Part 12 🌟

705 30 1
                                    

"ကလင်....ကလင်.."
"ဟ..ဟလို "
"ကလေးလေး ကိုကိုပါ "

သူမလေး အသံတွေတုန်နေပီး ရှိုက်သံလေးတွေပါနေတော့ သူသိလိုက်ပီ မေမေ လာပြောသွားပီထင်တယ်။

"ကိုကို...အီးဟီးးးးကိုကိုမကောင်းဘူး အစောနက
ကိုကို့အမေလာပြောသွားတာတွေကအမှန်ပဲလားဟင်
ဂျူးမယုံဘူးကိုကို ဟင့်ဟင့်..."
"မငိုပါနဲ့ကလေးရယ် ကိုကိုကလေးကိုဘယ်လောက်ထိချစ်လဲ ကလေးအသိဆုံး အခုကိစ္စမှာ ကိုကိုဘာမှမသိလိုက်ရပဲဖြစ်သွားတာ ကိုကို ပြန်လာပီးရှင်းပြမယ် ကလေးစောင့်....."
"ကို့.....ဘယ်သူနဲ့ပြောနေတာလဲကွာ..."
"ဟေ့.....မင်း$ပါးစပ်ကို ပိတ်ထားစမ်း"

ဟင်.....သူ ..သူ

"မဟုတ်ဘူး ကလေး ကိုကိုရှင်းပြမယ် ပြန်လာတာစောင့်နေနော်"

လက်ထဲကဖုန်းကို လစ်ခနဲဆွဲယူလိုက်ပီး

"ဒီမှာ ယွန်းခက်ဖူး .....အခု ငါက ကို့ဇနီးဖြစ်နေပီ ညကလည်း ငါနဲ့ကို အတူတူနေပီးပီ နင်သိထားဖို့က ပြန်လာရင် ကွာရှင်းပေးဖို့ပဲ ငါ......"
"ပေးစမ်းအဲ့ဖုန်း...."
"ဖြန်း......."

ဖုန်းကိုပြန်လုပီး သူ့အသားကိုမထိဘူး ဆုံးဖြတ်ထားသော်လည်း သူ့ကလေးကို စော်ကားနေတာရော အထင်လွဲအောင်ပြောနေတာတွေရောကိုပါ စိတ်ကပေါက်လာပီလေ
အားပါပါရိုက်ချလိုက်တော့ ကြမ်းပြင်ပေါ်လဲကျသွားတယ် ။
မထူဘူး အဲ့မှာ သေချင်သေပါစေ။

.
"ကလင်.....ကလင်"
"......"
"ကလင်.....ကလင်"
"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ........"

သွားပီ သူမလေးက ဖုန်းမကိုင်တော့ဘူး အထင်လွဲပီး မုန်းသွားပီလား ။မဖြစ်ဘူး သူမလေးကိုရော ရင်သွေးလေးကိုပါ အဆုံးရှုံးမခံနိုင်ဘူး ။ အခန်းထဲကထွက်လာပီး ကားမောင်းထွက်ခဲ့လိုက်တယ် ဘယ်လိုနည်းနဲ့ ရှင်းပြရ ရှင်းပြရ ကလေးအထင်လွဲနေတာကို ရအောင် ရှင်းပြမယ် စောင့်နေနော် ကိုကိုပြန်လာနေပီ။
.
.
"အီးဟီးးးးးးးးဟင့်ဟင့်.....ကို...ကိုကို ရက်စက်တယ် ဟင့်ဟင့်...ဂျူးအပေါ်ကို သိပ်ရက်စက်တာပဲကိုကိုရယ် ကိုကိုဂျူးကိုဘယ်လိုတွေ ညာအုံးမှာလဲဟင် "
"သမီးလေး ....မငိုရဘူး ဗိုက်ထဲက ကလေးလေးကို သမီးငိုနေတာတွေ မသိစေနဲ့ မောင်မဟာက အဲ့လိုလုပ်မယ့်သူမဟုတ်ဘူးဆိုတာ အမေယုံတယ် သမီးလည်းယုံပေးရမယ်"
"ဟုတ်တယ်မမ ဦးမဟာက အဲ့လိုလုပ်မယ့်သူမဟုတ်ဘူး သားယုံတယ် "
"ဟင့်အင်း......စောန သူ့ဘေးမှ ဟိုမိန်းမ ရှိနေတာအမေ ဂျူးကိုလည်း ကွာရှင်းပေးဖို့ပြောနေတာ သေချာတယ် ညက ကိုကိုနဲ့အဲ့မိန်းမ ....."
"အို......သမီးရယ် မဟုတ်တာ မတွေးရဘူး ကိုယ့်ယောကျာ်းကို အပြည့်အဝယုံကြည်မှုရှိရမယ် ဒီကိစ္စကို ခေါင်းအေးအေးထားဖြေရှင်းကြတာပေါ့ သမီးဘက်ကလည်း အကြောင်းအရင်းသေချာမသိသေးပဲ ကွာရှင်းပေးဖို့ လုံးဝမစဉ်းစားရဘူး
အမေပြောတာနားလည်လား"
"မသိဘူး ....ဂျူးဘာမှမသိဘူးအမေ ဘာလုပ်ရမှန်းလည်းမသိဘူး ကိုကို့ကိုလည်းဂျူးချစ်တယ် ကွာရှင်းလည်းမပေးနိုင်ဘူး ဟင့်ဟင့်....."
.
.
"ဟလို အန်တီ"
"အင်း အခြေအနေဘယ်လိုလဲ သမီး "
"ကို ပြန်သွားပီအန်တီ "
"ဘယ်ဖြစ်မလဲအေ့ ဒါဆိုသမီးကရော မြန်မြန်လိုက်လာခဲ့ ဒီမှာ သမီးပါရှိနေမှ ဖြစ်မှာ"
"ဟုတ်ကဲ့အန်တီ.....သမီးစိုးရိမ်တာက ညက...ညကလေ
ကိုနဲ့ဘာမှမဖြစ်လိုက်ရဘူး "
"ဘယ်လို.....အစီစဉ်တိုင်းဘာလို့မဖြစ်ရတာလဲ ဆေးတိုက်ထားတယ်မလား"
"တိုက်တယ် ဝိုင်ထဲမှာထည့်လိုက်တာ ....ထင်မထားဘူး အဲ့လောက်ခံနိုင်ရည်ရှိမှန်း...ညက ကိုက ဆေးအရှိန်နဲ့ အိပ်ပဲအိပ်တာ သမီးဘယ်လိုမှဆွဲဆောင်လို့မရခဲ့ဘူး "
"ထားလိုက်တော့ ....အခုတော့ သားနဲ့သမီးနဲ့ အတူတူနေပီးပီးဆိုတာ ယွန်းခက်ဖူးကို အန်တီသွားပြောပီးပီ ယောကျာ်းတစ်ယောက်နဲ့ မိန်းမတစ်ယောက် တစ်ညလုံးအတူတူရှိနေတာပဲ ဘယ်သူကရိုးရိုးသားသားလို့ထင်မှာလဲ ဟွန့်....ပြန်သာလာခဲ့လိုက် အန်တီစောင့်နေမယ်"
"ဟုတ်ကဲ့ အန်တီ"
.
.
.
"တီ...တီ"

❤️ရင်ခုန်အောင်လုပ်တယ် ချာတိတ်ရယ်❤️Where stories live. Discover now