"သမီး ဂျူး ထတော့လေ အလုပ်သွားဖို့နောက်ကျတော့မယ်"
"ဟုတ်ကဲ့အမေ ဂျူးပီးပါပီ ဆင်းလာခဲ့မယ်နော်"အမေ့ရဲ့အော်ခေါ်သံကြားမှ တွေးလက်စတွေဖြတ်ပီး အောက်ထပ်ဆင်းလာခဲ့တယ်
"မြတ်ရော အမေ "
မနက်ခင်းထမင်းဝိုင်းမှာမတွေ့တာကြောင့်မေးလိုက်တယ်
ပုံမှန်ဆို ဒီကလေးက သူမရောက်ခင် တွယ်နေပီးသားလေ။"ဒီနေ့ သင်္ချာကျူရှင်မှာ အစမ်းစာမေးပွဲဆိုလားအေ အဲ့တာ ဖိုးလပြည့်တို့ လာခေါ်သွားတယ်"
"ဟုတ်လား ....အမေ မြတ်ကို ခုတလောသတိထားမိလား
ဟိုနေ့က သမီးအလုပ်ကပြန်လာတော့ လမ်းထိပ်မှာ ရစ်သီရစ်သီနဲ့ တွေ့လိုက်တယ် အမေ့သား အချိုးတွေနဲနဲပြောင်းနေသလားလို့"
"ဟုတ်ပါဘူးအေ လူပျိုပေါက်အရွယ်လေးဆိုတော့ ဟိုသွားဒီသွားတော့ ရှိတာ ပေါ့အေ့ ထားပါ စားစရာရှိတာစားတော့ နောက်ကျနေအုံးမယ်"
.
.
.
"Morning ဂျူး"
"Morning မမမိုး "
"ဒါနဲ့ မနေ့ညက ဂျူးဘယ်ချိန်ပြန်သွားတာလည်း မမမိုးရှာတာမတွေ့တော့ဘူး ဖုန်းဆက်တော့လည်း စက်ပိတ်ထားတယ်ဆိုတော့ စိတ်ပူလိုက်ရတာ ဒေါ်လေးဆီဆက်လိုက်တော့မှ အိမ်ပြန်ရောက်နေပီဆိုလို့ စိတ်အေးရတယ် "
"ဟုတ်တယ် မမမိုးရဲ့ မနေ့ကဂျူး ခေါင်းအရမ်းမူးနေတာနဲ့ အရင်ပြန်သွားလိုက်တာ ပွဲကလည်းအစပဲရှ်ိသေးတော့ မမမိုးကိုမပြောပဲထွက်လာလိုက်တာ"
"ဟုတ်ပါပီ နောက်ဆို ပြောပြောဆိုဆိုလည်းလုပ်ပါအုံး တော်ကြာ ရှင်တစ်ခုခုဖြစ်မှာ ကျမ ခေါင်းကြီးလွန်းလို့"
"ဟဲဟဲ ဟုတ်ပါပီ မမမိုးရယ် ဒါဆို ဂျူး လုပ်စရာလေးတွေ လုပ်လိုက်အုံးမယ်နော်"
"ဟုတ်ပါပီရှင် "
.
.
ဘာမှမဟုတ်တဲ့ ကိစ္စလေးကြောင့်နဲ့ အလုပ်ထွက်လိုက်ဖို့ကလည်း မကောင်းဘူးလေ။တကယ်ဆို ညကအဖြစ်ပျက်နဲ့ ကိုယ်တွေရဲ့အကြောင်းကို ကိုယ်တွေပဲသိတာမလား ။ဘာမှမဖြစ်ခဲ့သလို အရင်တိုင်းပဲ နေလိုက်တော့ရော ဘာဖြစ်လဲ ခံစားရတာကလွဲရင် အဆင်ပြေနေတာပဲ ။သူလည်းစေ့စပ်တော့မှာပဲ ကိုယ်လည်းကိုယ့်ဘဝအတွက် အလုပ်ကြိုးစားရမယ်ဆိုတဲ့စိတ်နဲ့ပဲ အလုပ်မထွက်ဖြစ်ခဲ့ဘူး။နေပါစေတော့ ဒီရင်ခုန်သံတွေ ကိုယ်တိုင်ပဲသိထားပီး ထုတ်မပြချင်တော့ဘူး ။ကြာရင်အဆင်ပြေသွားမှာပဲလေ။
.
.
.
"Morning Boss"
"Omm morning"
YOU ARE READING
❤️ရင်ခုန်အောင်လုပ်တယ် ချာတိတ်ရယ်❤️
Romanceဂျူး(ယွန်းခက်ဖူး) 🌟 ဒီမယ် ခင်ဗျားကို ဂျူးက သိလည်းမသိဘူး မြင်လည်းမမြင်ဖူးဘူး ပီးတော့ ဘာမှလည်းမဆိုင်ဘူး ခုလိုမျိုး ဂျူးကို ပိုင်စိုးပိုင်နင်းမပြောပါနဲ့ ဂျူးမကြိုက်ဘူး နေမင်းမဟာ🌟 အိုဟို့..နေပါအုံး ကိုယ့်ဘက်ကပြောစရာရှိတာလေးတော့ နားထောင်သွားပါအုံး ခ...