Jungkook လမ်းတစ်ဝက်မှာတင် မိခင်ဖြစ်သူဖုန်းဆက်လာတာကြောင့် ဆေးရုံမသွားဖြစ်ဘဲ အိမ်သို့သာ လှည့်ဝင်ခဲ့ရသည်
"သား..တစ်ညလုံးဘယ်ရောက်နေတာလဲ Loyal ကိုမေးတော့လဲ သားပြန်လာမှ မေးဆိုလို့လေ"
"Omma..."
သူမကိုကြည့်လာတယ့် သားဖြစ်သူရဲ့ မျက်ဝန်းတွေဟာ နာကျင်နေဟန်
နီရဲနေတယ့် မျက်ခမ်းစပ်တွေဟာ မျက်ရည်စတွေကို မကျမိအောင် ထိန်းထားရတာ ဘယ်လောက်တောင် နေရခက်စေလိုက်မလဲ။သားဖြစ်သူဆီအပြေးသွားမိတော့ အမေဖြစ်သူကို ဖက်ကာ ငိုကြွေးတော့သည်။
"သားကို သူမုန်းသွားပြီလား မသိဘူး"
သားဖြစ်သူဆီက ထွက်ပေါ်လာတဲ့ စကား
သူမရင်ထဲ တုန်လှုပ်သွားရသည်တုန်ယင်နေတဲ့ ကျောပြင်ကြီးကို ဖက်ပွေ့လိုက်တော့ ခိုလှုံရာရသွားတဲ့ ငှက်လေးတစ်ကောင်လို။
///////
Jungkook ရှုပ်ထွေးနေတဲ့စိတ်အစုံနဲ့ အိမ်ထဲကို ဝင်လာခဲ့တော့ ဧည့်ခန်းထဲမှာ အမေကထိုင်နေသည်
"သား..တစ်ညလုံးဘယ်ရောက်နေတာလဲ Loyal ကိုမေးတော့လဲ သားပြန်လာမှ မေးဆိုလို့လေ"
သူ့ဘက်ကိုလှည့်လာပြီး မေးလာတဲ့ အမေ့မျက်ဝန်းတွေကို သူစိုက်မကြည့်ရဲခဲ့ပါ။
စပ်ဖျင်းနေတဲ့ မျက်စိကြောင့် နီရဲနေမှာ မှန်ထဲကို သွားကြည့်စရာတောင်မလိုပါ
Jungkook အမေ့ရဲ့ မျက်ဝန်းတွေကို ရှောင်ရင်းသာ အဖြေပေးလိုက်သည်
ဒါပေမယ့် အမေသူ့နားကို ရောက်လာတဲ့အချိန်မှာ သူရဲ့စိတ်အစုံဟာ တင်းခံနိုင်စွမ်းမရှိတော့ပါဘိ။
"သားကို သူမုန်းသွားပြီလား မသိဘူး"
လွတ်ထွက်သွားတဲ့ စိတ်အစုံနဲ့အတူ ပါးစပ်ဖျားကနေ သူပင်မသိလိုက်စွာ ထွက်ပေါ်သွားတယ့်စကားတစ်ခွန်း။
မျက်ရည်စတွေဟာလဲ သူ့ရဲ့ခွင့်ပြုချက်မဲ့စွာ ပါးပြင်ပေါ်ကို ကြွေဆင်းလာသည်။
အမေ့ရင်ခွင်ထဲမှာ အတန်ကြာ ငိုကြွေးနေမိသည်မှာ တိတ်ဆိတ်နေသည့်အမေ့ရဲ့ စကားသံကြားမှ သတိထားမိခဲ့သည်