Unicode
"မင်း အပေါ်မှာအိပ် ငါအောက်မှာအိပ်လိုက်မယ်"
"ဟာ..ဘာလို့လဲ အတူတူအိပ်လဲဖြစ်တာပဲလေ ခါတိုင်းလဲ အိပ်နေကြပဲမလား"
"ငါအရက်နံ့မခံနိုင်ဘူး"
"ဟုတ်လား အဲ့ဒါဆိုကျတော်ရေချိုးလိုက်မယ်လေနော်"
"ရတယ်ရတယ် ငါ့ဘာငါအောက်မှာအိပ်လိုက်မယ် မိုးအေးနေတယ် ဖျားလိမ့်မယ်"
"ဆရာက ကျတော့်ကိုစိတ်ပူတယ်ပေါ့"
"ကိုယ့်တပည့်ပဲ စိတ်ပူရတာပေါ့"
"ဆရာက တကယ်ခက်တယ်ဗျာ အဲ့ဒါဆို..သွားတိုက်တံအပိုရှိလား"
"ရှိတယ် အံဆွဲထဲမှာ"
"ယူသုံးမယ်နော် နောက်နေ့ကျပြန်၀ယ်ပေးမယ်"
"ရတယ် မလိုဘူး"
ရေချိုးခန်းထဲ၀င်သွားတယ့်jungkook
သွားတိုက်ဖို့၀င်သွားတယ် ထင်ခဲ့ပေမယ့် ရေဗန်းက ရေကျသံပါကြားရတာကြောင့် ရေပါချိုးမှန်းသိလိုက်ရသည်"ဒီကောင်လေး ဘယ်တော့မှ စကားနားမထောင်ဘူး"
*Ring Ring*
ထမြည်လာတယ့်jungkookဖုန်းကြောင့်ကြည့်လိုက်တော့ သူ့အမေဖြစ်နေတာမို့ taehyung လဲပြသာနာမရှိလောက်ဘူးဆိုပြီးကိုင်လိုက်မိသည်
"Jungkookieရေ သားဘယ်ရောက်နေလဲ"
"Helloအန်တီ ကျတော်Kim taehyungပါ"
"အော်taehyungieလေးလား အန်တီ့သားကအဲ့မှာရောက်နေတာလား"
"ဟုတ်တယ်ခမျ ဒီညမိုးတွေသဲနေတော့ သူတိူ့ဒီညဒီမှာဘဲအိပ်မယ်ပြောတယ်ဗျ သူ့သူငယ်ချင်းYoongiလဲပါပါတယ်ဗျ"
"အော်..သိပါပြီနော် သားလေးတို့ကိုဒီလိုခေါ်ပေးထားလို့ တကယ်ကျေးဇူးတင်ပါတယ်ရှင်"
"ရပါတယ်ဗျာ..အဲ့ဒါဆိုပြောစရာမရှိရင်ဖုန်းချပြီနော် အန်တီ"
"အော် ဟုတ်ပြီ သား"
"သားကဘယ်ရောက်နေတာလဲ မိန်းမ"
"အမယ်လေးတော် ရှင့်သားအကြောင်းမပြောချင်ဘူး တစ်လှမ်းနှစ်လှမ်းပဲ လျှောက်ရတာကို မိုးသဲလို့ညပြန်မအိပ်တော့ဘူးတယ့်"