"Taehyung မင်းပြောစရာရှိတယ်ဆို"
"ဟုတ်ပါတယ် ကျောင်းအုပ်ကြီး ကျွန်တော်အလုပ်ထွက်ချင်လို့ပါ"
"ခုမှအလုပ်စ၀င်တာကိုဘာတွေအဆင်မပြေတာရှိလို့လဲTaehyung"
"အဆင်မပြေတာ မဟုတ်ပါဘူး ကျွန်တော်ခဏအနားယူချင်လို့ပါ ပြီးတော့ ကျွန်တော့်မွေးရပ်မြေမှာပဲ အေးအေးချမ်းချမ်းလေးနေသွားချင်လို့ပါ"
"Taehyungက တကယ်ဆုံးဖြတ်ချက်ချထားတယ့်ပုံစံမို့ဦးလေး မတားတော့ပါဘူး တကယ်လို့ ပြန်လာချင်တယ်ဆိုရင် အချိန်မရွေး ကြိုဆိုနေပါတယ်Taehyung"
"ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါအုန်း"
ကျောင်းအုပ်ကြီးကအလုပ်ထွက်စာမှာ လက်မှတ်ထိုးပေးလိုက်ပြီး သူဟာလဲ ဆရာKim Taehyung အဖြစ်မှ လွတ်မြောက်လာခဲ့ပြီ
ကလေးတွေကို စာသင်ပေးရတာကို သူပျော်မွေ့ခဲ့ပေမယ့် ခုချိန်မှာတော့ သူစိတ်ကို အနားပေးဖို့လိုအပ်သည်ခွင့်ယူရအောင်လည်း ပြန်လာတယ့်အချိန်ကျရင် မောင်နဲ့တွေ့ဆုံခဲ့တယ့်ဒီနေရာကို အခြေချဖို့က သူ့အတွက် မဖြစ်နိုင်တော့ပါ
ကျောင်းသားတွေကလည်း ပစ္စည်းတွေသိမ်းနေတယ့် သူ့အနားကို အပြေးအလွှားလာနှုတ်ဆက်ကြသည်
ကျွန်တော်ငိုခဲ့မိပါသည် ဒီကျောင်းကိုရောက်လာတာ ခဏပဲရှိသေးပေမယ့်
အမှတ်တရတွေကတော့ အများကြီးပဲမလားကျောင်းသားတွေအကုန်လာနှုတ်ဆက်ကြပေမယ့် Yoongiကတော့ သူ့ကိုကျောခိုင်းကာထွက်ခွာသွားခဲ့သည်
ဒါပေမယ့်
"Min Yoongi.."
Yoongiက မျက်ခုံးတွေတွန့်ချိုးကာ ဘာလဲဆိုသည့်သဘောနှင့် မေးငေါ့ပြသည်
"Jungkook...ဘယ်တော့သွားမှာတယ့်လဲ ငါ့ကိုပြောပြလို့ရနိုင်မလား ကျေးဇူးပြုပြီး"
"ဒီနေ့ညနေ သွားတွေ့မလို့တော့မဟုတ်ဘူးမလား ခင်ဗျားသွားတွေ့ရဲတယ့်သတ္တိရောရှိလို့လား ခင်ဗျားကြောင့် သူသေမလိုဖြစ်ခဲ့တာနော်"