Computer ရှေ့ရောက်တော့လည်း ဘာကိုမှမယ်မယ်ရရမလုပ်ဖြစ်။မနက်က ချာတိတ်ဘေးကကောင်က ဘယ်သူလဲ
ချာတိတ်နဲ့ရော ဘယ်လိုပတ်သက်နေတာလဲ ဒီလောက်ရယ်မောနေကြတာ သာမန်ခင်မင်ရုံနဲ့တော့ မဖြစ်နိုင်ဘူး။
တွေးရင်းတွေးရင်း ဒေါသထွက်လာရတယ်။အလုပ်ထဲလည်းစိတ်မပါတော့ computer ကိုပိတ်ပစ်ပီး အံဆွဲထဲက
စီးကရက် တစ်လိပ်ယူပီး မီးညှိလိုက်တယ် ။ဝရံတာဘက်ထွက်လာလိုက်ပီး အတွေးတွေကို စီးကရက်အငွေ့တွေနဲ့အတူ လွှင့်ထုတ်ပစ်လိုက်တယ်။သေချာအောင်စုံစမ်းရမယ်။
.
.
"ကလင်..ကလင်"
"ဟလို ဂျူးပြောနေပါတယ်ရှင့် "
"....."
"ဟလို ....ဘယ်သူပါလဲ"
"....."
"ဟလို....စကားမပြောရင် ဖုန်းချလိုက်တော့မယ်ရှင့်"
"နေအုံး ချာတိတ် ကိုယ်ပါ"အို......ဒီချိန်ကျမှ ဖုန်းဆက်နေတယ် အရင်ကမဆက်ဖူးပါဘူး။
"ဟု...ဟုတ်ကဲ့ ဂျူးနားထောင်နေပါတယ် ဘာပြောစရာရှိလို့
ဒီချိန်ကြီးဖုန်းဆက်ရတာလဲ"
"ပြောစရာရှိမှဆက်ရမှာလား ကိုယ်အခု အတည်ပြုစရာလေးရှိလို့ အဲ့တာ ချာတိတ် အမှန်တိုင်းဖြေပေး"
"အင်း ပြောကြည့်လေ"
"မနက်က ချာတိတ်ကို ကားနဲ့ company ကိုလိုက်ပို့တာ ဘယ်ကကောင်လဲ ချာတိတ်နဲ့ဘယ်လိုပတ်သက်နေလဲ အဲ့တာ ကိုယ်သိချင်တယ်"ဟင် ....မနက်က လိုက်ပို့တာ သူမြင်လိုက်တယ်ပေါ့
မြင်တော့ရော ဘာဖြစ်လဲ ဒါဂျူးကိစ္စ ဘယ်သူနဲ့လာလာ ဂျူးရဲ့ဆုံးဖြတ်ချက်ပဲ ။"......"
"ကိုယ်မေးနေတယ်နော် ချာတိတ်"
"ဘယ်သူဖြစ်ဖြစ်ပေါ့ ဘာလို့ဂျူးက ခင်ဗျားကို တင်ပြနေရမှာလဲ ဂျူးမှာလည်းကိုယ့်ဆုံးဖြတ်ပိုင်ခွင့်နဲ့ကိုယ်ပဲ ဘယ်သူနဲ့လာလာ ဒါဂျူးကိစ္စ"
"တောက်......ကိုယ်စိတ်မတိုချင်ဘူးနော် ပြောစမ်း အဲ့ကောင်ကချာတိတ်နဲ့ ဘာတွေလဲ"ဟော.....ဘလိုင်းကြီး လူကို တက်လာခေါက်နေတယ်
"ဂျူးပြောပီးပီလေ ဘယ်သူဖြစ်ဖြစ်လို့ ဂျူးကိစ္စကို စိတ်ဝင်စားမနေနဲ့ ကိုယ့်ကိစ္စသာကိုယ်စိတ်ဝင်စား ဒါပဲဂျူးအိပ်တော့မယ်"
"နေအုံးချာတိတ် ဖုန်းချရဲချကြည့် "
"ဘယ်လိုလာဖြစ်နေတာလဲ ခင်ဗျားမေးတာလည်းဂျူးမဖြေချင်ဘူး အဲ့တော့ ဆက်မမေးနဲ့ပေါ့ အိပ်တော့မယ်"
"အေးနော် ကိုယ်ဒေါသထွက်လာပီ "
"သဘောပဲ ဂျူးဖုန်းချပီဒါပဲ"
"နေအုံး....ချရချကြည့် ပီးမှကိုယ့်အဆိုးမဆိုနဲ့နော်"
YOU ARE READING
❤️ရင်ခုန်အောင်လုပ်တယ် ချာတိတ်ရယ်❤️
Romanceဂျူး(ယွန်းခက်ဖူး) 🌟 ဒီမယ် ခင်ဗျားကို ဂျူးက သိလည်းမသိဘူး မြင်လည်းမမြင်ဖူးဘူး ပီးတော့ ဘာမှလည်းမဆိုင်ဘူး ခုလိုမျိုး ဂျူးကို ပိုင်စိုးပိုင်နင်းမပြောပါနဲ့ ဂျူးမကြိုက်ဘူး နေမင်းမဟာ🌟 အိုဟို့..နေပါအုံး ကိုယ့်ဘက်ကပြောစရာရှိတာလေးတော့ နားထောင်သွားပါအုံး ခ...