွားတယ်။
"ဟင့် ဗိုက်ဆာတယ် မေမေကလဲ မရှိဘူး Hyungကလဲအိမ်မှာမရှိနဲ့ ငါရူးချင်တယ်"
တကယ်ပဲရူးတော့မယ် သူဗိုက်ဆာနေတာ အပြင်ပဲထွက်၀ယ်စားလိုက် ရတော့မလား၊ဟိုလူရမ်းကားနဲ့တော့ မတွေ့လောက်ပါဘူးနော်။
"ဘာပဲဖြစ်ဖြစ်ကွာ သွား၀ယ်စားမယ် တွေ့တော့လဲ ဘာဖြစ်လဲ မသိချင်ယောင်ဆောင်သွားလိုက်မှာပေါ့"
တစ်ယောက်ထဲရေရွတ်ရင်း လမ်းထိပ်က မုန့်ဆိုင်လေးကိုထွက်လာလိုက်တယ် လမ်းတစ်လျှောက်လုံးဘယ်သူမှတော့မတွေ့၊သူမေ့နေတာ ကင်မ်ထယ်ယောင်းကဘယ်လိုလို့ အားမှာလဲ သူ့ကုမ္မဏီကြီးတစ်ခုလုံးရှိနေတာကို သူ့ကိုဘယ်လိုလို့ တွေ့မှာလဲ။
"ငါလဲတော်တော်တုံးပါလားနော် ဟိုကသူ့ဟာသူတောင်အားပါ့မလားမသိတာကို ဟီး ကိုယ့်ဟာကိုယ်အေးဆေးသွားလို့ရပြီ"
ဂျီမင် ခုန်ဆွ ခုန်ဆွနဲ့ လမ်းလျှောက်လာတာ မုန့်ဆိုင်တောင်ရောက်ပြီ ဆိုင်ထဲကိုအ၀င် ဆိုင်အ၀လောက်တွင်လူတစ်ယောက်နဲ့တိုက်မိတော့တယ်
"အ့....နာလိုက်တာ"
"ဟိုအဆင်ပြေရဲ့လားဗျ"
"ဟမ်...အော် အင်း ရပါတယ်"
ရှောင်ဖန်ဗိုက်ဆာလို့ လမ်းသွားရင်းမုန့်ဆိုင်လေးတွေ့တာနဲ့ ၀င်၀ယ်စားရင်း အပြန်တွင်အပြင်ထွက်ထွက်ချင်း ကောင်လေးတစ်ယောက်နဲ့တိုက်မိပြီး ထိုကောင်လေးကလဲကျသွားခဲ့တယ် သူလဲ တိုက်မိတဲ့ အရှေ့ကောင်လေးကို တောင်းပန်စကားဆိုလိုက်တော့ သူ့ကိုမော့ကြည့်ကာ သူအဆင်ပြေကြောင်း ပြန်ပြောတဲ့ကောင်လေးကို ကြည့်မိလိုက်တော့ လှလိုက်လေခြင်းဆိုတာ တော်တော့်ကိုမှလှတယ်။
YOU ARE READING
𝑉
Fanfiction"ချစ်တယ် အရမ်းချစ်မိသွားတာမို့လို့ ပြန်ချစ် ပြန်မချစ်ရင် သတ်မှာနော်" "ဘယ်လိုဖြစ်လို့ အကြမ်းနည်းတွေပဲသုံးချင်နေရတာလဲ နူးနူးညံ့ညံ့လေးချစ်ကြည့်ပါလား"