Part 3🌟

1K 22 0
                                    

"ဂျူးရေ ဂျူး ....."
"......."
"ဂျူး...ဂျူးရေ ဂျူး..."
"ဟဲ့ မိစု ဘာလို့တအားအော်နေတာလဲ ဝင်လာပါ့လား"
"နင်ရှိလားအော်ခေါ်ကြည့်တာပေါ့ဟဲ့ မဟုတ်ရင် နင်က ဆိုင်ထိုင်နေကြကို"
"လာပါဟယ် အိမ်ထဲကျမှပြော လာလာ"

"ရော့ ရောသောက် ရေပဲတိုက်စရာရှိတယ်"
"အေးပါဟယ် ."
"ဒါနဲ့ ဘာကိစ္စလဲ ငါ့ဆီလာတာက"
"နေ့လည်ဘက် ငါအလုပ်သွားရှာမလို့လေ အာ့နင်လိုက်မလားလာပြောတာ ရှာတယ်တော့မဟုတ်ပါဘူး ငါ့အမတို့ရုံးဘေးမှာဖွင့်ထားတဲ့ စားသောက်ဆိုင်က ဝန်ထမ်းခေါ်နေတယ်ဆိုလို့လေ နင်လည်း လျှောက်ချင်မလားလို့"
"ဟယ် ဟုတ်လား လျှောက်ချင်တာပေါ့ဟ ငါအလုပ်လုပ်ချင်တာကြာပီ ကျောင်းကလည်းတက်ရအုံးမှာလေ အမေ့တစ်ယောက်တည်းရှာကျွေးနေတာနဲ့ မတက်ချင်ဘူးဟ ငါ့ဘာသာအလုပ်လေးလုပ်ပီးတက်မလားလို့"
"အေးဟုတ်တယ် အာ့ဆို နေ့လည်နင်လိုက်မယ်မလား ငါလာခေါ်မယ် ခုတော့ ငါ့အမေခိုင်းထားတာရှိလို့ ဟိုဘက်ရပ်ကွက်မှာ ပိုက်ဆံသွားတောင်းအုံးမယ်"
"အေးပါ သွားသွား ဂရုစိုက်သွားအုံးနော်"
"အင်းအင်း ငါသွားပီနော် တာ့တာ ဂျူးရေ"

လက်ပြနှုတ်ဆက်ပီး မိစု ခြံပြင်ရောက်မှသတိရတယ် အမေ့ကိုဘယ်လိုပြောရပါ့မလဲ။စုစန္ဒီကတော့ ဂျူးရဲ့အချစ်ဆုံးသူငယ်ချင်းပါ ဂျူးတို့ထက်လည်းစီးပွားရေးပိုကောင်းတယ် ပိုက်ဆံရှိတယ်လို့လည်းပြောလို့ရတယ်။စုကလည်းဂျူးအပေါ်အရမ်းချစ်သလို အရမ်းလည်းကောင်းတဲ့သူလေးပါ။လာမယ့်နှစ်မှာ ဂျူးတို့ တက္ကသိုလ်တက်ဖို့ ပိုက်ဆံလိုလာပါ‌တော့မယ်။
စုက‌တော့ မိဘကထောက်ပံ့နိုင်ပေမယ့် ဂျူးကတော့ အမေ့ကိုသနားလို့ ဂျူးဘာသာအလုပ်ထွက်လုပ်ဖို့ပဲစဉ်းစားပါတော့တယ် ။
.
.
.
.
.
.
"ဟဲ့ ဒါကဘယ်သွားမလို့တုန်း အဝတ်စားအသစ်တွေဝတ်လို့"
"ဟို ....ဟို.."
"ဪ ဘာ ဟို ဟို လည်း သေချာပြောစမ်းအေ ဘယ်သွားမလို့တုန်းညည်းက"
"မိစုနဲ့အပြင်ခနသွားမလို့အမေ ခနပါပဲ သိပ်မကြာဘူး"
"မိစုပါတယ်ဆို‌တော့လည်း သွားသွား ဒါပေမယ့် ဂရုစိုက်နော် အမေပြောထားတာနားလည်တယ်မလား "
"ဟုတ်ကဲ့အမေ ဂျူးသိပါတယ် "
"အေးအေး ဒါနဲ့.."

သားမိနှစ်ယောက်စကားပြောနေတုန်း

"ဂျူးရေ ငါရောက်ပီဟေ့ "

❤️ရင်ခုန်အောင်လုပ်တယ် ချာတိတ်ရယ်❤️Where stories live. Discover now