ဖြန်း!!!
ပူထူသွားတယ့် ပါးနှင့်အတူ မော့ကြည့်လာတော့ သူ့အား ဒေါသကြီးစွာကြည့်နေတယ့်အမေ။
"မိဘမျက်နှာကို အိုးမဲသုတ်တယ့်သား! နင်ငါနဲ့လာမပတ်သက်နဲ့kim taehyung!ငါ နင့်လိုယောကျာ်းတစ်ယောက်နဲ့ကြိုက်နေတယ့်ကောင်မျိုးကို
သားအဖြစ်စွန့်လွှတ်တယ်""အ...အမေ"
"ငါ့ကိုအမေလို့ မခေါ်နဲ့Kim Taehyung!ငါgayတစ်ယောက်ကို သားအဖြစ်မတော်နိုင်ဘူး နင် ခုချက်ချင်း ငါ့အိမ်ပေါ်ကဆင်း"
အမေက အော်ဟစ်ငိုကြွေးကာ ကြမ်းပြင်ပေါ်ထိုင်ချလိုက်တာမို့Taehyungအမေ့နားကိုသွားလိုက်ပေမယ့် အမေက သူ့ကိုတွန်းထုတ်ခဲ့သည်
"အမေ...သားအမေ့အပေါ် အမှားလုပ်မိခဲ့ပါတယ် သားကောင်းတစ်ယောက်ဖြစ်မပေးခဲ့လိူ့ တကယ်တောင်းပန်ပါတယ် အမေ..ထွက်သွားစေချင်ရင် သားထွက်သွားပေးပါ့မယ်"
ထို့နောက် အမေ့အားနောက်ဆူံးအနေနဲ့ ကန်တော့ခဲ့ပြီး အထုတ်အပိုးပြင်ကာ အိမ်ကနေ ထွက်လာခဲ့လိုက်သည်သူ့အနာဂတ်ကြီးက ခုတော့ နေမင်းမရှိတယ့် ကမ္ဘာကြီးသကဲ့သို့ မှောင်မိုက်နေလေပြီ။
_______________________
Jungkookဆေးရုံဆင်းတယ့်အထိ သူတစ်ရက်မပျက် jungkookရှီကို တိတ်တဆိတ်သွားကြည့်ခဲ့တယ်
Jungkookသတိရလာတယ့်နေ့ကဆိုသူပျော်လွန်းလို့ မျက်ရည်တောင်ကျခဲ့ရတယ်
Jungkookအခန်းပြင်ထွက်လာရင်လည်း တစ်နေရာရာမှာ အပြေးပုန်းခဲ့ရတာ အမော။၁ပတ်လောက်ကြာတော့jungkookက ဆေးရုံကနေဆင်းခဲ့သည်
သူအခုရောက်ရှိနေသည်ကjungkookရယ့်အိမ်အရှေ့
တစ်နည်းအားဖြင့် ပိုင်ဆိုင်ခွင့်မရှိတယ့်လူသားငယ်ရယ့် အိမ်အပေါ်ထပ် ၀ရန်တာမှာ ရပ်နေသည့်jungkookကိုသူ ငေးစိုက်ကြည့်နေမိသည်
Jungkookသူ့ကိုမြင်သွားတာတောင်သတိမပြုမိဘဲ မျက်ရည်တွေနဲ့သာ ငေးစိုက်ကြည့်နေမိခဲ့တာ
လေပေါ်မှာ ဝှေ့ယမ်းလာတယ့် လက်တစ်စုံကြောင့် သူသတိပြုခဲ့မိပြီး jungkookဟာ သူ့ကို နားမလည်စွာ ကြည့်နေခဲ့သည်