Part 4🌟

879 23 0
                                    

"သား ပြန်ရောက်ပီလား လာ ညစာတစ်ခါတည်းစားလိုက် သားကြိုက်တာတွေပဲချက်ထားတာ "

ကားပေါ်ကဆင်းဆင်းချင်းမေမေက ညစာစားဖို့ ပြောရင်းလက်ထဲကအိတ်ကိုယူလိုက်တယ်။နာရီကြည့်ပီး မေမေက

"သားဒီနေ့နောက်ကျတယ်နော် ၇:၃၀ ဖြစ်နေပီ"
"ဟုတ်တယ်မေမေ ရှယ်ယာရှင်နဲ့ ဆွေး‌ေနွးနေရလို့
သားလည်းဖုန်းဆက်ဖို့မေ့သွားတာ မေမေတို့စားနှင့်ပေါ့"
"မင်းအဖေက စောင့်နေလို့ မေမေလည်းစောင့်နေတာ ရပါတယ်သားရယ် သိပ်နောက်ကျနေတာမှမဟုတ်ပဲ လာလာစားရအောင် "

ထမင်းစားပီးအခနါးထဲရောက်တော့ လှဲချချင်တာတောင် ခုမှထမင်းစားထားလို့ ဝရံတာဘက်ထွက်ထိုင်နေလိုက်တယ်။ထိုင်နေရင်း အတွေးတွေထဲ မနက်က မျက်နှာလေးတစ်ခု သူ့အတွေးထဲရောက်လာခဲ့တယ် ။
.
.
.
"ဒီချာတိတ် တွေ့တာနှစ်ခါရှိနေပီ ဟွန့်....."
ပြုံးရုံလေးပြုံးပီး
"တွေ့တိုင်း ရန်တွေ့နေတဲ့ အစွာလေး ဘယ်လိုလေးမှန်းကိုမသိဘူး"
.
.
.
တွေးလက်စတွေ ဖြတ်ပီး ခနမှိန်းနေလိုက်တယ်။လူကပင်ပန်းထားလို့လားမသိ မှိန်းလိုက်တာ အိပ်ပျော်ခြင်းသို့။
.
.

နောက်တစ်နေ့🌟

"အမေ့ သမီးသွားတော့မယ် မြတ်ကိုပါ တစ်ခါတည်း‌ကျောင်းပို့ခဲ့ရမလားဟင် "
"ဟာ မမရာ နေပါ သားဘာသာသွားတတ်ပါတယ် ဟိုကောင် ဖိုးလပြည့်တို့ နဲ့တူတူသွားမှာ ရတယ် သားဘာသာပဲသွားမယ်"
ခုမှအသက် (၈)နှစ်အရွယ် ၄တန်းကျောင်းသားလေးတဲ့ လူပျိုလုပ်ချင်နေတာ သူက ဟွန့်...
"အမလေး ကိုယ်တော်ချောရယ် အရင်ကငါပို့နေကြပါ မပို့တာ မနေ့ကမှပါ ချက်ချင်းကို အချိုးကပြောင်းတာနော် ဟွန့်....."
"တော်ပါတော့ ညည်းတို့မောင်နှမနှစ်ယောက် စောစောစီးစီး သွားစရာရှိတာသွား သမီးက သားကိုအမေပဲပို့မယ်"
"ဟာ အမေကလည်း သားဘာသာသွားမယ်လို့"
"ဟဲ့ နင် ဘယ်လိုဖြစ်နေလဲ ကလေးမလို့ပို့တာပေါ့ မရှည်နဲ့ငါပိတ်ထုလိုက်ရ"
"မမ....."

လက်နဲ့ရွယ်လိုက်တော့ တအားကုန်းအော် ပီးရင် ပြောစကားကြနားမထောင်

"ဪ ဟဲ့ တော်ကြစမ်းပါအေ ငါ့နှယ် မိဂျူး ညည်းလည်းသွားတော့ လာအငယ်ကောင် နင်လည်း အကြီးကိုပြန်မပြောနဲ့
ဖိုးလပြည့်တို့လာရင် လမ်းထိပ်ထိပို့ပေးမယ် ကြားလား"
"ဟုတ်အမေ"
"ဟုတ်အမေ"
ပြိုင်တူထွက်လိုက်မှ အမေသက်ပျင်းချတော့တယ်။
.
.
.
.
.
"Morning boss"
"Omm.."
ရုံးဝန်ထမ်းတွေကိုနှုတ်ဆက်ပီး ကိုယ့်ရုံးခန်းထဲဝင်လိုက်ပီး ဒီနေ့လုပ်ရမယ့် planတွေကို စိုးမင်းက ရှင်းပြနေတယ်။
.
.
"ဒီနေ့တော့ နေ့လည်တစ်ပိုင်းလုံး အားတယ် အကိုလေး"
"အင်း...."
"ဟုတ် အကိုလေး ဒါဆိုကျတော် လုပ်စရာရှိတာလုပ်လိုက်‌တော့မယ် "
"အင်း ဒါနဲ့ နေ့လည်တစ်ပိုင်းအားနေတာဆိုတော့ "

❤️ရင်ခုန်အောင်လုပ်တယ် ချာတိတ်ရယ်❤️Where stories live. Discover now