"ဂျီမင်ရေ ထတော့လေကွာ အောက်မှာ ဟိုဆော့ရောက်နေပြီ မင်းသင်တန်းမသွားဘူးလား"
"၅မိနစ်ပဲ Hyung"
"ဘာကို ၅မိနစ်လဲ မင်း၅မိနစ်၅မိနစ်နဲ့ နာရီခွဲလောက်ရှိနေပြီ"
ဒီကောင်လေးတော်တော်အအိပ်မက်တာ မိန်းမရရင် ဘယ်လိုလုပ်မလဲ မသိဘူး၊မိန်းမအထောင်းခံရမဲ့ရုပ်နဲ့ ငါ့ညီတော့သနားစရာ။
"ဂျီမင် ထတော့လို့ အေး မင်းမထရင်မင်းရဲ့Strawberryတွေ ငါဟိုဆော့ကို ကျွေးလိုက်တော့မှာနော်"
"ထပြီ ထပြီ ကျွန်တော်မြန်မြန်ပြင်ဆင်လိုက်မယ် ၁၀မိနစ်ပဲစောင့် ၁၀မိနစ်ပဲ"
"ပြီးတာပဲ မြန်မြန်လုပ်ခဲ့"
ဆော့ဂျင်ခြိမ်းခြောက်လိုက်မှ ဂျီမင်လဲနိုးလာပြီး ပြင်ဆင်စရာရှိတာပြင်ဆင်လိုက်တော့တယ်၊ပေါ့ပေါ့ပါးပါးပါးတီရှပ်အဖြူတစ်ထည်ကိုကောက်၀တ်ပြီး အောက်ကို ပြေးဆင်းလာလိုက်တယ်။
"ဟိုကောင်ဟိုဆော့ သူ့Strawberryတွေအကုန်ယူသွားလိမ့်မယ် မဖြစ်ဘူး မဖြစ်ဘူး"
ဂျီမင် ပြေးဆင်းလာတာမြင်တော့ ဟိုဆော့မှ
"ဘာလို့အိမ်ထဲပြေးနေတာလဲ မင်းမုန့်တွေကို ဘယ်သူမှမစားဘူးနော် ဟျောင်"
"မယုံပါဘူး မင်းကို"
"ဖြစ်ရမယ်"
ဂျီမင်ကို မျက်စောင်းထိုးပြီး ပြောလိုက်သာ ဟိုဆော့ရယ်ပါ
"ကဲကဲ စားစရာရှိတာစားကြ သင်တန်းသွားရဦးမှာကို"
"ဟုတ်ကဲ့ Hyung"
ဂျီမင်နဲ့ဟိုဆော့လဲ အိမ်ကထွက်လာကြပြီးတော့ လမ်းမှာစကားပြောရင်းသင်တန်းကိုထွက်လာကြတော့တယ်။
"ဟိုဆော့ မင်း မင်ယွန်းဂီကို ချစ်နေသေးတာလား"
"အင်း ငါကတစ်လ၊နှစ်လချစ်ခဲ့ရတဲ့သူမှာမဟုတ်တာ"
"ဘာပဲဖြစ်ဖြစ် မေတ္တာစစ် မေတ္တာမှန်ရင် ရောင်ပြန်ဟပ်မှာပါကွာ"
"အေးပေါ့ကွာ ငါလဲအဲ့လိုပဲမျှော်လင့်ပါတယ်"
သူတို့သင်တန်းရောက်တော့ ကားအနက်ရောင်တွေ ၄စီးလောက်တန်းစီထားတာကိုတွေ့တယ်။
YOU ARE READING
𝑉
Fanfiction"ချစ်တယ် အရမ်းချစ်မိသွားတာမို့လို့ ပြန်ချစ် ပြန်မချစ်ရင် သတ်မှာနော်" "ဘယ်လိုဖြစ်လို့ အကြမ်းနည်းတွေပဲသုံးချင်နေရတာလဲ နူးနူးညံ့ညံ့လေးချစ်ကြည့်ပါလား"