"အဲ့တာကYoongiလေ အဲ့ကောင်နဲ့ ရှုံးတယ့်သူကိုနိုင်တယ့်သူကကုတ်ကြေးဆော့တာလေ အဲ့ဒါသားရှုံးလို့ အကုတ်ခံလိုက်ရတာ"
"သားတို့က ကလေးမဟုတ်သူငယ်မဟုတ် ကြံကြံဖန်ဖန်တွေဆော့ရလားကွယ်
အမေ့မှာတော့စိတ်ပူသွားတာပဲ "*ဟူးးးတော်သေးတာပေါ့ လူမိတော့မလို့*
"အကျီတွေ၀တ်ရတာအဆင်ပြေတယ်မလားသား"
"ဟုတ်ပြေတယ် အကုန်ကွက်တိပဲ"
"အဲ့ဒါဆို သားနားတော့လေ မနေ့ကလဲ အိပ်ခဲ့တယ့်ရုပ်မဟုတ်ဘူး မျက်တွင်းတွေနက်နေရောပဲ"
"စာမေးပွဲပြီးတော့အပျော်လွန်သွားတာ"
"အမယ်လေး မင်းတို့ကိုတော့တကယ်မနိုင်ဘူး သွားအိပ်ချည် အမေတို့လဲ
အလုပ်ကိစ္စသွားစရာရှိလို့သွားလိုက်အုန်းမယ် ဘာမှာဦးမလဲ""ဒီတိုင်း သားသောက်ဖို့banana milkရယ်,မုန့်လေးနဲနဲရယ်ပဲ၀ယ်လာခဲ့ပေး"
"ဟုတ်ပါပြီရှင် သခင်လေးအလိုကျ၀ယ်လာခဲ့ပါမယ်"
"ကျေးဇူးပါommaအဲ့ဒါဆို သားအိပ်ပြီနော်"
"မအိပ်ဘဲဂိမ်းဆော့မနေနဲ့"
Jungkookအခန်းထဲ၀င်လာလိုက်ပြီး ချက်ချင်းပဲမွေ့ယာပေါ် မှောက်ချလိုက်ကာမှေးစင်းနေတယ့် မျက်လုံးတွေကို အနားပေးရန်မျက်၀န်းတစ်စုံကိုမှိတ်ချလိုက်ရင်းအိပ်ရန်ကြိုးစားလိုက်သည်
နေဦး ကလေးငယ်ကိုဖုန်းမဆက်ရသေးဘူး
အိတ်ကပ်ထဲကဖုန်းကိုထုတ်လိုက်ကာ ဖုန်းဆက်ရန်နံပါတ်1ကိုနှိပ်လိုက်တော့
မြင်လိုက်ရတယ့်နာမည်လေးကြောင့် မျက်၀န်းတွေဟာနူးညံ့သွားပြီး မဆိုင်းမတွပင် ခေါ်ဆိုလိုက်သည်"Hello..'
"အိမ်ရောက်နေပြီလား"
"အွန်း ခုလေးတင်ရောက်လို့ အ၀တ်အစားတွေသိမ်းနေတာ မောင်...မောင်ရော ဘာလုပ်နေလဲ"
"မောင်က အိပ်တော့မလို့ ကလေးငယ်"
'အဲ့တာဆိုလဲ အိပ်တော့လေ အိပ်ရေးပျက်ခဲ့တယ်မလား အဟမ်း"