Part 5🌟

851 23 0
                                    

အိပ်ယာနိုးတာနဲ့ မနေ့ကအဖြစ်ပျက် ခေါင်းထဲတန်းဝင်လာတယ်။မနေ့ကကိစ္စcctvမှတ်တမ်းမှာ ဧည့်သည်အလွန်ဖြစ်နေတာကြောင့် ဂျူးဘက်က ‌သူဌေးအပါဝင် အားလုံး‌ရှိနေပေမယ့် နောက်တစ်ခါ ဒီလိုကိစ္စမျိုးထပ်မဖြစ်အောင် သတိထားဖို့ သူဌေး(ဆိုင်ပိုင်ရှင်ပါနော်)က ပြောလိုက်တာကြောင့် စိတ်ထဲ စနိုးစနောင့်နဲ့ အဲ့ ခပ်ချောချော လူဆီ အလိုမကျချင်းက စုပုံသွားတယ် ။ ဘာ.....ကိုယ့်အပိုင်တဲ့ ရူးနေလား ။မျက်မှန်နဲ့ ဘယ်သူဘယ်ဝါမှန်းအတိကျမသိပေမယ့် မျက်မှန်အောက်က နှုတ်ခမ်းထူထူက နီရဲနေလိုက်တာ မသိရင် ဆေးဆိုးထားသလို ။ နှုတ်ခမ်းမွှေး စိမ်းစိမ်းလေးနဲ့ နီရဲနေတဲ့နှုတ်ခမ်းက မျက်လုံးထဲကမထွက်ဘူး။ ချောနေတာနဲ့ပဲ ဒီလိုသူပြောတိုင်းလက်ခံစရာလား။တွေးလက်စတွေရပ်ပီး အလုပ်သွားဖို့ပြင်လိုက်တယ်။

.
.
.
"အမေ့ ....."
"ဟေ ...သမီး သွားတော့မလို့လား "
"ဟုတ်ကဲ့အမေ သွားတော့မယ် မနေ့ကစာရင်းချုပ် ပြန်စစ်ရအုံးမှာမလို့ အစောသွားရမှာ"
"အေးအေး...ဂရုစိုက်သွား"
"ဟုတ်ကဲ့ အမေ"
.
.
.
.

အိမ်ထဲကထွက်တည်းက စိတ်ထဲလေးနေတာ ခုဆိုင်တောင်ရောက်ပီးစာရင်းပြန်လုပ်နေပီ စိတ်ထဲဘာကိုလေးနေမှန်းမသိဘူး။ဟူးးးးးးအာရုံစိုက်စမ်း မကောင်းတာမတွေးနဲ့။
.
.
"အကိုလေး"
"အင်း ပြော"
အင်း ပြောတဲ့ အတူတူအလုပ်လုပ်လာတာဖြင့်ကြာလှပီ ခုထိ စကားကို လိုတာထပ်ပိုမပြောဘူး။မနေ့‌တစ်နေ့ကမှတွေ့တဲ့ ကောင်မလေးနဲ့ကျ သူက အရင်‌စပြောတယ် ။
.
"ဟျောင့် ....ဘာကြောင်နေတာလဲ"
"ဟို...ဟို ဘာမှမဟုတ်ပါဘူး ဟဲဟဲ အကိုလေးခနနေ ဝယ်ထားတဲ့ခြံကိုသွားကြည့်ရမှာလေ အဲ့တာ သတိပေးတာ"
"‌အင်း သိတယ် အာ့ဆို ပြင်ဆင်ထား ခနနေသွားမယ်"
"ဟုတ်အကိုလေး"
.
.
အချိန်ကိုကြည့်လိုက်တော့ နေ့လည်၁နာရီရှိပီ ထမင်းစားဖို့လက်ရေဆေးပီး ထိုင်ခုံပေါ်ထိုင်တုန်းရှိသေး
.
"ကလင် ..ကလင်"
"......"
"ကလင်..ကလင်"
"....."
ဖုန်းကိုဘယ်သူမှမကိုင်အားကြဘူး။ဟူးးးးးးဗိုက်ဆာရတဲ့အထဲ ဖုန်းကကိုင်ရအုံးမယ်။သူထကိုင်လိုက်မှ ဖုန်းကကျသွားတယ်။သူပြန်ခေါ်လိုက်တော့
"ဟလို "
"ဟလို ဟုတ်ကဲ့ ဘယ်သူပါလဲရှင့် ခုန‌ေလးတင် ဖုန်းခေါ်ထားလို့ပါ"
" ဟုတ်ပါတယ်ရှင် ခုပြောနေတာကLunch Box restaurant ကလားမသိဘူး"
"ရှင် ဟုတ်ပါတယ်ရှင့် ဘာဖြစ်လို့လဲမသိဘူး"
"ဟုတ် အဲ့က ယွန်းခက်ဖူး ဆိုသူရဲ့အမေ အခု အရေးပေါ်ခန်းထဲမှာ ခွဲစိတ်နေရပါတယ်ရှင့်"
"ဘာ...ဘယ်...ဘယ်လို "
"ဟုတ်ပါတယ်ရှင့် ဆိုင်ထိုင်နေတုန်း လျှပ်စစ်ရေနွေးတည်ရာကနေ မီးလောင်မှုဖြစ်သွားလို့ပါ အိပ်ပျော်နေတာလားမသိဘူးရှင့် မီးလောင်ဒဏ်ရာနဲ့ ခွဲစိတ်ခန်းတန်းပို့လိုက်ရတာပါ
အခုပဲ လိုက်လာခဲ့ပါရှင့်"
"ဟု..ဟုတ်ကဲ့ပါ"
.
ဖုန်းချပီး ဂျူးဘာလုပ်ရမှန်းမသိ မနက်တည်းကစိတ်ထဲလေးနေတာက အခုလိုဖြစ်မယ်မှန်းကြိုသိရင်...တသွင်သွင်စီးကျလာတဲ့မျက်ရည်တွေက ထိန်းမရ အမေဆိုသောအသိနဲ့တင် ရူးသွားစေလောက်တဲ့ ခံစားချက်က အို...အမေ ဘာမှမဖြစ်နိုင်ဘူး ဘာမှမဖြစ်ရဘူး ။
.
.
"ဆရာမ . ဆရာမ ဟို...ဟိုလေ ‌မီးလောင်ဒဏ်ရာနဲ့ရောက်လာတဲ့လူနာ ဒေါ်မြခက်ခက်လေ ဘယ်အခန်းလဲရှင့် "
"ဪ အဲ့လူနာက ခွဲစိတ်ခန်းထဲက ထွက်မလာသေးဘူးနော် ဒီတည့်တည့်သွားပီး ဘယ်ဘက်ချိုးလိုက်ရင် အဆုံးမှာခွဲစိတ်ခန်းပါရှင့်"
"ကျေးဇူးပါရှင့်"
အပြေးလေးလာပီး အခန်းရှေ့ရောက်တော့ မောင်လေးက ပြေးဖက်လာတယ်။ရင်ခွင်ထဲထည့်ပီးပွေ့ဖက်လိုက်တော့ ကလေးရှေ့မှာ မကျဘူးဆိုပီး တင်းခံလာသမျှ အချိန်နဲ့ရွာသွန်းတဲ့မိုးလို သုတ်လို့ကိုမနိုင်တော့ဘူး။

❤️ရင်ခုန်အောင်လုပ်တယ် ချာတိတ်ရယ်❤️Where stories live. Discover now