ဆော့ဂျင် အခုထိသူ့အိပ်ရာထဲကမထွက်ရသေးပါ သူဘာလို့အဲ့လောက်ရှက်နေမိလဲ လာမပြောနဲ့ သူမှအနမ်းမခံရဖူးတာ ပြီးတော့ သူ့သူသဘောကျနေတဲ့ကောင်လေးရှီကနေအနမ်းခံလိုက်ရတာလေ အား ရူးတော့မှာပဲ ဆော့ဂျင်အတွေးတွေက အိမ်ရှေ့ဘဲလ်တီးသံကြောင့် ရပ်တန့်သွားခဲ့တယ်
"ဟင် ဂျီမင်များလား ထူးထူးဆန်းဆန်း ကိုယ့်ဟာကိုယ်၀င်မလာပဲ ဘဲလ်တီးနေသေးတယ် ဒီကောင်လေးတော့"
ဆော့ဂျင်လဲ အခန်းထဲကထွက်လာလိုက်ပြီး အိမ်ရှေ့တံခါးဖွင့်လိုက်ချင်းချင်းပဲ မြင်လိုက်ရတဲ့သူက
"ဟင် ဂျီမင်"
သူ့ညီဂျီမင်ကို ဟိုကင်မ်ထယ်ယောင်းဆိုတဲ့ ကောင်လေးက ပွေ့ထားတာ ဟိုငနာလေးကလဲ အိပ်ပျော်နေတာလား ဘယ်လိုလုပ် ကင်မ်ထယ်ယောင်းနဲ့ဂျီမင်ကသိသွားရတာလဲ။
"ကားပေါ်မှာ အိပ်ပျော်လာလို့ မနိုးချင်လို့ ကျွန်တော် ချီလာခဲ့တာပါ"
"ဟင် အော် ဂျီမင်တို့ကတော့လုပ်ချလိုက်ပြန်ပြီ အားနာလိုက်တာ ကူညီလက်စနဲ့လေ အပေါ်ထပ်ကသူ့အခန်းထဲလေးကိုပါ ပို့ပေးခဲ့လို့ရမလား"
"ရပါတယ် အပေါ်ထပ်မှာမှတ်လား"
"အင် အင် ဟုတ်တယ် အပေါ်ထပ်က ညာဘက်အခန်းပါ ထယ်ယောင်းရှီး ထားခဲ့ပေးပြီးရပါပြီ Hyung ရေပတ်တိုက်ဖို့ပြင်ချင်လို့ပါ"
"ရပါတယ် အပန်းမကြီးပါဘူး"
အပန်းကြီးစရာလား သူ့အသေးလေးရဲ့ အခန်းကိုသိရမှာကို နောက်ကျ အ၀င်အထွက်ကလုပ်ရတော့မှာလေ ထယ်ယောင်းယဥ်ကျေးနေတဲ့ သူကိုယ်သူ ရယ်ချင်နေမိတယ် သူလိုလူမျိုးက အရမ်းယဥ်ကျေးတဲ့လူစားမျိုးထဲလဲမပါဘူး လူတိုင်းကိုခပ်တန်းတန်းပဲဆက်ဆံတယ် လိုအပ်မှ စကားကိုအတတ်နိုင်ဆုံးပြန်ပြောတယ် အခုကြတော့ ယဥ်ကျေးနေလိုက်တာများ သူမဟုတ်တဲ့အတိုင်း။
__
E/N-"ကိုယ့်ယောက်ဖဖြစ်လာမဲ့သူကိုမယဥ်ကျေးလို့ရမလား ကင်မ်ထယ်ယောင်းရှီးရေ"ထယ်ယောင်း-"နင့်အလုပ်လား ရေးစရာရှိတာဆက်ရေး ငါ့ဟာငါသိတယ်"
E/N-"ဟုတ် မှားပါတယ်"
__
ထယ်ယောင်းအခန်းထဲ၀င်သွား
တော့ ရလိုက်တဲ့ အနံလေးကြောင့် စိတ်ကိုကြည်လင်သွားရတယ် နှင်းဆီနဲ့ မက်မွန်နံ့လေး ဂျီမင်ရှီက ရနေတဲ့ မက်မွန်နံလေးလိုမျိုးပေါ့ အခန်းထဲမှာလဲ ပန်းလေးတွေမျိုးစုံရယ် ပန်းချီတွေရယ် စာအုပ်စင်လေးရယ် စိတ်ကို အကြည်ဓာတ်ပေးစေတယ် အထူးသဖြင့် သူ့လက်ပေါ်က လူရှီကနေပိုပြီး အကြည်ဓာတ်လေးရတယ်။
YOU ARE READING
𝑉
Fanfiction"ချစ်တယ် အရမ်းချစ်မိသွားတာမို့လို့ ပြန်ချစ် ပြန်မချစ်ရင် သတ်မှာနော်" "ဘယ်လိုဖြစ်လို့ အကြမ်းနည်းတွေပဲသုံးချင်နေရတာလဲ နူးနူးညံ့ညံ့လေးချစ်ကြည့်ပါလား"