"ကျစ် စောက်လုပ်ကိုဘယ်လိုတွေလုပ်နေကြတာလဲ ဒန်နီရယ် ကိုငါဟိုဘက်ကိုအာရုံစိုက်ခိုင်းထားတာနဲ့ ဒီဘက်ကို မင်းတို့က မထိန်းချုပ်နိုင်တော့ဘူးလား ဟမ်!!!"
"တောင်းပန်ပါတယ် သခင်လေး ကျွန်တော်တို့ လက်နက်တွေကိုနယ်စပ်ကို သေချာရောက်အောင်ကိုပို့ခဲ့တာပါ"
"ဒါဆို အခု ဒါကဘယ်လိုတွေဖြစ်ကုန်တာလဲ မင်းပြောကြည့်လေ"
ထိုအချိန်အဖွဲ့သားထဲက တစ်ယောက်မှ
"ကျွန်တော် တစ်ခုလောက်ပြောပါရစေ သခင်လေး ဒီကိစ္စက ဟိုဘက်က Mr.Yooတို့နဲ့ပတ်သက်နေတယ်လို့ ထင်ပါတယ် ကျွန်တော်တို့ လက်နက်တွေပို့ပြီး ပြန်အထွက်မှာ Mr.Yooရဲ့လူ ဖန်ရှောင်နဲ့တွေ့ခဲ့ပါတယ်"
ထယ်ယောင်း မျက်မှောင်ကြုံ့မိလိုက်တယ်Mr.Yoo ဒီအဘိုးကြီးက တရုတ်မှာမဟုတ်ဘူးလား ဒီကိုပြန်ရောက်နေပြီပေါ့ ဖန်ရှောင် ဆိုတဲ့ သူ့နောက်လိုက်ခွေးလေးပါပြန်ပါလာပြီပေါ့ ဖန်ရှောင်ဆိုတာ သူနဲ့ ကျောင်းတုန်းကပြဿနာဖြစ်တဲ့ကောင် သူလုပ်ပေးလိုက်လို့ လက်ကျိုးပြီး ကျောင်းထွက်သွားတဲ့ကောင်၊ကျောင်းတွေပြီးလို့ အပြင်ရောက်တာတောင် ဒီကောင်ကအငြိုးမပြေပဲ သူ့ကိုဒုက္ခပေးချင်နေတာ ကင်မ်ထယ်ယောင်းဆိုတဲ့ကောင်က ဒါမျိုးကို ငြိမ်ခံနေမဲ့သူမို့လို့လား သူကဦးပြီး ဆော်ပေးလိုက်တာ ဒီကောင်မိသားစုတွေရော ဒီကောင်ရော စီးပွားပျက်သွားခဲ့တယ် နောက်တော့ Mr.Yooဆိုတဲ့ အဘိုးကြီးရှီကို လက်အောက်ခံ၀င်သွားတယ်တဲ့လေ ဒီအဘိုးကြီးကလဲ ထယ်ယောင်း အဘိုးရဲ့ အလုပ်ကို ၀င်၀င်ဖြတ်ခုတ်လွန်းလို့ သူ့အဘိုးလက်ချက်နဲ့ နာလန်ပြန်မထူနိုင်အောင် ဖြစ်သွားခဲ့တာ အခုမှပြန်လာပြီး သူ့လုပ်ငန်းကို ရာရာစစလာထိပါးရဲတယ်ပေါ့ အဟွန်း ဒီကောင်ကလဲ ဒါကိုမှကြိုက်တာ။
"ငါ့ကို ၀ီစကီတစ်ခွက်ရယ် ဆေးလိပ်ရယ် ယူလာပေး"
"ဟုတ်ကဲ့ သခင်လေး"
ထယ်ယောင်း သူ့အရှေ့က ဆိုဖာပေါ်မှာထိုင်လိုက်ပြီး ခြေထောက်ကို အရှေ့စားပွဲပေါ်တင်ထားလိုက်တယ်၊ ဆိုဖာနောက်ကို ခေါင်းမှီထားပြီး အင်္ကျီကြယ်သီးနှစ်လုံးကိုဖြုတ်ထားတယ် ထိုအချိန် ဒန်နီရယ် ရောက်လာခဲ့ပြီး ယူလာပေးတဲ့ ၀ီစကီခွက်ကို လက်တစ်ဖက်မှာကိုင်ထားပြီးနောက်ဖက်မှာတော့ ဆေးလိပ်ကို လက်ညိုးနဲ့ လက်ခလည်ကြားညှပ်ထားတယ် သူအခု သူ့ဒေါသမီးကိုထိန်းနေတာ ဘယ်လိုလုပ်ရမလဲ သူအဲ့အဘိုးကြီးနဲ့ ရှောင်ဖန်ဆိုတဲ့အကောင်ကိုသတ်ချင်လွန်းလို့ ဘယ်လိုလိုလုပ်ရမလဲ နောက်မှာ မျက်နှာပေါ်တွင် နတ်ဆိုးလိုအပြုံးတစ်ခု ပေါ်လာပြီး
YOU ARE READING
𝑉
Fanfiction"ချစ်တယ် အရမ်းချစ်မိသွားတာမို့လို့ ပြန်ချစ် ပြန်မချစ်ရင် သတ်မှာနော်" "ဘယ်လိုဖြစ်လို့ အကြမ်းနည်းတွေပဲသုံးချင်နေရတာလဲ နူးနူးညံ့ညံ့လေးချစ်ကြည့်ပါလား"