"ဟာ ဟျောင်လာကွာ စေ/ာက်ရမ်းကြာတယ် မင်းကိုစောင့်နေရတာ"
Barထဲကို ၀င်၀င်ချင်းပဲကြားရတဲ့အသံက ဂျွန်ဂျောင်ဂုအသံ
"ထယ်ယောင်းမင်းဘာလို့ကြာနေတာလဲ"
ယွန်းဂီ အမေးကိုမဖြေသေးပဲ ထိုင်ခုံပေါ်၀င်ထိုင်လိုက်ပြီး ဘီယာခွက်တစ်ခွက်ကိုအရင်ယူသောက်လိုက်တယ်
"ချစ်သူလေးကို အိမ်၀င်ပို့ပြီး ခွေးတွေရှုပ်ထားတဲ့ အရှုပ်တွေကိုဖြေရှင်းနေရလို့"
"စောက်ပိုတွေလုပ်ပြန်ပြီ ချစ်သူလေးတဲ့ မင်းကိုဟိုကအဖြေတောင်ပေးရသေးလို့လား"
ဂျောင်ဂုက မဲ့ရွဲ့ပြီးပြောတော့ ထယ်ယောင်းမှ အရှေ့ကတစ်ရှူးဘူးနဲ့ကောက်ပေါက်လိုက်တယ်၊တကောက်သားကရှောင်တာတော့ တော်တော် ကျွမ်းတယ်။
"မင်းကြတော့ရော ဘားမှမဆိုင်အတင်းတွေသွားနမ်းပြီး ဟိုကကြောက်လို့ ပြေးနေတာကို စောက်ပိုတွေမပြောနဲ့"
"နေပါဦးဟ မင်းတို့ဘာတွေပြောနေကြတာလဲ ငါလဲတစ်ခုမှမသိရပါလား ချစ်သူတွေရော နမ်းတာတေတွေရော ဘာတွေလဲ ရှင်းပြကြဦးဟ"
ထိုကြမှတစ်ချိန်လုံးတရားသမားလို့ ၀စီပိတ်ကျင့်နေတဲ့ နမ်ဂျွန်ရှီမှအသံထွက်လာတော့တယ်။
"ငါ ဟိုဆော့ကိုပြန်လိုက်တော့မှာ မရရအောင်"
ယွန်းဂီက အရင်ထပြောတော့ နမ်ဂျွန်မှဘုကြည့်ကြည့်ပြီး
"အမျိုးမျိုးတွေ မင်းပဲ ကပ်တော့လဲကပ်လို့နဲ့"
"အဲ့တုန်းကခံစားချက်တွေမသေချာခဲ့ဘူးကွာ ကိုယ့်ခံစားချက်ကို အတင်းဖုံးကွယ်ဖို့လဲ ကြိုးစားခဲ့တယ် ဒီတစ်ခါတော့ အဲ့လိုမဖြစ်ရတော့ အဖြစ်လဲမခံနိုင်တော့ဘူး"
လို့ပြောပြီး ခုံးအနောက်ကိုမှီကာ မျက်လုံးတွေပြန်မှိတ်ထားတဲ့ ယွန်းဂီကိုကြည့်ပြီး သူတို့ဘားမှမပြောဖြစ် ဒီကောင်တကယ်ကြီးခံစားနေရပြီလေ စလို့မရသေးဘူး။
"ဟိုနှစ်ကောင်ကရော သဘောကျနေတဲ့ မိန်းကလေးတွေရှိနေပြီပေါ့"
"ဟာ တော်ပါကွာ ယောကျာ်းလေး၊ယောကျာ်းလေးကွ"
နမ်ဂျွန် မျက်လုံးပြူးသွားရတယ် ကင်မ်ထယ်ယောင်းကထားပါဦး ရေခဲတုံး ဟိုကောင်ဂျွန်ဂျောင်ဂုကဘယ်လိုတွေဖြစ်ကုန်တာလဲ
YOU ARE READING
𝑉
Fanfiction"ချစ်တယ် အရမ်းချစ်မိသွားတာမို့လို့ ပြန်ချစ် ပြန်မချစ်ရင် သတ်မှာနော်" "ဘယ်လိုဖြစ်လို့ အကြမ်းနည်းတွေပဲသုံးချင်နေရတာလဲ နူးနူးညံ့ညံ့လေးချစ်ကြည့်ပါလား"