"Hello...အကိုလေး ကျတော် စိုးမင်းပါ အခု ရောက်ခါနီးပါပီ "
"မင်းတို့ ငါပြောရင် ပြောတယ်ဖြစ်အုံးမယ် ငါဘယ်ချိန်ပြောထားလည်း အချိန်ကိုမလေးစားဘူး မင်းတို့ကောင်တွေ...တောက် ""......"
"အေး အမြန်လာ ထပ်စောင့်ရရင် မင်းတို့ငါ့အကြောင်းသိတယ်နော်"
"ဟုတ်..ဟုတ်ကဲ့ပါ အကိုလေး"
"တီ..တီ."ဖုန်းချပီး"ဒီကောင်တွေ ခိုင်းရင်အမြဲ$တစ်လွဲတွေ ဘာမှတိကျတာမရှိဘူး လူယုံနေသာမဟုတ်ရင် အလုပ်ထုတ်တာကြာပီ တောက်..."
မဟာ.....သူဟာနေမင်းမဟာဆိုသူပါပဲ။အသက်(၂၅)နှစ်သာရှိပီး မျိုးရိုးစဉ်ဆက်ချမ်းသာလာခဲ့ပီး မဟာရဲ့Daddy လက်ထပ်မှာ ပိုပီးတော့ စီးပွားရေးက အောင်မြင်လာခဲ့တယ် ။ခုလည်း မဟာ က America ရုံးခွဲကနေ မြန်မာရုံးချုပ်ကို ပြန်လာပီး စာချုပ်အရ သူ့မိဘတွေက Company အပါအဝင်စည်းစိမ်အားလုံးကို မဟာ့ နာမည်နဲ့လွှဲပြောင်းလိုက်တာကြောင့် ရုံးချုပ်မှာ သူထိုင်မှဖြစ်တော့မယ့်အခြေအနေပါ။စီးပွားရေးလောကမှာ နေမင်းမဟာဆိုသူကို မသိသူမရှိလောက်အောင် ကျော်ကြားလှတယ် ။ အကုန်သူ့ခြေရာကြည့်ပဲ သူ့အာဏာကြည့်ပဲ စိုးမိုးနေတဲ့စီးပွားရေးလောကမှာ သူဘာကိုမှမကြောက်တတ်တာကလည်း သူ့ရဲ့ကျော်ကြားမှုတွေထဲက တစ်ခုဖြစ်နေခဲ့တယ်။သူဟာ နေမင်းမဟာ ပါပဲ။
"ဟော....ဖေကြီး ကားသံကြားတယ် သားလေးရောက်ပီထင်တယ် "
ပြောပြောဆိုဆို မေမေအိမ်ထဲနေအပြေးအလွှားထွက်လာပီး ခရီးဦးကြိုတယ် ဘေးမှာDaddyလည်းပါတယ်။
"မေမေ..ဖြေးဖြေးလာပါ သားဒီမှာရောက်နေပီကို"ကားပေါ်ကဆင်းဆင်းချင်း မေမေ့ကိုပွေးဖက်နှုတ်ဆက်
Daddyကိုလည်းနှုတ်ဆက်ပီး
"လာ သား မေမေက မျှော်နေတာ သားဖုန်းဆက်တော့ စောရောက်မယ်ဆိုလို့လေ ခုကနောက်ကျနေလို့ မေမေ့မှာ မျှော်လိုက်ရတာ"
"ဟုတယ်ငါ့သားရေ မင်း အမေကတော့ တော်ကြာအိမ်ရှေ့ထွက်လိုက် ဖုန်းနားသွားလိုက်နဲ့ကွာ ""ဟုတယ် ဟိုကောင်စိုးမင်းပေါ့ အချိန်တိကျရောက်မလာလို့လေ "
"ထားပါ လာသား အိမ်ထဲဝင်မယ် ဟဲ့ စိုးမင်းရေ သားအထုပ်တွေယူခဲ့အုံးနော်"
"ဟုတ်ကဲ့ မေမေကြီး"
YOU ARE READING
❤️ရင်ခုန်အောင်လုပ်တယ် ချာတိတ်ရယ်❤️
Romanceဂျူး(ယွန်းခက်ဖူး) 🌟 ဒီမယ် ခင်ဗျားကို ဂျူးက သိလည်းမသိဘူး မြင်လည်းမမြင်ဖူးဘူး ပီးတော့ ဘာမှလည်းမဆိုင်ဘူး ခုလိုမျိုး ဂျူးကို ပိုင်စိုးပိုင်နင်းမပြောပါနဲ့ ဂျူးမကြိုက်ဘူး နေမင်းမဟာ🌟 အိုဟို့..နေပါအုံး ကိုယ့်ဘက်ကပြောစရာရှိတာလေးတော့ နားထောင်သွားပါအုံး ခ...