ဂျီမင်နဲ့ဟိုဆော့ တစ်နေကုန်လျှောက်သွားလိုက်တာ ညနေစောင်းလို့ 6နာရီကျော်နေပြီမို့ အိမ်ပြန်လာခဲ့လိုက်တယ် ဟိုဆော့ကသူ့အိမ်ကိုပြောပြီး ဂျီမင်အိမ်မှာလိုက်အိပ်တယ် ဆော့ဂျင်Hyungက မုန့်လုပ်ကျွေးမယ်ပြောတာငြင်းစရာလား။
"Hyung ကျွန်တော်တို့ပြန်ရောက်ပြီ"
ဂျီမင်ဧည့်ခန်းထဲကနေ လှမ်းအော်လိုက်တော့ ဆော့ဂျင်ကမီးဖိုချောင်ထဲကနေထွက်လာပြီး
"ပြန်လာကြပြီလား Hyungတောင်မိုးချုပ်တော့မှာမို့ ဖုန်းဆက်တော့မလို့ သွားသွား ရေသွားချိုးကြ ပြီးရင်ညကြမုန့်စားရင်းTvကြည့်ကြမယ် ဟိုဆော့က Hyung အင်္ကျီယူ၀တ်လိုက်နော် ဂျီမင်ကြတော့ မင်းနဲ့ ဆိုဒ်သေးနေမှာ"
"ဟုတ်ကဲ့ Hyung ကျွန်တော်တို့ရေချိုးမြန်မြန်ချိုးပြီး ဆင်းလာခဲ့မယ်နော် လာဂျီမင်"
"အံမယ် သူကများ သူအိမ်သူ့ရာလိုနဲ့ လာပြီး"
ဂျီမင်ပွစိပွစိပြောရင်း ဟိုဆော့နဲ့အတူပေါ်ကိုတက်သွားတယ်၊ဆော့ဂျင်ကတော့ရီရင်းပဲကြည့်နေတော့တယ်၊ပြီးတော့ မီးဖိုခန်းထဲမှလုပ်လက်ဆCakeလေးကိုပြန်လုပ်နေတယ်၊သူအရမ်းပျော်နေတာ သူ့ရဲ့ အုန်းသီးလုံးလေးကိုတွေ့လိုက်ရလို့။
"ဟျောင် ဒီနေ့ ငါတို့ ယွန်းဂီကြီးကိုတကယ်တွေ့ခဲ့တာနော် ပြီးတော့ သူ့ဘေးနားမှာ ဟိုဂျွန်ဂျောင်ဂုကော"
"ဟုတ်တယ် ငါရင်တွေတော်တော်ခုန်နေ အခုထိသူ့ကိုမြင်တိုင်း"
"ခနခနငြင်းခံရတာကို မမှတ်ဘူး"
"မင်းကလဲ ငါကချစ်မိတဲ့သူလေကွာ ဘယ်လိုလိုဖြစ်ဖြစ်ချစ်တာကချစ်တာပေါ့"
ဂျီမင်က မနိုင်ဘူးဆိုတဲ့အကြည့်နဲ့ မင်ယွန်းဂီတို့နဲ့တွေ့ခဲ့တဲ့ လူအကြောင်းမေးလိုက်တယ်
"ဒါနဲ့ ဟိုဆော့ မင်ယွန်းဂီတို့ ဘေးမှာပါလာတဲ့ လူကကော ငါတစ်ခါမှ မတွေ့ဖူးဘူး"
"အဲ့ဒါက ကင်မ်ထယ်ယောင်းလေ Kim ကုမ္မဏီရဲ့ သူဌေး၊ မင်းမသိတာမဆန်းပါဘူး ကင်မ်ထယ်ယောင်းက ခပ်အေးအေးပဲနေတာလေ ရေခဲတုံး အလားပဲ၊ယွန်းဂီတို့နဲ့ တစ်ဖွဲ့ထဲပဲ၊ ဒါတောင်တစ်ယောက်ကျန်သေးတယ် မပါလာတာဖြစ်မယ်"
YOU ARE READING
𝑉
Fanfiction"ချစ်တယ် အရမ်းချစ်မိသွားတာမို့လို့ ပြန်ချစ် ပြန်မချစ်ရင် သတ်မှာနော်" "ဘယ်လိုဖြစ်လို့ အကြမ်းနည်းတွေပဲသုံးချင်နေရတာလဲ နူးနူးညံ့ညံ့လေးချစ်ကြည့်ပါလား"