Part 28

721 51 2
                                    

Unicode

"သိပ်လွမ်းနေခဲ့တာ မောင်သိပ်လွမ်းနေခဲ့တာ..."

Jungkook  အရင်ကလို ပန်းရောင်သန်းမနေဘဲ အနည်းငယ် ဖြူပြာပြာဖြစ်နေတယ့် နှုတ်ခမ်းလေးကို အနမ်းခြွေလိုက်တော့
ခြောက်သွေ့နေရာက အနည်းငယ်စိုစွတ်သွားသည်

ချစ်ရသူကတော့ မျက်လုံးလေးဝိုင်းကာသာ စိုက်ကြည့်နေခဲ့သည်

‌မျက်ခမ်းစပ်က မျက်ရည်စလေးတွေကိုခပ်ဖွဖွသုတ်ကာ မျက်ခွံလေးတွေကို အနမ်းခြွေလိုက်ပါသည်

"Jungkook..."

"ဟုတ်တယ် Jungkookပါ"

Taehyung နီးကပ်စွာမြင်နေရတယ့် မျက်နှာချောချောကို လက်ဖဝါးနှစ်ဖက်နဲ့ မယုံနိုင်စွာ ကိုင်ကြည့်မိသည်

သူ့အိပ်မက်ထဲက ကောင်လေးပါပဲ..

"လေ့ကျင့်ဖို့ အချိန်ရောက်ပါပြီ Kim Taehyung Shii"

Nurse တစ်ယောက်က တံခါးရှေ့ကနေ အသံပေးလာတာကြောင့် Taehyung တို့ ကိုယ်ချင်းခွာလိုက်သည်

Mrs.Kim ကလည်းဝင်လာပြီး  Taehyung အတွက် ဝှီးချဲကိုယူလာပေးကာ Taehyung အားထိုင်စေပြီး ဝှီးချဲကိုတွန်းမယ်အလုပ်

"ကျွန်တော် လုပ်ပရစေ အန်တီ.."

ငြိမ်သက်နေရာမှ မဝံ့မရဲ ထွက်လာတယ့် Jungkook ရယ့် အသံခပ်တိုးတိုး

Mrs.Kim ငြင်းမယ်ထင်ခဲ့ပေမယ့် Taehyung ရယ့် နောက်ကနေ ဖယ်ပေးရင်း Jungkook အား အပြုံးနဲ့ပဲ တုန့်ပြန်လာတာကြောင့် Jungkook ဟာ ယုန်သွားလေးတွေပေါ်သည်အထိ ပြုံးမိသည်

"အဲ့ဒါဆို အန်တီ စိတ်ချမယ်နော် အခန်းရှေ့မှာ သူနာပြုရှိတယ် သူခေါ်သွားလိမ့်မယ် အန်တီ အိမ်ခဏပြန်လိုက်အုန်းမယ် Taehyungie.."

"ဟုတ်.."

"သေချာလေ့ကျင့်နော် ဖိုက်တင်းနော် သား"

အမေဟာ လက်သီးစုပ်လေးနဲ့ ဟန်ပန်ဖြင့်ပြကာ ပွေ့ဖက်လာတာကြောင့် Taehyung ဟာလဲ ပြန်လည်ထွေးပွေ့လိုက်သည်

အမေ့ရင်ခွင်ဟာ ဘာ‌ေတွပဲ‌ဖြစ်နေပါစေ တကယ်နွေးထွေးပါတယ်

"အမေသွားပြီနော်"

"ဂရုစိုက်သွားနော်"

"ဟုတ်ပါပြီကွယ်"

Mrs.Kimဟာ Taehyung နဲ့ Jungkook ကို အပြုံးနဲ့နှုတ်ဆက်ကာ ထွက်ခွာသွားသည်

Love between US♡{Completed ✓}Where stories live. Discover now