Part 10🌟

999 31 2
                                    

"အခုက အိမ်ပြန်ပို့မှာလား"
"အင်းလေ ခင်ဗျားလေးပဲ အိမ်ပြန်ပို့ပါ အိမ်ကအမေနဲ့မောင်လေးက ဘယ်လိုဘယ်ညာနဲ့ ပြောနေတာကို "
"အဲ့တာတော့ ရှင်က အတင်းခေါ်လာတာကို အမေတို့က စိတ်ပူနေမှာပေါ့ "
"ပြောပြန်ပီ ဒီ ခင်ဗျားဆိုတာကို "
"......"
"အဲ့လိုထပ်ခေါ်ရင် အပစ်ပေးမယ် ခေါ်ရဲခေါ်ကြည့်"
"အဲ့တာဆို ဂျူးက ဘယ်လိုခေါ်ရမှာလဲ အရင်ကလည်းခေါ်နေကြပဲကို အခုမှအဖြစ်သည်းနေတာ ဟွန့်..."
"အရင်ကနဲ့အခုနဲ့က တူမလား အခုက ကိုယ်နဲ့ကလေးနဲ့က လင်မယားဖြစ်နေပီ "

သူပြောမှ ဂျူးတွေးမိတယ် ဟုတ်တယ်လေ ခုလေးတင်ရုံးတက်လက်မှတ်ထိုးလာတာ အိမ်ထောင်ဘဝကိုခြေဆန့်ဝင်ဖို့ တစ်ခါမှမတွေးမိခဲ့ဘူး။ ဂျူးဘာမှပြန်မပြောနိုင်ပါဘူး တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြပီး သမီးရည်းစားဘဝနဲ့အတူရှိလာပီးမှ လက်ထပ်ရတာမျိုးမှမဟုတ်ပဲ။

"ကိုယ်ပြောတာ နားထောင်နေလား ကလေးလေး ဟင်..."

အနားလေးကပ်လာပီ မေးလာတော့

"ဟင်...ဟို ..ဟို ကြားပါတယ် "
"အဲ့တာဆို ဘယ်လိုခေါ်မှာ ခင်ဗျားတို့ ရှင်တို့ အဲ့လိုမခေါ်ရဘူး "
"ဂျူးမသိဘူး အဲ့က ဘယ်လိုခေါ်စေချင်တာလဲ"
"ကိုယ့်ယောကျာ်းပဲ ယောကျာ်းလို့ခေါ်ပေါ့ ဟဲဟဲ "
"......"

သူမလေးက ပြူးပြူးလေးပြန်ကြည့်လာတော့

"မဟုတ်ဘူးလားဟင် "
"အို......အဲ့လိုတော့ မခေါ်ချင်သေးပါဘူး တခြားဟာစဉ်းစားပေး"
"ဪ...ကလေးလေးကခေါ်ရမှာလေ ကြိုက်သလိုခေါ်......ဒါမှမဟုတ် ကိုကိုလို့ခေါ်"

ဟင်....ကိုကိုတဲ့ ။အဲ့နာမ်စားလေး ကြားလိုက်တာနဲ့တင် ရင်ဘက်တစ်ခုလုံး ဝုန်းဒိုင်းကြဲသွားတာ ဘာဖြစ်တာလဲ ။ မသိရင် အခုမှရည်းစား စထားခါစအရွယ်လေးမှာ ဖြစ်ပေါ်တဲ့ ရင်ခုန်သံလို။ ဘာလို့ ဂျူးကရော ရှက်သလို‌ခံစားနေရတာလဲ။

"ကြားလား ကလေးလေး ကိုကိုလို့ခေါ်နော် ဟုတ်ပီလား"
"အင်း...အင်းပါ "
.
.
.
"တီ....တီ.....တီ"
"အမေ့ ကားသံကြားတယ် မမတို့လာပီထင်တယ်"

ကားသံကြားတာနဲ့ ခြံရှေ့ကို အမေရောမောင်လေးပါ ထွက်လာတယ်။ ဂျူးကိုတွေ့ရင် ရှူရှူချာချာ နဲ့ ဖြစ်နေမယ်ထင်တာ
မြင်လိုက်ရတော့ တည်တည်ငြိမ်ငြိမ်နဲ့ မသိရင် အပြင်ခနသွားပီးပြန်လာတာကြလို့။

❤️ရင်ခုန်အောင်လုပ်တယ် ချာတိတ်ရယ်❤️Where stories live. Discover now