လူနာကုတင်ပေါ်မှာ မှန်ပြတင်းပေါက်ကနေတစ်ဆင့် မြင်နေရတယ့်အုံမှိုင်းမှိုင်းကောင်းကင်ကိုကြည့်ရင်းJungkookနွမ်းလျစွာမလှုပ်မယှက် အချိန်အတော်တန်ကြာ ထိုင်နေမိသည်။
ညာဘက်လက်က အမာရွတ်အားတစ်ချက်ကြည့်လိုက်ရင်း အမည်ဖော်ရခက်တယ့် အပြုံးဟာဖြစ်ပေါ်လာသည်
"သေမင်းရယ်...မင်းငါ့ကိုဘာလို့တစ်ခါတည်းခေါ်မသွားခဲ့ရတာလဲ"
သူကောင်းကင်ကိုကြည့်ရင်း တိတ်တဆိတ်ရေရွတ်မိသည်အုံ့မှိုင်းနေတယ့် ကောင်းကင်မှာ မဲမှောင်နေတယ့်တိမ်စိုင်တွေဟာအုံ့ဆိုင်းလာပြီး မိုးစက်မိုးပေါက်တွေဟာ ပြတင်းပေါက်ပေါ်ကို တဖျောက်ဖျောက်နဲ့ပက်ဖျန်းလာသည်
ကြားလိုက်ရတယ့် တံခါးဖွင့်သံကြောင့် လှည့်ကြည့်လိုက်တော့Yoongiက
လိမ္မော်သီးအထုပ်ကြီးနဲ့ သူ့ဆီကိုလျှောက်လာသည်"တော်သေးတယ် ငါမိုးမစိုတာ"
"..."
"Jungkook မင်းဒီလို ညှိုးမှိုင်နေလဲ အခြေအနေတွေကပြောင်းလဲလာမှာမဟုတ်ဘူး အဲ့ဒါမင်းသိလား..ပျော်ပျော်သာနေစမ်းပါ မင်းမျက်နှာလဲမင်းပြန်ကြည့် ဖြူဖတ်ဖြူရော်နဲ့ မျက်တွင်းဆိုလဲ နက်နေရော ဒါက ငါ့ရယ့်ကိုက်ဖော်ကိုက်ဖက်Jeon Jungkookတယ့်လား"
"မင်းက ငါ့ဆီ ထိုင်ပွားနေဖို့ လာခဲ့တာလား"
"မပွားချင်ပေမယ့် ငါကအကြီးဆိုတော့ မင်းကိုလမ်းမှားမရောက်ဖို့ဆုံးမပေးရမယ့်တာ၀န်ရှိတယ်"
"Park Jiminရည်းစားရနေပြီတယ့်"
"ဘာ! တကယ်လား ဘယ်သူလဲ ဘယ်ကလဲ မင်းကဘယ်လိုသိလဲ"
"မင်းတောင် မင်းချစ်ရတယ့်သူအကြောင်းပြောရင် ဒီလိုတွေစိတ်ပူတယ်မလား
ငါ့နေရာ၀င်ခံစားကြည့်လေ ငါ့ရှေ့မှာတောင် တခြားသူကို သဘောကျပါတယ်ဆိုပြီး ၀န်ခံသွားတာ""Jungkook.."
"မင်းသိလားYoongi..ငါလေခုအချိန်မှာ လွတ်လမ်းမရှိတယ့် တောနက်ထဲရောက်သွားသလိုပဲ..မှောင်မဲနေတယ့် ငါ့ဘ၀ကြီးမှာ ငါ့ကိုအလင်းရောင်တွေပေးခဲ့ဖူးတယ့်သူကလဲ အခုတော့ တစ်ခြားတစ်ယောက်ရယ့်ရင်ခွင်မှာ ခိုးနားနေပြီလေ..."