ထယ်ယောင်း သူ့ကိုရှောင်နေတဲ့ ဂျီမင်ကြောင့် ဒေါသလေးမဆိုသလောက်ထွက်လာရတယ်၊အရင်အပတ်က အိမ်ပြန်လိုက်ပို့ပြီးထဲက သူ့ကိုရှောင်နေတာ ဖုန်းဆက်လဲမကိုင် သင်တန်းသွားရှာတော့လဲ မရှိဘူး၊သူအခုလုပ်တွေထပ်နေလို့ ခဏလွှတ်ထားပေးတာကို အဟုတ်ထင်နေတယ်၊ရုံခန်းထဲမှာထိုင်ပြီး ဒေါသပဲထွက်နေလို့မရဘူး ဒီအသေးလေးကို ကြမ်းပြစ်မှရတော့မှာ ဒီလိုပုံစံတွေလုပ်ပြီးလူကို ကလိနေတာ။
"အဟွန်း ဒီနေ့အဖြေကိုရအောင်ကိုတောင်းမယ်"
ထယ်ယောင်း ဒီရိုကိုလှမ်းခေါ်လိုက်ကာ အစည်းဝေးကိုဒီနေ့သူမတတ်မဲ့အကြောင်းပြောပြီး အသေးလေးရှီထွက်လာခဲ့လိုက်တယ်၊လမ်းလေးထဲအ၀င်တွင် ဖြူလွှလွှအရိပ်လေး တစ်ခု ကြည့်လိုက်တော့ ဆိုင်တစ်ဆိုင်မှာ လူတစ်ယောက်နဲ့ အဲ့လူကလဲ တစ်ခြားလူမဟုတ် ဟို ရှောင်ဖန်ဆ်ိုတဲ့ကောင် ဒီကောင်က ဒီမှာဘာလုပ်နေတာ ပြီးတော့ သူ့အပိုင် သူ့အပိုင်ရဲ့ လက်တွေကို ဒီကောင်က ဘာလို့ဆွဲထားရတာလဲ ဒေါသတွေကထိန်းမရအောင်ထွက်လာပြီး ချက်ချင်းပဲ ဆိုင်ရှေ့ကိုရောက်သွားကာ ဂျီမင်ကိုသူ့ဘက်ကိုဆွဲခေါ်လိုက်ပြီး ရှောင်ဖန်ဆိုတဲ့ကောင်ကိုစူးရဲစွာကြည့်ပေးလိုက်တယ်"အဟွန်း ငါ့အပိုင်ကို ထိရဲတယ်ပေါ့" သူနဲ့ရှောင်ဖန်စကားများနေတော့ သူ့လေးက အသေးလေးဟာဘားမှမပြောပဲငြိမ်နေတယ် အခုမှကြောက်တတ်နေတာ အရှေ့ကခွေးကောင်ကိုစကားဖြတ်ပြီး ကားရှိရာနေရာသို့ဆွဲခေါ်လာပြန်တော့လဲငြိမ်ငြိမ်လေးပါလာတယ် အသံကိုမြင့်ကာ ၀င်လို့ခြိမ်းခြောက်လိုက်တော့လဲ ချက်ချင်းကို၀င်သွားရော ကြောက်တတ်နေလိုက်တာ ပတ်ခ်ဂျီမင်တို့ သေလောက်အောင်လဲချစ်ဖို့ကောင်းနေတာ။
"အဖြေပေးတော့ ဟန်နီ ကိုယ်မစောင့်နိုင်တော့ဘူး ပြီးတော့ ကိုယ်အပြစ်ကို သိတယ်မှတ်လား ဟမ်~~"
ဂျီမင်သူ့ရှေ့ကနေ အဖြေကိုခြိမ်းခြောက်ကာတောင်းနေတဲ့ ထယ်ယောင်းကြောင့် ငိုချင်လာတယ် သူသေချာစဥ်းစားချင်သေးတာကို လူဆိုးကောင်က အတင်းပဲ ကြမ်းရမ်းလိုက်တာလဲ ပြောမနေနဲ့။
"ငါ ငါ...စဥ်းစားနေတုန်းဟာကို"
"ကျစ်...ကြာတယ်ကွာ ကိုယ်ကိုမစောင့်နိုင်ဘူး အခုလိုချင်တယ် အခုပဲပေး"
YOU ARE READING
𝑉
Fanfiction"ချစ်တယ် အရမ်းချစ်မိသွားတာမို့လို့ ပြန်ချစ် ပြန်မချစ်ရင် သတ်မှာနော်" "ဘယ်လိုဖြစ်လို့ အကြမ်းနည်းတွေပဲသုံးချင်နေရတာလဲ နူးနူးညံ့ညံ့လေးချစ်ကြည့်ပါလား"