သူ kookieကိုဖုန်းတွေအကြိမ်ကြိမ်ဆက်ခဲ့ပေမယ့် မကိုင်တယ့်အပြင်ဖုန်းကိုပါ စက်ပိတ်လိုက်တာမို့ သူရင်ထဲ တကယ်ပူလောင်နေပြီ
သူ့အမှားပါ...ဒီလိုတွေဖြစ်လာရတာသူ့အမှား သူမောင်နဲ့မခွဲချင်ဘူး..သူမောင့်ကိုချစ်တယ်...
မောင်သူ့ကိုနားကြည်းသွားလောက်မလား..ခါးခါးသီးသီးဖြစ်သွားလောက်မလား
တွေးကြည့်ရုံနဲ့တင် ရင်ဘတ်ထဲက အောင့်လာပြီး မျက်ရည်တွေဟာလဲ နာကျင်မှုတွေနဲ့ အတူပါးပြင်ပေါ်ကျဆင်းလာခဲ့သည်
"တောင်းပန်ပါတယ် မောင်"
စက်ပိတ်ထားတယ့် ဖုန်းကိုသာ သူအကြိမ်ကြိမ်ဆက်နေခဲ့မိသည်
ဘယ်လောက်ပဲ ဆက်နေခဲ့ပါစေ တစ်ဖက်က မောင်ကတော့မကိုင်ခဲ့ပါ။Ring Ring
ဖုန်းမြည်သံကြောင့် သူ၀မ်းသာစွာနဲ့ကိုင်လိုက်ပေမယ့် သူမျှော်လင့်ထားတယ့်သူမဟုတ်ခဲ့ဘူး
"Hello...Yunjoon"
"ညီမပြန်ရောက်ပြီ oppaရော အိမ်ပြန်ရောက်ပြီလား"
"အော.."
"Oppaအသံကတစ်မျိုးပဲ နေမကောင်းဘူးလား"
"မ..မဟုတ်ပါဘူး အကိုအရေးကြီးကိစ္စလေးရှိလို့ ဒါပဲနော်"
တီ..တီ
သူအခုဘာဆက်လုပ်သင့်လဲ..ommaကိုသာ သူပြောပြလိုက်ရင်ရော.. သူ့အတွက်က ကိစ္စမရှိပေမယ့် မောင့်အတွက်တော့မကောင်းဘူးလေ
မောင်က ကဲ့ရဲ့ရှုံ့ချမှုတွေနဲ့မထိုက်တန်ဘူး...
တကယ်လို့...တကယ်လို့ မောင့်ကိုမရွေးချယ်ခဲ့ရင် မောင်နားလည်ပေးနိုင်ပါ့လား..?မောင်သူ့ကို နာကြည်းသွားမလား...မောင်ကရောသူမဟုတ်ဘဲ လှပတယ့်မိန်းကလေးတစ်ယောက်ကိုရွေးချယ်သွားမလား..?__________________
"ဟျောင့် jeon jungkook!မင်းသတိလေးကပ်စမ်းပါ"
"Yoongi hyung...ကျွန်တော်လေ..ရွှတ် အရမ်းခံစားရတယ်.. ဒီရင်ဘတ်ထဲက ဆစ်ကနဲ ဆစ်ကနဲ အရမ်း..နာကျင်ရတာပဲ"
ကလေးတစ်ယောက်လိုအော်ရှိုက်ကာ ငိုနေတယ့်jungkook ကိုသူမကြည့်နိုင်တော့ဘဲ ဆွဲဖက်လိုက်တော့ ခိုလှုံရာရသွားတယ့်ကလေးတစ်ယောက်လို ပိုတိုးလို့သာငိုတော့သည်