လေးငါးရက်လောက်ကြာတော့
မောင့်ဆီက ဖုန်းဆက်လာသည်
သူအမှန်တကယ် ပျော်ခဲ့ပါသည် သို့သော် ထိုအပျော်ဟာ ခဏတာသာဖြစ်ခဲ့သည်"ဟယ်လို...မောင်"
"ဟိုလေဗျ ဒီဖုန်းပိုင်ရှင်ကလေ ဆိုင်မှာမူးပြီး သောင်းကျန်းနေပါတယ်ဗျ
ခုတော့ ခဏငြိမ်ကျသွားပေမယ့် ထပ်ပြီး ဆိုးလာမှာ ဆိုးလို့လေ အဲ့ဒါလာခေါ်ပေးနိုင်မလားဗျ""ဟုတ်ကဲ့ ဘယ်နေရာလဲဟင် ကျွန်တော်လာခေါ်ပါ့မယ်"
"Karo Barပါဗျ"
"ဟုတ်ကဲ့ ကျွန်တော်ခုချက်ချင်းထွက်လာခဲ့ပါ့မယ်"
စိုးရိမ်တကြီး ထွက်လာခဲ့လိုက်သည်
မောင်ထိခိုက်မိမှာစိုးသည် တစ်ယောက်ယောက်နဲ့ရန်ဖြစ်ခဲ့ရင်ဆိုတယ့် စိတ်က လွှမ်းမိုးနေပြီး မီးနီတွေကိုတောင်ဂရုမစိုက်ဘဲ မောင့်ဆီကိုသာ ဦးတည်နေခဲ့သည်"ကျွန်တော် လာခေါ်တာပါဗျ"
"ဟုတ်ကဲ့ ဒီဘက်မှာပါဗျ"
"ဟုတ် ကျေးဇူးပါနော် ကျွန်တော်ကပဲကိုယ်စားတောင်းပန်ပါတယ်"
"မလိုပါဘူး သူမူးရူးပြီး အော်ဟစ်ပြောနေခဲ့တာ ခွက်တွေပုလင်းတွေကို ရိုက်ခွဲနေပုံထောက်ရင် စိတ်ညစ်နေတယ့်ပုံပါပဲ ဂရုစိုက်လိုက်ပါအုန်း"
"ဟုတ်ကဲ့ ကျွန်တော်တို့ကိုခွင့်ပြုပါဦး"
"ကောင်းပါပြီ"
____________
"Baby...."
မောင့်အား ကုတင်ပေါ်ချပေးပြီး စောင်ခြုံပေးနေတုန်း မောင့်ဆီက ထွက်ပေါ်လာတယ့် နာမ်စားတစ်ခု...
"ကို လွမ်းနေခဲ့တာ"
မောင့်က သူ့လက်အားဆွဲချကာ အနမ်းတွေပေးသည်
သူမောင့်အနမ်းကို အရမ်းသဘောကျခဲ့ပေမယ့် ခုလိုသူတစ်ပါးနဲ့ မှားပြီးပေးတယ့်အနမ်းကိုတော့ သူမုန်းတီးပါသည်သူတွန်းထုတ်ခဲ့ပေမယ့် မောင်ဟာ "Baby" ဆိုတယ့်နာမ်စားကိုသာ ထပ်တလဲလဲဆိုကာ အနမ်းတွေကိုသာ ပေးနေခဲ့သည်