Unicode
ဒေါက် ဒေါက်!
ထွက်ပေါ်လာတယ့်တံခါးခေါက်သံေကြာင့် သူ့သူငယ်ချင်းဟန်ဂျီထင်ပြီး သွားဖွင့်ပေးလိုက်တော့ သူမျှော်လင့်ထားသလို တံခါးရှေ့မှာရပ်နေသူဟာ ဟန်ဂျီမဟုတ်ဘဲ ဆရာသမားJeon Jungkookဖြစ်နေခဲ့သည်
"Jungkook ဒီနေ့ငါဂိုက်ခေါ်မထားဘူးလေ ဘာလာလုပ်တာလဲ"
"အင်း ခေါ်မထားတာတော့ဟုတ်တယ် ဒါပေမယ့် အိမ်ကလူတွေအကုန်အပြင်သွားလို့ တစ်ယောက်တည်း အိမ်ထဲမှာနေရတာကြောက်လို့ ဆရာ့ရှီလာတာ"
Taehyung ,jungkookတို့အိမ်ဘက်ကိုလှည့်ကြည့်တော့ တစ်အိမ်လုံးလင်းထိန်နေသည်
ဒါပေမယ့်လဲ ပြန်မမေးတော့ပဲ အထဲသာ၀င်ခွင့်ပေးလိုက်ရသည်
၀င်ခွင့်မပေးလဲ ဆင်ခြေဆင်လက်မျိုးစုံနဲ့ မရရအောင်၀င်မှာtaehyungသိပြီးသား၁၅မိနစ်လောက်ကြာတော့ ဟန်ဂျီရောက်လာခဲ့သည်
"သူကဘယ်သူလဲ ထယ်ထယ်"
"အာ...ငါ့အတန်းထဲကကျောင်းသားပါ အိမ်နီးနားချင်းမို့လာလည်တာ"
"အော်...ဒီမှာကောင်လေး မင်းသောက်နိုင်လား"
Jeon Jungkookကြောင်သွားရသည် သူ့ပုံစံကအရက်မသောက်တတ်တယ့်
အင်းနိုးစန့် ကလေးလေးပုံပေါက်နေလို့လား?"ဟုတ် သောက်နိုင်ပါတယ်"
"ဟန်ဂျီ! သူကအသက်ငယ်သေးတယ်လေ"
"ကျွန်တော် သူငယ်ချင်းတွေနဲ့ အမြဲသောက်နေကျပါ ဆရာ"
"ဘာ! အမယ်လေး ငါကတော့ မင်းကို ကလေးလေးပဲမှတ်နေခဲ့တာ ငါ့ထက်တောင်ပိုဆိုးနေသေးတာပဲ Jeon Jungkook"
"ဟဲဟဲ ဆရာကလဲ.."
"ကဲပါ! ထယ်ထယ်အမြည်းတွေရောဘယ်မှာလဲ ချတော့လေ"
"အော်အေးအေး ငါအကုန်ပြင်ထားပြီးပြီ စားရုံပဲ ခနစောင့်သွားယူလိုက်အုန်း
မယ်""အေးအေး"
ပြီးတာနဲ့ သူတိူ့စသောက်ကြသည်
Jungkookကတော့ တကယ်သောက်နေကျထင်သည်
Taehyungလုံး၀ခေါင်းမထူနိုင်ဖြစ်နေတာတောင် အဲ့ကောင်လေးက ပုံမှန်ပဲ