Part 1🌟

3.8K 60 3
                                    

"ဟဲ့....မိဂျူး.. ထစမ်း ထ"
"ဟာ...အမေကလည်း အစောကြီးရှိသေးတယ် အိပ်ပါရစေအုံး"
"ဘာအစောလဲ မနက်7နာရီထိုးနေပီ ထတော့ ခုထ"
"ဟာ..အမေကလည်း"
"အမေက မလည်းနဲ့ ညည်းမောင်ကိုကျူရှင်ပို့ရအုံးမယ်လေ ထတော့ဆိုနေ ဆိုင်ကိုမနွယ်နဲ့ခနထားခဲ့ပီး လာနှိုးရတာဟဲ့ ထစမ်းပါမြန်မြန် "

"......"
"ဟဲ့ ထဆိုနေမှ အေး ငါကြိမ်လူံးနဲ့လာရင်ပိုဆိုးမယ်နော်"
"ဟာ အမေ ထပီထပီ "
"အေး အခုထပီး မျက်နှာသွားသစ် ပီးရင် ညည်းမောင်ကိုနှိုးပီးမနက်စာကျွေးလိုက် ကျူရှင်ပို့ရင်းမှဆိုင်ကိုဝင်ခဲ့ မုန့်ဖိုးလာယူ ကြားလား
"ဟုတ် အမေ "
"ပီးရောပီးရော အဲ့တာဆို အမေဆိုင်သွားတော့မယ် "
"ဟုတ်"

ဟုတ်ပါတယ် မနက်ဆိုအဲ့လိုပူညံပူညံနဲ့ဩဝါဒကို အိပ်ယာထဲထိလာချွေနေကြသူကတော့ဂျူးရဲ့အမေ ဒေါ်မြခက်ခက် ပါပဲ။‌အဖေဆုံးပီးတည်းက ဂျူးတို့မောင်နှစ်မကို အမေကပဲ အဖေလိုရောအမေလိုပါ စောင့်ရှောက်ခဲ့တာပါ။အဖေဆုံးပီးတော့ အိမ်ရဲ့စီးပွားရေးကျပီး နောက်ဆုံး အိမ်ဆိုင်လေးတစ်ဆိုင်ပဲ ဖွင့်ဖြစ်ခဲ့တယ် ။ ဂျူးကတော့ မနှစ်က (၁၀)တန်းကိုဂုဏ်ထူး၂လုံးနဲ့အောင်မြင်ခဲ့ပါတယ် ။ဂျူးအသက်ကတော့ (၁၆)ပြည့်ပီးပါပီ။ဒါမယ့် အပြင်အလုပ်ဆို အမေက ပေးမလုပ်တော့ ခုထိဂျူး အိမ်မှာပဲ အိမ်မှုကိစ္စလုပ်လိုက် မောင်လေးအတွက်လိုတာလုပ်ပေးလိုက် ပီးရင်‌ေတာ့ အမေနဲ့လူချင်းလဲပီး ဆိုင်ထိုင်ရပါတယ်။ အပြင်ဗဟုသုတသိပ်မရှိတော့ တခြားမိန်းကလေးတွေလို လှလှပပတော့ ဂျူးမပြင်ဆင်တတ်ပါဘူး ။မျက်နှာနဲ့ပက်သက်ပီးလည်း ဘာမှ မလုပ်တော့ ဘုလေးတွေလည်း ဟိုနား တစ်ဘု ဒီးနား တစ်ဘု နဲ့ နဲနဲတော့ ဂျူးပုံစံက စိတ်ရှုပ်စရာလေးဖြစ်နေမှာသေချာပါတယ်။(ဒါက‌တော့ဂျူးရဲ့အကြောင်းအကျဉ်းချုပ်လေးပါ)


🌟❤️🥺ဝတ္ထုရေးတာ ခုဟာ ပထမဆုံးတော့မဟုတ်ပါဘူး လွန်းအိမ် ၈တန်းလောက်တည်းက သိသလောက် ရေးဖူးပါတယ် (၁၀)တန်းတုန်းကလည်း ကျောင်းတက်ရင် အချစ်ဝတ္ထု(၂)ပုဒ်ရေးခဲ့ပါတယ် အာ့လေးတွေကစာအုပ်ထဲလက်ရေးနဲ့ရေးခဲ့တာပါ ခုမှပြန်ပီး စရေးတာပါရှင့် အမှားလေးတွေပါရင်လည်း အပြစ်မမြင်ပဲ ဖြည့်စွက်ဖတ်ရှုပေးပါရှင့်❤️🌟

❤️ရင်ခုန်အောင်လုပ်တယ် ချာတိတ်ရယ်❤️Where stories live. Discover now