Taehyung ဆီးကျဉ်မှုကြောင့် နိုးလာခဲ့သည်။
စားပွဲပေါ်က နာရီလေးအား လှမ်းကြည့်လိုက်မိတော့ ည 10နာရီခွဲပင်ရှိပြီ။အနီးအနားကို ကြည့်လိုက်တော့ လူတစ်ယောက်ရဲ့အရိပ်အယောင်ကိုမတွေ့မိပါ။
အနည်းငယ်လှုပ်လိုက်တာနှင့် ဆီးအိမ်က ကျဉ်တက်လာတာကြောင့် Taehyung ဘာလုပ်ရမှန်းမသိပါ။
"ပေါက်ချမိတော့မှာပဲ.."
မျက်နှာလှလှလေးဟာလဲရဲတက်လာပြီး
ရှိုက်သံသဲ့သဲ့ဟာလဲ ထွက်ပေါ်လာသည်။"ထယ်..နိုးနေတာလား"
ငိုချမိမတတ် အခြေအနေမှာ တံခါးဖွင့်သံနှင့်အတူ သူမျှော်လင့်နေခဲ့တဲ့လူသား၏ အသံ။
"Jungkook...ဟင့်"
Jungkook တစ်ယောက် အပြင်မှာ Loyal ရဲ့ ယောက်ဖ ဆိုပြီး စနောက်မှုကြောင့် စိတ်ဆိုးရန်ဖြစ်ေနတာနှင့်အချိန်တော်တော်ကြာသွားပြီး 10နာရီပင်ခွဲသွားသည့်အထိပင်။
အခန်းထဲဝင်လာတော့ သူ့ကိုကျောပေးထားတဲ့ ကိုယ်လုံးသေးသေးလေးက အငြိမ်မနေဘဲ ဟိုလှုပ်ဒီလှုပ်ဖြစ်နေတာကြောင့် Jungkook အမေးထုတ်လိုက်တဲ့အချိန်မှာ သူ့ဘက်ကို လှည့်မကြည့်လာပဲ ငိုသံလေးစွက်ကာ ခေါ်ဆိုလာသည်မို့ Jungkook စိုးရိမ်တကြီး မုန့်ထုပ်အား ဆိုဖာပေါ်ပစ်တင်ကာကုတင်ဘေးနားကို ခပ်သုတ်သုတ်သွားလိုက်သည်
"ထယ်! ဘာဖြစ်လို့လဲ ဘာလို့ငိုနေတာလဲ"
ထယ်ရဲ့ လက်မောင်းသေးသေးလေးကို ခပ်ဖွဖွ လှုပ်ရင်း မေးမြန်းကြည့်လိုက်တော့ ဆီးအိမ်ရှိတယ့် ဝမ်းဗိုက်တစ်နေရာကို လက်နဲ့ဖိကာ ငိုမဲ့မဲ့ ဖြစ်နေတဲ့ Taehyung ရဲ့ပုံစံကြောင့် Jungkook သဘောပေါက်သွားပြီး နေရခက်နေတဲ့ ခန္ဓာကိုယ်လေးအား အမြန်ပွေ့ချီလိုက်ကာ
"မငိုနဲ့ မောင်ရှိတယ်..."
"အဆင်ပြေတယ်မလား"
"ဟုတ်.."
လမ်းလျှောက်ဖို့အဆင်မပြေသေးသည့် Taehyung ကို Jungkook ကပဲ အစစအရာရာလုပ်ကိုင်ပေးသည်။
ရေချိုးလျှင်တောင် ဘယ်လောက်ပဲ ငြင်းဆန်နေပါစေ "မောင်စိတ်မချပါဘူး" ဆိုတဲ့စကားတစ်ခွန်းသာပြောပြီး သူကိုယ်တိုင်ပင် Taehyung ရဲ့ ဝေယျာဝေစ္စတွေအားလုံးကို ဒိုင်ခံလုပ်ပေးသည်။