Part 9🌟

1.5K 39 1
                                    

ပြတင်းပေါက်ခန်းစီးလိုက်ကာတွေ ကြားကနေ အိပ်ယာထက်မှာ အိပ်မောကျနေတဲ့ သူမလေးမျက်နှာပေါ်  နေရောင်ခြည်ပြပြလေး ‌ကျရောက်လာတော့ သူ့ရဲ့အသည်းကျော် ပဲလှော်လေး နှိုးသွားမည်စိုး၍ သူ့လက်ရှည်ရှည်သွယ်သွယ်လေးတွေနဲ့ ကားပေးလိုက်တယ်။ သူအစောတည်းကနှိုးနေတာပါ နှီုးနှိုးချင်း ဘေးနားက အကောင်ပေါက်လေးက ဘယ်ချိန်ကြည့်ကြည့် သိပ်ချစ်စရာကောင်းနေတာနဲ့ ဒီတိုင်းလေး ကြည့်နေမိလိုက်တယ်။ အချိန်ကတော့ မနက် ၇:၃၀ ရှိနေပီ။သူအိပ်ယာမှထပီး ရေချိုးခန်းဝင်လိုက်တယ် ။ ရေချိုးခန်းကထွက်လာတဲ့ထိ ‌သူ့ အကောင်ပေါက်လေးက မနှိုးသေး။
.
.
"Hello စိုးမင်း"
"Hello ...ဟုတ်ကဲ့ အကိုလေး "
"ငါ့အတွက် ကားတစ်စီးလွှတ်လိုက် ငါပြန်မလာတော့ဘူး မေမေတို့မေးရင်လည်း မသိဘူးပြောလိုက် ကြားလား"
"ဟုတ်ကဲ့အကိုလေး  ညက မေမေကြီးကမေးတော့ အရေးကြီးဧည့်သည်နဲ့တွေ့နေတယ်ပြောလိုက်တယ် ခုမနက်တော့ မေမေကြီးကိုမတွေ့သေးဘူး "
"အင်း ဒီနေ့ လုပ်စရာရှိတာတွေ မင်းပဲလုပ်လိုက် meeting ရှိတာတွေလည်းဖျက်လိုက် ငါဒီဘက်မှာသေချာပီဆိုရင် ပြန်လာမယ် "
"ဗျာ.....ဟု..ဟုတ်ကဲ့"
"အင်း ဒါပဲ"
"ဟုတ်ကဲ့ အကိုလေး"
.
.
ဖုန်းချပီး အိပ်ယာပေါ်ကြည့်လိုက်တော့ ဟော.....ကြည့်ပါအုံး လူကိုဘယ်လိုအကြည့်နဲ့လာကြည့်နေတာလဲ သိပ်ချစ်စရာကောင်းတာပါဆို ။
.
.
"ဘာကြည့်တာလဲ "
"မုန်းလို့ကြည့်တာ အမြင်ကပ်လို့ကြည့်တာ ဘာဖြစ်လဲ "
"ဟား...ဟား...ဟား..."
"ဘာရီတာလဲ ခင်ဗျားကို ရဲနဲ့တိုင်မှာကြည့်နေ အလိုမတူပဲ ခေါ်လာပီး မဒီန်းကျင့်ပါတယ်ဆိုပီ ခင်ဗျားကိုထောင်ချပစ်မယ် "
"အိုဟို့...ကိုယ့်မိန်းမနဲ့ကိုယ် မင်္ဂလာဦးညကိုဖြတ်သန်းတာ ဘယ်ပုဒ်မနဲ့ဖမ်းမှာလဲ ပြောပါအုံး "
"ခင်ဗျားနော် ဘာမှ ခင်ဗျားမိန်းမ မဟုတ်ဘူး လူကိုအတင်းခေါ်လာပီ ခွင့်မပြုပဲ အရယူတာ မဒိန်းကျင့်တာပဲ ခင်ဗျားကို ယူပါမယ် လက်ထပ်ပါမယ်လို့လည်း မပြောဘူး"
"အခုရော ခင်ဗျားလေးက လက်မထပ်ချင်ပါဘူးပြောနေလို့လည်းမရတော့ဘူး မိဘတွေကို အသိပေးလိုက်ပီ အန်တီ့သမီးလေးကို ကျတော် ခိုးသွားတာပါလို့ ညကလည်းအတူတူမင်္ဂလာဦးကိုဖြတ်သန်းပီးပါပီလို့"
"ခင်...ခင်ဗျား.."

❤️ရင်ခုန်အောင်လုပ်တယ် ချာတိတ်ရယ်❤️Where stories live. Discover now