"ကလင်....ကလင်"
"ဟလို .."
"ဟလို ကောင်းမြတ်လား ငါပါ ဂျူး"
"ဂျူး..နေကောင်းရဲ့လား "
"အင်းကောင်းပါတယ် အခုနင်ဘာတွေလုပ်နေလဲ"
"ငါလား...ဖေဖေ့စီးပွားရေးကို ဦးစီးနေတာပေါ့ဟာ နင်ရော ဘာကိစ္စရှိလို့ငါ့ဆီဖုန်းဆက်တာလဲ ပြောပါအုံး"
"ဒီလိုဟာ.............."
"ဟင်..ဟုတ်လား အဲ့တာဆို နင်က ကွာရှင်းပေးမလို့လား"
"ဟင့်အင်း ကွာရှင်းမပေးနိုင်ဘူး ငါ့ကိုအဲ့လိုလွယ်လွယ်လာကျောလို့တော့ဘယ်ရမလဲဟ ဒီကိစ္စမှာ ကိုကို အငိုက်မိသွားတာ ငါကိုကို့ကိုယုံတယ် အဖြစ်မှန်ကိုလည်း ရအောင်ဖော်ထုတ်မယ် "
"ငါဘယ်လိုကူညီရမလဲပြော "
"ငါ့အထင် ဒီကိစ္စကို ကိုကို့အမေ လုပ်တာလို့ထင်တယ် အစတည်းက ငါနဲ့သဘောမတူခဲ့ဘူးလေ အခုကိစ္စကိုလည်း သူ့ဆီကအရင်ကြားရတာ "
"ဟုတ်မယ်ထင်တယ် အတိအကျသိရအောင်တော့ အရင်လုပ်မှရမယ်နော် "
"အင်း ...ငါ့မှာ သက်သေတစ်ခုတော့ ရှိတယ် "
"ဟင် နင်ဘယ်လိုရတာလဲ"
"ဒီလိုဟ.................."
"ဟ...တော်လှချည်လား အဲ့တာများနင်က ငိုပြနေသေးတာလားဟမ်"
"လှည့်ကွက်လေဟယ် ဟင်းဟင်း...အခုနင်က ငါပြောသလို လုပ်ပေး"
"ပြော ငါဘာလုပ်ပေးရမလဲ "
"................"
"အိုခေဂျူး "
"ဒါပေမယ့် နင်နဲ့သူနဲ့လည်း အရမ်းနဲ့သတိလက်လွှတ်တွေ့လို့တော့မရဘူးနော် သူတို့ကစောင့်ကြည့်နေနိုင်တယ်"
"အင်းပါ အဲ့တာဆိုဒါပဲလေ ငါ့ဘက်ကိုတော့စိတ်ချ ဟုတ်ပီလား"
"ယုံပါတယ် နင့်ကို ဒါပဲနော်"
"အင်းပါ"
.
.
.
"အကိုလေး ဘယ်လိုလုပ်မလဲ မနက်ဖြန်ဆို ၁ ပတ်ပြည့်ပီနော်"
"အင်း ငါသိတယ် "
"သိတာတောင် အကိုလေး အခုလိုအေးဆေးထိုင်နေနိုင်သေးတယ်လား"
"ဟ...မင်းတော့ ဝင်ရှည်ပြန်ပီ"
"အကိုလေးကလည်း ကျတော်က စေတနာနဲ့ပြောတာပါ
မမလေးကိုတော့ ကျတော် သံယောဇဉ်လည်းရှိတယ် သနားလည်းသနားတယ် မေမေကြီးက ဘာလို့အခုလိုတွေလုပ်ရတာလဲ ကျတော်စဉ်းစားမရဘူး"
"ငါ့မိန်းမက မင်းသနားစရာလား ဟမ် ပြောလိုက်ရင် စကားကိုအနောက်အသွား မလွတ်ဘူး "
"အာ့ဆို အကိုလေးက အနက်ဖြန်ဘယ်လို ဖြေရှင်းမှာလဲ"
"မင်းအသာကြည့်နေပါ "
.
.
.
.
တိုင်ကပ်နာရီကို ကြည့်လိုက်တော့ မနက် ၈ နာရီရှိပီ"သမီး သွားတော့မလား"
"ဟုတ်အမေ ကောင်းမြတ်လာခေါ်လိမ့်မယ် ခနစောင့်လိုက်အုံးမယ်"
"အင်းအင်း ယူစရာရှိတာယူပီးပီးလား "
"ဟုတ်အမေ အကုန်စီစဉ်ပီးပီ"
.
.
.
"သား ဘယ်လိုလဲ သားဘက်က မဖြေရှင်းနိုင်ရင် ခနနေကျရင် လက်မှတ်ထိုးပေးဖို့ ပြင်ထားတော့"
"သားဘက်က ဖြေရှင်းစရာမရှိဘူးမေမေ ကြိုက်သလိုသာလုပ်ပါတော့ "
"အဟင်း ...ကောင်းပီလေ မေမေအစောထဲကသိသားပဲ သားမေမေ့ဆန္ဒကိုငြင်းမှာ မဟုတ်မှန်း "
"ဘယ်ချိန်လူကြီးတွေလာမှာလဲ လက်မှတ်ထိုးရုံလေးကို အများကြီးတော့မလာဘူးမလား"
"ရှယ်ယာရှင်တွေနဲ့ အသိတွေလောက်ပါပဲ ဒါဆို မေမေ သမီးgraceကို ခေါ်လာခဲ့တော့မယ် "
"ဟုတ်မေမေ သားခနလောက် toilet ဝင်လိုက်အုံးမယ်"
"အင်းအင်း "
.
.
.
"ဟလို ဘယ်ရောက်နေပီလဲ "
"နောက် ၁၅ မိနစ်ပဲ "
"အိုခေ ....."
.
.
ဖုန်းချပီး toilet ထဲက ထွက်လာတော့ ဧည့်ခန်းထဲမှာလူစုံနေပီလေ။
YOU ARE READING
❤️ရင်ခုန်အောင်လုပ်တယ် ချာတိတ်ရယ်❤️
Romanceဂျူး(ယွန်းခက်ဖူး) 🌟 ဒီမယ် ခင်ဗျားကို ဂျူးက သိလည်းမသိဘူး မြင်လည်းမမြင်ဖူးဘူး ပီးတော့ ဘာမှလည်းမဆိုင်ဘူး ခုလိုမျိုး ဂျူးကို ပိုင်စိုးပိုင်နင်းမပြောပါနဲ့ ဂျူးမကြိုက်ဘူး နေမင်းမဟာ🌟 အိုဟို့..နေပါအုံး ကိုယ့်ဘက်ကပြောစရာရှိတာလေးတော့ နားထောင်သွားပါအုံး ခ...