ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းစာရင်း၀င်ကုမ္မဏီတစ်ခုဖြစ်တဲ့Kim ကုမ္မဏီရဲ့ အောင်မြင်မှုကကြောက်စရာကောင်းလွန်းသလိုချီကျူးစရာလဲကောင်းတယ်။ဒီကုမ္မဏီက ကင်မ်ဂွမ်ဂျူ လက်ထပ်မှာထဲက တိုးတတ်လာတာ အခုသူ့ရဲ့သား V လက်ထဲမှာပိုတောင် တိုးတတ်လာခဲ့သေးတယ်၊ငယ်ငယ်လေးထဲက အဖေဖြစ်သူရဲ့အလုပ်ကို စိတ်ပါပါနဲ့လေ့လာခဲ့တယ်၊အခုဖအေဖြစ်သူက အလုပ်တွေနားလိုက်ပြီမို့သူ့ရဲ့သားဖြစ်သူကVကဆက်ပြီး ကုမ္မဏီကို ကိုင်တွယ်တယ်၊တိုးတတ်လာမှုကြီးကတော့ကြက်သီးထဖို့ကောင်းလောက်တယ်၊ကိုရီးယားမှာတင်မကပဲ အမေရိကန်၊စင်ကာပူ၊လိုနိုင်ငံတွေရယ် တစ်ခြားသောနိုင်ငံတွေထိသူ့ရဲ့၀ိုင်လုပ်ငန်းတွေကိုချဲ့ထွင်နိုင်ခဲ့တယ်၊ဒါတင်မဟုတ်သေးပဲ၊ကားတွေနဲ့ကားဘက်ကဆိုင်ရာပစ္စည်းတွေကိုပါ ချဲ့ထွင်နိုင်ခဲ့တယ်၊Kim ကုမ္မဏီရဲ့လုပ်ငန်းတွေအကြောင်းပြောရရင် ကုန်မှာတောင်မဟုတ်ဘူး။သူတို့တစ်ယောက်တစ်ပေါက် စကားတွေပြောနေကြချိန်သတင်းထောက်များကရုတ်တရက်ကုမ္မဏီအပြင်ဘက်ကိုပြေးထွက်သွားပြီး ဓာတ်ပုံတွေစတင်ရိုက်ကြတော့တယ်။
"သူရောက်လာပြီနဲ့တူတယ်"
"ဟုတ်တယ်ဗျာ အမြဲတမ်းမျက်နှာသေနဲ့ပါပဲ အကြည့်တွေကတော့အမြဲစူးရှနေတာပဲ တော်ချက်ကလဲ အသက် ၂၅နှစ်ထဲနဲ့ ဘယ်သူမှလက်လှမ်းမမှီနိုင်တဲ့နေရာမှာ"
နောက်ဆုံးပေါ်ကားအနီလေးပေါ်ကနေ ဆင်းလာသူ Kimကုမ္မဏီရဲ့သူဌေးဖြစ်သူ Vအောက်ခံရောင်အင်္ကျီအဖြူကို၀တ်ထားပြီးနီညိုရောင်ကုတ်ကိုထပ်ထားကာဘောင်းဘီ နီညိုရောင်၀မ်းဆက်နဲ့၊လက်မှာ Gucci တံဆိပ်နဲ့ နာရီကိုရိုးရိုး ရှင်းရှင်း ၀တ်ဆင်ထားတယ်။ဆံပင်နက်မှောင်မှောင်၊မျက်လုံးအညိုတွေနဲ့အမျိုးသားက ကုမ္မဏီထဲကို တစ်လှမ်းချင်း စတိုင်ကျကျ၀င်လာတယ် သတင်းထောက်တွေကတော့အဝေးကနေဓာတ်ပုံတွေရိုက်နေကြတယ်၊အနီးကပ်တော့ဘယ်သူမှဘားမှသွားမမေးရဲသလို၊ဓာတ်ပုံလဲမရိုက်ရဲကြဘူ။Vရဲ့ မျက်နှာသေနဲ့တစ်ချက်ကြည့်ရုံနဲ့တင် သူတို့ပြာကျသွားလောက်လို့ပဲ။
"Hello Mr .V တွေ့ရတာ၀မ်းသာပါတယ်၊အလုပ်အတူထဲလုပ်လာတာကြာပေမဲ့ အခုမှပထမဆုံးတွေ့ဆုံဖူးတာပါ"
YOU ARE READING
𝑉
Fiksi Penggemar"ချစ်တယ် အရမ်းချစ်မိသွားတာမို့လို့ ပြန်ချစ် ပြန်မချစ်ရင် သတ်မှာနော်" "ဘယ်လိုဖြစ်လို့ အကြမ်းနည်းတွေပဲသုံးချင်နေရတာလဲ နူးနူးညံ့ညံ့လေးချစ်ကြည့်ပါလား"