Part-7:🍷

556 33 1
                                    

ဟိုဆော့ ယွန်းဂီဆွဲခေါ်သွားတဲ့နောက်လိုက်လာမိတာ ယွန်းဂီရဲ့ကားထဲရောက်မှသတိ၀င်တယ်

"ဆော့"

"ဟင်"

နေပါဦး အခု ငါအိမ်မက်မက်နေတာလား မင်ယွန်းဂီဆိုတဲ့လူမျိုးကသူ့ကိုဒီလိုခေါ်ဖို့မပြောနဲ့ အသားချင်ထိတာတောင်ကြိုက်တာမဟုတ်တာ အခုသူ့ကားထဲထိငါ့ကိုဆွဲခေါ်လာတာလေ ငါ့လက်ကိုကိုင်ပြီး။

"ကိုယ်တောင်းပန်ပါတယ်"

သူ့ကိုရုတ်တရက်ကြီးလာတောင်းပန်နေတဲ့ မင်ယွန်းဂီကြောင့် ထပ်ပြီးအံ့သြသွားရပြန်တယ်

"ဘာ...ဘာကိုတောင်းပန်နေတာလဲဟင်"

"ဖြစ်ခဲ့တာတွေအကုန်လုံးအတွက် ပြီးတော့ ကိုယ်ဟိုဆော့အပေါ်ပြောခဲ့မိတာတွေအတွက်ရော"

"အာ ရပါတယ် မလိုပါဘူး ကျွန်တော်....ကျွန်တော်က အတင်းလိုက်နှောက်ယှတ်နေခဲ့မိတာကို မင်ယွန်းဂီဘက်ကိုလဲ ကျွန်တော်ကပဲပြန်တောင်းပန် အွန့်...!!!"

သူ့ကိုမကြည့်ပဲခေါင်းငုံ့ပြီး ပြန်တောင်းပန်နေတဲ့ အရှေ့ကရှဥ့်ပေါက်ကို အသဲယားလာလို့ ကောက်နမ်းပြစ်လိုက်မိတယ် အသဲယားအောင်လို့လာလုပ်တာလေ ကိုယ့်အပြစ်တော့မဟုတ်ဘူးနော်။

ရုတ်တရက် သူ့ကိုလာနမ်းတဲ့ ယွန်းဂီကြောင့်မျက်လုံးတွေပြူးပြီး ကြောင်ကာငြိမ်နေမိတယ် သူအခုသူသဘောကျနေပါတယ်ဆိုတဲ့လူရှီကအနမ်းခံလိုက်ရတာလား

"စကားတွေ အရမ်းများလွန်းတယ် ဆော့"

"မဟုတ်...မဟုတ် အင့်.."

"ခနပါပဲ ခနလောက်ဖြစ်ဖြစ်ဖတ်ထားချင်လို့ ခွင့်ပြုပေးပါ"

ဟိုဆော့သူ့ကိုရုတ်တရက်လာထပ်ဖတ်တဲ့ ယွန်းဂီကြောင့် အံ့သြသွားပေမဲ့ သူ့ကိုခွင့်တောင်းလာတာမို့ သူလဲငြိမ်နေပေးလိုက်တယ် ခနပဲမဟုတ်ဘူး တစ်သက်လုံးလဲ ရတယ် ဟီး

သင်တန်းကြီးရဲ့ အရှေ့က သစ်ပစ်လေးရဲ့အောက်  ကားလေးထဲမှာတော့ ကျောက်ရုပ်လေးလိုငြိမ်နေတဲ့ ကောင်လေးရယ်၊ထိုကောင်လေးကို ဖတ်ပြီး မတွေ့ခဲ့ရတဲ့နှစ်တွေအစား ဖတ်ပြီး အလွမ်းတွေကိုဖြေသိမ့်နေခဲ့တယ်။

𝑉Where stories live. Discover now