>> Unicode <<
~~~~~~~~~~~~" အဝတ်စားတွေ ဖားဥစွဲမယ် " ဆိုတဲ့ မေမေ့အသံကိုကြားပါလျက်နှင့် မိုးစက်တွေအောက် သံလွင်တိုးဝင်လာခဲ့သည်။ စက်ဘီးဝယ်ပေးဖို့ အချိန်ဆွဲနေတဲ့မေမေ့ထံသို့ ဒါဟာ သံလွင့်ရဲ့တစ်ကိုယ်ရည်ဆန္ဒပြမှုသာဆိုရမည်။
မိုးရေထဲ ဘောလုံးကန်နေကြတဲ့ကလေးတစ်အုပ်က သံလွင့်ကိုမြင်တော့ အားပါးတရကြိုဆိုကြ၏။ သည်းထန်စွာရွာချတဲ့မိုးစက်တွေအောက်က တစ်နိုင်တစ်ပိုင်ဘောလုံးပွဲလေး။ ငယ်စဥ်ကတည်းက မိုးရေထဲကစားရတာကြိုက်တဲ့သံလွင့်အဖို့တော့ ငြင်းစရာအကြောင်းမရှိပေ။
မိုးက တဖြည်းဖြည်းပိုသည်းလာလေ ကစားရတာအရှိန်တက်လာလေမို့ အချိန်တွေလည်းကုန်မှန်းမသိ ကုန်သွားခဲ့၏။ ပွဲချိန်ဆိုတာမရှိ၊ ဒိုင်လူကြီးဆိုတာမရှိတဲ့ကစားပွဲလေးက ကစားသမားတွေ ခိုက်ခိုက်တုန်အောင်ချမ်းလာမှ အဆုံးသတ်တာမျိုး။
" မနက်ဖြန်ထပ်ကန်မှာနော် ကိုကြီးသံလွင် "
" အေးပါ လာခဲ့မယ် "
ကိုယ်စီလမ်းခွဲသွားကြရင်း အချိန်းအချက်ပြုကြသည်။ သံလွင်ကတော့ အစ်မဖြစ်သူကိုကြိုရန် အိမ်နှင့်ဆန့်ကျင်ဘက်ကို စက်ဘီးနင်းကာထွက်လာခဲ့၏။
ညနေငါးနာရီဝန်းကျင်အထိ မတိတ်သေးတဲ့မိုးက ပိုပြီးတောင်သည်းလာသယောင်ရှိသည်။ စက်ဘီးနင်းရင်း သံလွင့်ရဲ့ပုခုံးတွေ တဆတ်ဆတ်တုန်နေ၏။ စိမ့်နေအောင်အေးသည်။ မနက်ဖြန်ဆိုလျှင် သံလွင် အိပ်ရာထဲကထွက်နိုင်တော့မှာမဟုတ်။ မေမေ့ရဲ့ တဗျစ်ဗျစ်တောက်ဆူပူသံကိုလည်း ကြားရမှာမလွဲမသွေ။ ကိုယ့်ထိုက်နှင့်ကိုယ့်ကံ ခံရပေဦးမည်။
" လူပါးလာမဝနဲ့ကွ ငါ-ိုးမသား!! "
သံလွင့်ရဲ့မျက်လုံးများ ကျယ်သွား၏။ ဘယ်လောက်ပဲစပ်စုတတ်တဲ့အကျင့်စုတ်လေးရှိနေပါစေ အမူးသမားများရဲ့ရန်ပွဲတွေကို သံလွင်ရပ်ပြီးမကြည့်သလို၊ အနားလည်းမကပ်ရဲ။ တစ်ခါရပ်ကြည့်ဖူးလို့ အော်ဆဲခံရပြီးတည်းက သံလွင်လန့်သည်။ အခုတော့ ရန်ပွဲထဲပါနေသူဟာ တခြားလူမဟုတ်။
ဇက်..
လူသုံးယောက်ကြားမှာ ခြေတောင်မခိုင်တော့တဲ့ ဇက် ။ သူအရက်တွေမူးပြီး ရန်ဖြစ်နေတာများလား။
YOU ARE READING
𝑍 [ Completed ]
Short Story" အခုကစပြီး မင်းမှာ အိပ်မက်ဆိုးဆိုတာမရှိဘူး ငါကသာ မင်းရဲ့ တစ်ခုတည်းသောအိပ်မက်ဆိုးပဲ "